သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 11 း 59 AM

မောတောင် နယ်စပ်ကုန်သွယ်ရေး စခန်းကို ဧပြီလ ပထမပတ်တွင် ဖွင့်လှစ်နိုင်ရန် လျာထား ဆောင်ရွက်လျက် ရှိတယ်လို့ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ မြိတ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးခန်းမ၌ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ အစည်း အဝေးမှာ နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန မြိတ်စခန်း တာဝန်ခံ ဦးမျိုးညွှန့်အောင်မှ ပြောကြာ ခဲ့တယ်လို့ သိရပါတယ်။ မောတောင် စခန်း ပေါ်ပေါက် လာပါက အခြားစခန်း များကဲ့သို့ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနိုင် သလို ပို့ကုန် သွင်းကုန် လုပ်ငန်းများကို သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ အကောင်းမြင် ဝါဒဖြင့် ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ညွှန်ကြားရေးမှူး ဦးမိုျးညွှန့်အောင်မှ အဆိုပါ အစည်း အဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။ မြိတ်ခရိုင် ဆန်စပါး လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးထွန်းအေးမှ ဆန်စက် တွင် တောင်သူများ စပါးကြိတ်ရာမှာ ယခင်က စပါးတင်း (၁ဝဝ) လျှင် (၂၈) အိတ်ရရှိပြီး ယခုအခါ စပါးတင်း (၁ဝဝ) လျှင် (၁၈) အိတ် သာရ၍ ဆန်ကွဲ ထွက်ရှိမှု များတဲ့အတွက် ၎င်းဆန်ကွဲ များကို မောတောင်မှ တဆင့် ထိုင်းနိုင်ငံသို့ တင်ပို့လျှင် အဆင်ပြေ နိုင်ကြောင်း၊ ဆန်ကွဲများကို ဘီယာချက် စက်ရုံများမှ ဝယ်ယူလျက် ရှိသလို တရားဝင် ဂျူတီဆောင်၍ ကုန်ပစ္စည်းများ တင်ပို့မည်ဆိုပါက ဧရာဝတီတိုင်း တစ်ခုလုံးမှ စုစည်း၍ ရနိုင်ကြောင်း မောတောင် စခန်းအား အမြန်ဆုံး ဖွင့်လှစ် စေချင်ကြောင်းကို ကုန်သွယ်မှု မြှင့်တင်ရေး အစည်း အဝေးမှာ ပြောကြား သွားတယ်လို့ သိရပါတယ်။

Source နကသ (မြိတ်)                                                                    ခင်မိုးသူ

သောကြာနေ့  ၁၅ မတ်လ  ၂၀၁၃ 10 း 06 AM

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရဲ့ အဓိက ပို့ကုန် အမယ်များမှာ တစ်ခု အပါအဝင် ဖြစ်တဲ့ ပြောင်းဖူးစေ့ တင်ပို့မှုမှာ ယခုရက်ပိုင်းများ အတွင်း တစ်ဖက် နိုင်ငံသို့ တင်ပို့မှု မြင့်တက် လာတာကြောင့် နေ့စဉ် မပြတ် တင်ပို့လျက် ရှိပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ခုနှစ် ပြောင်းစိုက် ရာသီမှာ ကချင် ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် ဒေသများ အတွင်းရှိ ဧရာဝတီ မြစ်ရိုး တစ်လျှောက် စိုက်ပိုျး ထွက်ရှိလာတဲ့ ပြောင်းဖူးစေ့ များအား ၂၃-၂-၂ဝ၁၃ မှ ၇-၃-၂ဝ၁၃ ရက်နေ့ အထိ ကာလ အတွင်းမှာ ၁၂၄၅ တန် တင်ပို့နိုင် ခဲ့ပါတယ်။ ယခု ရက်ပိုင်း အတွင်း တစ်ဖက် နိုင်ငံ ထိန်ခုံျး ဈေးကွက်မှာ ပြောင်းဖူးစေ့ တစ်တန်လျှင် ၂၈ဝဝဝဝ ကျပ် ပေါက်ဈေးရှိနေပြီး ဝယ်လိုအား မြင့်တက် နေတာကြောင့် ပြောင်းဖူးစေ့ တင်ပို့သူများ ကြိုးစား တင်ပို့လျက် ရှိကြောင်း သိရှိ ရပါတယ်။

နကသ (ကပတ)

