ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 02 း 58 PM

မြန်မာ-အိန္ဒိယနယ်စပ် တမူးနယ်စပ်ကုန်သွယ်ရေး စခန်းတွင် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွက် ကုန်သွယ်မှု ပမာဏ လျာထားချက်မှာ ပို့ကုန် ၁ ဒသမ ဝ၁၅ ဒေါ်လာသန်း၊ သွင်းကုန် ၁ ဒသမ ဝ၁၄ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂ ဒသမ ဝ၂၉ ဒေါ်လာသန်း ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပို့ကုန် ၁ ဒသမ ၁ဝ၈ ဒေါ်လာသန်း သွင်းကုန် သုညဒသမ ၉၈၂ ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ ၂ ဒသမ ဝ၉ဝ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ရာခိုင်နှုန်းအားဖြင့် ၁ဝ၃ ဒသမ ၁ဝ ရာခိုင်နှုန်း ရရှိ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ တမူးစခန်းမှာ အဓိကတင်ပို့တဲ့ ကုန်ပစ္စည်းများ ကတော့ ကွမ်းသီး၊ စီးကရက်နဲ့ ဒေသထွက် ပဲမိုျးစုံတို့ဖြစ်ပြီး သွင်းကုန်အနေနဲ့ကတော့ ဂုံျစေ့၊ ဂုံျမှုန့်၊ Betnovate-N၊ ပါတိတ်၊ ပုဆိုး စတာတွေ ဖြစ်ပါတယ်။ အိန္ဒိယနယ်စပ် တမူးစခန်းရဲ့ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ၂၂ ဒသမ ၁၄ဝ ဒေါ်လာသန်း လျာထားခဲ့ရာမှာ ၂ဝ၁၃ ခုနှစ် မတ်လ ၁ ရက်နေ့အထိ ပို့ကုန် ၁၅ ဒသမ ၄၉၇ ဒေါ်လာသန်း၊ သွင်းကုန် ၆ ဒသမ ၇၁ဝ ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ၂၂ ဒသမ ၂ဝ၇ ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဘဏ္ဍာနှစ် ကုန်ဆုံးဖို့ရက် ၃ဝ အလိုမှာပဲ လျာထားချက် ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ခဲ့ပြီးဖြစ်ပါတယ်။ ကျန်ရှိတဲ့ရက် (၃ဝ)မှာလည်း ကုန်သွယ်မှုတိုးတက်ဖို့အတွက် နယ်စပ် ကုန်သွယ်ရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကုန်သည်အသင်း၊ ပို့ကုန်/ သွင်းကုန် လုပ်ငန်းရှင် များနဲ့ ပေါင်းစပ်ညှိနှိုင်းကြိုးစား ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။

                                                                                                            အောင်ကျော်မိုး (တမူး)

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃  01 း 25 PM

စစ်တွေဒေသမှ အဓိကထွက်ရှိတဲ့ ရေငန်ပုစွန်အပြင် ငါးမြစ်ချင်းများကို ရန်ကုန်မှတဆင့် တင်ပို့ခြင်း မဟုတ်ဘဲ စစ်တွေမှ တင်ပို့နိုင်အောင် ကြိုးစား ဆောင်ရွက်လျက်ကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ငါးမြစ်ချင်းနဲ့ပတ်သတ်ပြီး သားဖောက် လုပ်ငန်းများ လုပ်ဖို့ စီစဉ်ထားပါကြောင်း အကြံပြုချက် အနေဖြင့် တရားမဝင် လမ်းကြောင်း တွေကို အဖွဲ့အစည်း များဖြင့် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ် ဆိုရင် ကုန်သွယ်မှုပိုင်း တက်လာ နိုင်တယ်လို့ ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယ ပြည်နယ်မှူး ဦးမြင့်သိန်းမှ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၂၇ ရက်နေ့မှာ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း အစည်းအဝေး ခန်းမမှာ ကျင်းပပြု လုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ များမကြာခင် ကာလမှာ အိန္ဒိယနိုင်ငံမှ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နံှမှု ကိုယ်စားလှယ် အဖွဲ့ဟာ စစ်တွေမြို့ကို လာရောက်ပြီး ဌာန ဆိုင်ရာများ၊ ကုန်သည် အသင်းအဖွဲ့ များနဲ့ Business Matching ပြုလုပ်မှာ ဖြစ်ပြီး အိန္ဒိယနိုင်ငံမှ ကောင်စစ် ဝန်ရုံးကိုလည်း မကြာမီ စစ်တွေမြို့မှာ လာရောက် ဖွင့်လှစ်တော့မယ်လို့ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်မှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မိမိတို့ ဒေသတွင်း ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ သာမက အိန္ဒိယနိုင်ငံသို့ ကုလားတန်မြစ် ကြောင်းမှ တဆင့် တိုက်ရိုက် ကုန်သွယ် နိုင်တော့မှာ ဖြစ်ပြီး ကုန်သည် လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှု နယ်ပယ် ကျယ်ပြန့် လာပြီး စီးပွားရေး ဝယ်လက်ကောင်း များအား ယှဉ်ပြိုင်၍ ရောင်းချ နိုင်တော့မှာ ဖြစ်တယ်လို့ ဒုတိယ ညွှန်ကြားရေးမှူးမှ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေး မှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

