ကြာသပတေးနေ့ ၃၁ ဇန်နဝါရီလ ၂၀၁၃ 15:30 PM

မြန်မာနိုင်ငံ အရှေ့ မြောက် ဒေသမှာ ရှိတဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ပို့ကုန်ကို အဓိက တင်ပို့တဲ့ စခန်း ဖြစ်ပြီး၊ ပို့ကုန် ပစ္စည်းများမှာ ပြောင်း၊ ဆန် ၊ ရာဘာ ၊ ကြံတို့ အပြင် ရေထွက် ကုန်ပစ္စည်းများ ဖြစ်တဲ့ ဂဏန်း၊ ငါးရှဉ့် တို့ တင်ပို့လျှက် ရှိပါတယ်၊ ယခုအခါ တစ်ဖက် နိုင်ငံ ဈေးကွက် လိုအပ်ချက် အရ ကင်းမွန်ခြောက် (Dried Small Squit) ကိုလည်း အမယ်သစ် ပို့ကုန် အနေနဲ့ စတင် တင်ပို့ မယ်လို့ သိရပါတယ်။ ကုန်သည် လုပ်ငန်းရှင်များ အနေနှင့် လမ်းခရီး ကောင်းမွန်ခြင်း၊ အချိန် ကြန့်ကြာမှု မရှိခြင်း၊ မိမိ နိုင်ငံဘက်တွင် ဈေးကွက်ဖြစ် ပေါ်နေခြင်း စတဲ့ အားသားချက် များကြောင့် တစ်နှစ်ထက် တစ်နှစ် ကုန်သွယ်မှု ပိုမို တိုးတက် ဆောင်ရွက်နိုင် ခဲ့ကြောင်းလည်း သိရပါတယ်။

ယခုအခါ ပို့ကုန် အပြင် ပြည်တွင်း လိုအပ်သော သွင်းကုန် ပစ္စည်း များကိုလည်း ယခင်ကထက် ပိုမို တင်သွင်း လာကြောင်း၊ ဘဏ္ဍာနှစ် ဆန်းပိုင်တွင် သွင်းကုန် တန်ဖိုး (၁)လ ပျမ်းမျှ အမေရိကန် ဒေါ်လာ (၂)သိန်းကျော် ရှိခဲ့ရာမှ ဇန်နဝါရီ လတွင် သွင်းကုန် ဒေါ်လာ (၃.၅)သန်း ကျော်ဖိုးထိ ပိုမို တင်သွင်း လာကြောင်း၊ အများဆုံး သွင်းကုန် ပစ္စည်းများမှာ အချိုမှုန့်၊ စားသုံးဆီ၊ ပဲပုတ်ဆီ၊ ဓါတ်မြေသြဇာ၊ သွပ်နန်း ကြိုးခွေ၊ စက်ပစ္စည်းများ၊ ဖိနပ်နှင့် ဆံပင် ဆိုးဆေး တို့ဖြစ်ပြီး ဒေသခံ ကုန်သည်များ အနေဖြင့် ယခင်က ဒေသတွင်း ရောင်းဝယ်မှုသာ ရှိခဲ့သော်လည်း ယခုအခါမှာ လားရှိုး- မန္တလေး မြို့ကြီးများရှိ ကုန်သည် များနှင့် ချိတ်ဆက်ပြီး ရောင်းဝယ်မှု ရှိလာသဖြင့် ကုန်သွယ်မှု တစ်နှစ်ထက် တစ်နှစ် တိုးတက် လာပြီး ဖြစ်ကြောင်း သတင်း ရရှိပါသည်။

အိုပါး (ချင်းရွှေဟော်)

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 15:38 PM
တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှ အိန္ဒိယ နိုင်ငံထွက် ဂံျုစေ့များအား တင်သွင်း လျက်ရှိရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ဂံျုစေ့ တန်ချိန် ၁၈၇ တန်၊ တန်ဖိုး ကျပ် ၁၅ ဒသမ ၆၉ဝ သန်း တင်သွင်း နိုင်ခဲ့ပြီး ယခင် အပတ် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်နေ့ အထိ ဂံျုစေ့ တန်ချိန် ၆၈ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၄၂ ဒသမ ၈၃၂ သန်းသာ တင်သွင်း နိုင်ခဲ့တဲ့ အတွက် ယခင် တစ်ပတ်ထက် တန်ချိန် ၁၁၈ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၂၇ ဒသမ ၁၄ဝ သန်း ပိုမို တင်သွင်း နိုင်ခဲ့ပါတယ်။ ၎င်းတင်သွင်းသော ဂံျုစေ့များကို မုံရွာ စက်မှုဇုန်မှာ ရှိတဲ့ ဂံျုစက်ရုံများကို အဓိက ပေးပို့ပြီး ဂံျုမှုန့် အဖြစ် ကြိတ်ခွဲ ဖြန့်ဖြူး ရောင်းချကြောင်းနဲ့ ဂံျုစေ့ တင်သွင်းတဲ့ ရာသီချိန် ဖြစ်သဖြင့် ဂံျုစေ့များ ပိုမို တင်သွင်း လာနိုင်မယ်လို့ ခန့်မှန်း လျက်ရှိကြပါတယ်။
အောင်ကျော်မိုး (တမူး)