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 18 AM

နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် ကော့သောင်းနဲ့ မောင်တောနယ်စပ် ဒေသရှိ ဆန်ဈေးများ အနည်းငယ် ကျလာတာကို တွေ့ရပြီး ကျန်နယ်စပ်ဒေသ အသီးသီးတွင် ယခင် အပတ် ဆန်ဈေးနှုန်း အတိုင်းတ ည်ငြိမ် နေတယ်လို့ သိရပါတယ်။ ကော့သောင်း နယ်စပ်မှာ ယခင်အပတ်ကထက် ဆန်ဈေးပြန် ကျလာတာကို တွေ့ရပြီး၊ ယခင်အပတ်က ပေါ်ဆန်မွှေး ၁ ပြည်ကို ၁၇ဝဝိ/-ဈေးရှိခဲ့ရာမှ ယခုအပတ်မှာ ၁၄ဝဝိ/-သို့ကျခဲ့ တာဖြစ်ပါတယ်။ မောင်တော နယ်စပ်မှာ ယခင်အပတ်က ဧည့်မထဆန် ၁ပြည်ကို ၆၅ဝိ/-ဈေးရှိခဲ့ရာမှ ယခုအပတ် တွင် ၆ဝဝိ/-သို့ဈေး အနည်းငယ်ကျလာလာတွေ့ရပါတယ်။    .......ဆက်လက်ဖတ်ရှုပါရန် ခေါင်းစဉ်ကိုနှိပ်ပါ

ယခုအပတ် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိ နယ်စပ်ဒေသ များရှိ ဆန်တစ်ပြည် ဈေးနှုန်းများကို Commerce Journal စာဖတ် ပရိတ်သတ် များကို အသိပေး လိုက်ရပါတယ်။ ပေါ်ဆန်မွှေး ၁ ပြည်ကို မူဆယ်မှာ ၁၆၅ဝိ/-၊ လွယ်ဂျယ်မှာ ၁၇၉၂ိ/-၊ ချင်းရွှေဟော်မှာ ၂ဝဝဝိ/-၊ ကော့သောင်း မှာ ၁၄ဝဝိ/-၊ မြိတ်မှာ ၁၃ဝဝိ/-၊ စစ်တွေမှာ ၈ဝဝိ/-ဈေးအသီးသီး ရှိပါတယ်။ ဧည့်မထဆန် ၁ ပြည်ကို တာချီလိတ် ဒေသမှာ ၈၅၃ိ/-၊ မြဝတီဒေသမှာ ၁ဝဝဝိ/-၊ မောင်တော ဒေသမှာ ၆ဝဝိ/-ဈေးရှိပါတယ်။ ဧရာမင်း ဆန် ၁ ပြည်ကို တမူးနဲ့ ရိဒ် နယ်စပ် များမှာ ၉ဝဝိ/-ဈေးအသီးသီး ဖြစ်ကြောင်း သိရပါတယ်။

 

                                                                                                      ဆွေဆွေဝင်း MIRT(DOBT)

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 11 း 09 AM

တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှ အိန္ဒိယ နိုင်ငံထုတ် မော်တော် ဆိုင်ကယ် (Brand New Motorcycle (electric starter) Brand : Yamaha Model Year 2013, Model No Yamaha 150 Electric Power 150 cc Country of Origin- India များ အား Shwe Hlaing Htoo Trading Co.,Ltd. မှ ၂ဝ၁၃ ခုနှစ် မတ်လဆန်း တွင် အမေ ရိကန် ဒေါ်လာ ၁၆၂ဝဝ တန်ဖိုး ရှိ မော်တော် ဆိုင်ကယ် အစီး (၂ဝ) အား စတင် တင်သွင်း ခဲ့ကြောင်း နဲ့ ဆိုင်ကယ် အရောင် များမှာ အစိမ်း ရောင်၊ အနီ ရောင်၊ အနက် ရောင်များ ဖြစ်ကြောင်း သတင်း ရရှိ ပါတယ်။

                                                                                                                   လှဌေး (တမူး)

ကြာသပတေးနေ့  ၁၄ မတ်လ  ၂၀၁၃ 10 း 53 AM

ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိ ကာလ အတွင်းမှာ မြန်မာ - ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ဝဝ၃ သန်း တန်ဖိုးရှိ မန်ကျည်းမှည့် အစေ့ပါ ၄ တန်ကို ပြန်လည် တင်ပို့မှု ရှိလာတာ တွေ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်၊ အောက်တို ဘာလ က နောက်ဆုံး အကြိမ် အပို့ရှိ ခဲ့ပြီး တင်ပို့မှု ရပ်နား နေရာမှာ ယခု အပတ်မှာ ပြန်လည် တင်ပို့မှု ရှိလာတာဖြစ်ပါတယ်။ မန်ကျည်း သီးမှည့် ပေါ်ရာသီ ချိန်ဖြစ် သဖြင့် တင်ပို့နိုင်ခြင်း ဖြစ်ပါတယ်။ မန်ကျည်း သီးမှည့်နဲ့ အတူ ကန်ဒေါ်လာ သုည ဒသမ ဝဝ၄ သန်း တန်ဖိုးရှိ မန်ကျည်းစေ့ ၆၈ တန် ကို လည်း တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်က စစ်တွေ စခန်းမှ မန်ကျည်း စေ့ တင်ပို့မှု မရှိခဲ့ဘူး လို့ သိရပါတယ်။

                                                                                                            မြင့်မြင့်မာ MIRT(DOBT)

Pages