Sourceနကသ(စစ်တွေ)                                                                              ခင်မိုးသူ

အင်္ဂါနေ့  ၁၂ မတ်လ  ၂၀၁၃  11 း 00 AM

တစ်ဦးတည်းပိုင် ထုတ်ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်ကတ် ITC နဲ့ ကုန်သွယ် မှုများကို တမူး၊ မူဆယ်၊ မြဝတီနဲ့ တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်းများမှာ ဆောင်ရွက် နေပြီဖြစ်ပါတယ်။ စခန်း အလိုက်စတင် ထုတ်ပေးတဲ့ နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ လအလိုက် ITC နဲ့ ကုန်သွယ်မှု ပမာဏ ဆောင်ရွက်မှုကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက် ရပါတယ်။ တစ်လထက် တစ်လ တိုးတက်လာ လျက်ရှိတာ တွေ့ ရမှာဖြစ်ပါတယ် - .... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)








တန်ဖိုး - ကျပ်သန်း
စဉ် စခန်းအမည် ကုန်သွယ်မှုပမာဏ
ဖေဖော်ဝါရီလ ဇန်နဝါရီလ ဒီဇင်ဘာလ နိုဝင်ဘာလ
၂ဝ၁၃ ၂ဝ၁၃ ၂ဝ၁၂ ၂ဝ၁၂
တမူး ၁၄၂.ဝ၅၂ ၁၃၃.ဝ၅ဝ ၄၉.၂၃၂ -
မူဆယ် ၃၃.၁၈၉ ၉၇.၃၄၉ ၃၅.၆၇၆ -
မြဝတီ ၂၆.ဝ၂၆ - - -
တာချီလိတ် ၂၉.၃၆၈ - - -
  စုစုပေါင်း ၂၃ဝ.၆၃၅ ၂၃ဝ.၃၉၉ ၈၄.၉ဝ၈ -

စတင် ဆောင်ရွက်သည့် နိုဝင်ဘာလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အထိ စခန်းအလိုက် ITC ထုတ်ပေး မှုနဲ့ လုပ်ငန်း ဆောင်ရွက်မှု များကိုလည်း ဖော်ပြ ပေးလိုက်ရပါတယ် -










တန်ဖိုး - ကျပ်သန်း 
စဉ် စခန်းအမည် ITC လုပ်ငန်း စတင် ဆောင်ရွက်
သည့်နေ့
ITC ကဒ် အရေအတွက် လုပ်ငန်းဆောင်ရွက်မှု

ကုန်သွယ်မှု

ပမာဏ

ပို့ကုန် သွင်းကုန်
စောင်ရေ တန်ဖိုး စောင်ရေ တန်ဖိုး
တမူး ၂၁-၁၁-၂၀၁၂ ၆၆ ၂၅.၈၀၂ ၁၂၉ ၂၉၈.၅၃၂ ၃၂၄.၃၃၄
မူဆယ် ၁-၁၂-၂၀၁၂ ၁၃၈ - - ၉၄ ၁၆၆.၂၁၄ ၁၆၆.၂၁၄
မြဝတီ ၁-၁၂-၂၀၁၂ ၂၀ - - ၁၁ ၂၆.၀၂၆ ၂၆.၀၂၆
တာချီလိတ် ၁-၂-၂၀၁၂ ၂၁ - - ၁၂ ၂၉.၃၆၈ ၂၉.၃၆၈
  စုစုပေါင်း   ၂၄၅ ၂၅.၈၀၂ ၂၄၆ ၅၂၀.၁၄၀ ၅၄၅.၉၄