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 15:26 PM

တမူး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ လှုပ်ရှား ရှာဖွေ တားဆီးရေး အဖွဲ့ Mobile Team ဟာ စားသုံးသူ အကာ အကွယ်ပေးရေး၊ တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေးနဲ့ ကုန်သွယ်မှု လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေရေး ကုန်သွယ်မှု ပမာဏ တိုးမြှင့်စေရေး အတွက် ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်မှ စပြီး ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂ဝ ထိ ပညာပေး ကာလ အတွင်း ကုန်တင် ယာဉ်များ၊ မော်တော် ယာဉ်များ၊ သုံးဘီး ဆိုင်ကယ်များနဲ့ ဆိုင်ကယ်များအား စစ်ဆေး ဆောင်ရွက်ခဲ့ရာ တရားမဝင် အကောက်ခွန်မဲ့ ကုန်ပစ္စည်း ၁၁၉ သိန်း ကျော်အား လိုင်စင် ပြုလုပ် အခွန် ပေးဆောင်ကာ ပြန်လည် ထုတ်ပေး နိုင်ခဲ့ပါတယ်။ ခန့်မှန်း တန်ဖိုးကျပ် ၁၅၁ သိန်း တန်ဖိုးရှိ အိန္ဒိယ နိုင်ငံလုပ် ကွမ်းပေါင်းများ၊ ဆေးမွှေးများအား အများပြည်သူ စားသုံးရန် မသင့်တော်တဲ့ အတွက် မီးရှို့ ဖျက်ဆီးရေး ဆောင်ရွက်ရန် အကောက်ခွန် ဌာနသို့ လွဲှအပ် နိုင်ခဲ့ပါတယ်။

တစ်ဖက်မှလည်း တမူး ဒေသခံ ကုန်သည်ငယ်များ၊ အရောင်း အဝယ် သမားများအား ITC ကဒ်ဖြင့် ပို့ကုန်/ သွင်းကုန် လုပ်ငန်းများ တရားဝင် ကုန်သွယ်မှု ပြုလုပ် လာနိုင်စေရေး အတွက် OSS အဖွဲ့ဝင် ဌာနများရဲ့ ရုံးလုပ်ထုံး လုပ်နည်း၊ စာရွက် စာတမ်း လုပ်ကိုင် ဆောင်ရွက်ပုံများကို ရှင်းလင်း ပြသ ပြောကြားကာ ကူညီ လုပ်ကိုင် ဆောင်ရွက်ပေး လျက်ရှိတာကြောင့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်အထိ Individual Trading Card ၅၉ စောင် ထုတ်ပေး နိုင်ခဲ့ပြီး ITC လိုင်စင် စောင်ရေ ၆၆ စောင်နှင့် ကုန်သွယ်မှု ပမာဏ ကျပ်သန်းပေါင်း ၁၅၉ သန်း ကျော်အား ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

တမူး နယ်စပ် ကုန်သွယ်မှု လုပ်ငန်းများ လွယ်ကူ ချောမွေ့ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှု အခက် အခဲများ ဖြေရှင်း ဆောင်ရွက် နိုင်ရန်နဲ့ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်နိုင်ရေး အတွက် ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးများကို နယ်စပ် ကုန်သွယ်ရေး ညွှန်ကြားရေးမှူးရုံးမှာ တစ်လ တစ်ကြိမ် လစဉ် ပုံမှန် ကျင်းပကာ ကုန်သွယ်မှု အခက် အခဲများကို ဖြေရှင်း ဆောင်ရွက် ပေးလျက် ရှိပါတယ်။

နယ်စပ် ကုန်သွယ်ရေး (တမူး) စခန်းဟာ နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် တရားဝင် ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာ စေရန်နဲ့ နိုင်ငံတော် အခွန်အခများ ပြည့်ဝစွာ ရရှိနိုင် စေရန် အတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေနဲ့ ပူးပေါင်း ပါဝင် လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးလိုက် ရပါတယ်။

ရဲမင်းထွဋ် (တမူး)

အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 16:03 PM

တမူးမြို့တွင် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ကုန်သည်များ အသင်း၊ သတင်းမီဒီယာ ကိုယ်စားလှယ်များ ပါဝင်သော Mobile Team အဖွဲ့သည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တမူးမြို့မှ တုံဟဲသို့ သွားသော ကားလမ်းမပေါ်တွင် စားသုံးသူ အကာ အကွယ်ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေး နှင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး တို့အတွက် မော်တော် ယာဉ်များအား ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။

ထိုသို့ ရှာဖွေ စစ်ဆေးရာတွင် စုစုပေါင်း ခန့်မှန်း တန်ဖိုးကျပ် ၈၉ဝဝဝဝ ရှိသော အကောက်ခွန်မဲ့ သယ်ဆောင် လာသည့် အိန္ဒိယ နိုင်ငံလုပ် ဒန်ရေပုံး၊ ကသည်း ဒန်အိုး၊ ဓာတ်မီးနှင့် စတီးပန်အိုး များအား သိမ်းဆည်း ရမိပါသည်။ Mobile Team အဖွဲ့၏ ပညာပေး ဆောင်ရွက်သည့် ကာလ ကျော်လွန်ပြီး ဖြစ်၍ အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည်ဟု သတင်း ရရှိပါသည်။

လှဌေး (တမူး)

တနင်္လာနေ့ ၂၈ ဇန်နဝါရီလ ၂၀၁၃ 15:04 PM

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှ (၈၈) မိုင်ခန့် အကွာနဲ့ တရုတ်နိုင်ငံ ထိန်ခံျုးမြို့မှ (၇၂) မိုင်ခန့် အကွာမှာ တည်ရှိပြီး၊ မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်း (၄)ခုတွင် တစ်ခု အပါအဝင် ဖြစ်တဲ့ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ်တွင် ပို့ကုန် ဒေါ်လာ ၁ဝ သန်း၊ သွင်းကုန် ဒေါ်လာ သန်း ၅ဝ နှင့် ကုန်သွယ်မှု ပမာဏ ဒေါ်လာ သန်း ၆ဝ ဆောင်ရွက်ရန် လျာထား ဆောင်ရွက် လျက်ရှိရာ ၂၂-၁-၂ဝ၁၃ နေ့ထိ ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၇၆ဝ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၆ ဒသမ ၂၉၇ သန်း၊ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၈ ဒသမ ဝ၅၇ သန်း ဆောင်ရွက် နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းဟာ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ပို့ကုန် ကန်ဒေါ်လာ ၈ ဒသမ ဝ၈ဝ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၂၃၁ ဒသမ ၈၄၉ သန်း၊ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၂၃၉ ဒသမ ၉၂၉ သန်းကို လည်းကောင်း၊ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ် တွင်လည်း ပို့ကုန် ကန်ဒေါ်လာ ၈ ဒသမ ၇၂၁ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁၂၇ ဒသမ ၅၅ဝ သန်းနဲ့ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၁၃၆ ဒသမ ၂၆၂ သန်း အထိ ဆောင်ရွက်နိုင် ခဲ့ပါတယ်။

၂ဝ၁၂ ခုနှစ် ဧပြီလ အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု လမ်းကြောင်းပေါ်ရှိ ခုနှစ် ရောင်စုံ တံတား ပျက်စီးခဲ့မှုကြောင့် ၄ လကြာ ကုန်သွယ်မှု ပြတ်တောက် ခဲ့ရာမှ ဒေသခံ အဖွဲ့ အစည်းများရဲ့ ဝိုင်းဝန်း ကြိုးပမ်းမှုကြောင့် ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်နေ့မှာ ကုန်သွယ်မှု အနည်းငယ် ပြန်လည် စတင်နိုင်ခဲ့ပါသည်။

ယခု အခါတွင် တံတား ပြင်ဆင်မှု လုပ်ငန်းများ ပြီးစီးခဲ့ပြီး နယ်မြေ တည်ငြိမ်မှု အခြေ အနေမှာလည်း အနည်းငယ် ကောင်းမွန်လာပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများလည်း ပြန်လည် စတင်ရန် အရှိန်ယူစ ပြုလျက် ရှိနေပြီဖြစ်ရာ ကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်ရှိ ကုန်သွယ်မှု လွယ်ကူ လျင်မြန် ချောမွေ့ စေရေးနဲ့ ကုန်သွယ်မှု မြှင့်တင်ရေးမှာ ကြုံတွေ့နေရတဲ့ အတား အဆီးများကို သက်ဆိုင်ရာ ဌာန ဆိုင်ရာများနဲ့ ကုန်သည် အသင်းအဖွဲ့ များမှ ပူးပေါင်း ဆောင်ရွက်ပြီး ကုန်သွယ်မှု လျာထားချက်များ ပြည့်မီရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း သတင်းကောင်း ပါးလိုက်ရ ပါတယ်။

နကသ (ကပတ)

Pages