Source: နကသ (ဦး) မူဝါဒ  >> ပန်

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  03 း 45 PM

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ် နယ်စပ်မှ တစ်ဆင့် ဒေသထွက် လိမ္မော်သီး များအား ထိုင်းနိုင်ငံ သို့တင် ပို့လျက် ရှိပါတယ်။ ဒေသထွက် လိမ္မော်သီး များမှာ နိုဝင် ဘာလမှ ဖေဖော်ဝါရီလထိ ထွက်ရှိပါတယ်။ ဇန်နဝါရီလမှာ လိမ္မော်သီး ၅၈၁ တန် ကျော်၊ တန်ဖိုးကျပ် ၁ဝ၉ သန်း ကျော်ဖိုး တင်ပို့ ခဲ့ပြီး ဖေဖော်ဝါရီလမှာ လိမ္မော်သီး ၄၉၁ တန်ကျော်၊ တန်ဖိုးကျပ် ၉၂ သန်း ကျော် တင်ပို့ ခဲ့ပါတယ်။ ဖြောင့်ဖြူး ပျော်ရွှင ကုမ္ပဏီနဲ့ Eastern Agriculture ကုမ္ပဏီတို့ မှတင်ပို့ခ ဲ့ကြပါတယ်။ လိမ္မော်သီး အဓိက ထွက်ရှိတဲ့ ဒေသများမှာ တာချီလိတ်မြို့နယ်ရှိ ဖန်မင ်ကျေးရွာ၊ ဝမ်ကျောက် လုံကျေးရွာ၊ မိုင်းဆတ် မြို့နယ်ရှိ ဝမ်ဟုန် ကျေးရွာနဲ့ ကျိုင်းတုံ မြို့နယ်များမှ ဖြစ်ပါတယ်။ ထွက်ရှိတဲ့ လိမ္မော်သီး များကို ထိုင်းနိုင်ငံ မယ်ဆိုင် ဈေးကွက်သို့ ၁ ကီလိုဂရမ် လျှင် ၁၈၉ ကျပ်ဈေး (၁ တန်ကို ၁၈၉ဝဝဝ ကျပ်) နဲ့တင်ပို့ လျက်ရှိတယ် လို့သိရှိ ရပါတယ်။

Source: နကသ (တခလ)

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  03 း 35 PM

မိမိတို့ ရောင်းချမဲ့ ကုန်ပစ္စည်းများရဲ့ အရည်အသွေးနဲ့ ဈေးကွက် လိုအပ် ချက်ပေါ် မူတည်ပြီး Product, Price, Place & Promotion စတဲ့ 4P ကို အခြေခံပြီး ဈေးကွက် အသာစီး ရအောင် ဆောင်ရွက် ကြဖို့ ဖေဖော် ဝါရီလ ၂၇ ရက်နေ့ ၁၃းဝဝ ချိန်က ရခိုင် ပြည်နယ် စစ်တွေမြို့ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း အစည်းအဝေး ခန်းမမှာ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးမှာ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။  .... (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

 

မကြာခင် အိန္ဒိယနိုင်ငံ ဆိုင်ရာ ကောင်စစ် ဝန်ရုံးကို စစ်တွေမှာ လာရောက်ဖွင့်လှစ် တော့မှာ ဖြစ်တဲ့ အတွက် စစ်တွေ ဒေသရှိ ကုန်သည် လုပ်ငန်းရှင်များ အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ သာမက အိန္ဒိယနိုင်ငံ နဲ့လည်း ကုလားတန် မြစ်ကြောင်းမှ တဆင့် တိုက်ရိုက် ကုန်သွယ် နိုင်တော့မှာ ဖြစ်ပါတယ်။ ကုန်သွယ်မှု နယ်ပယ် ကျယ်ပြန့်လာပြီး စီးပွားရေး ဝယ်လက် ကောင်းများ အား ယှဉ်ပြိုင် ရောင်းချနိုင်တော့မှာ ဖြစ်သလို နည်းပညာနဲ့ ရင်းနှီး မြှုပ်နံှမှုများ၊ ကုန်သွယ်မှု အခွင့် အလန်းများ ရရှိတော့မှာ ဖြစ်လို့ 4 P ကို အခြေခံပြီး ဈေးကွက် အသာစီး ရရှိအောင် ဆောင်ရွက်ရေး ဦးရန်နိုင်မြင့်က တိုက်တွန်း ပြောကြား ခဲ့တယ်လို့ သတင်း ရရှိပါတယ်။

 MIRT (DOBT)

Pages