ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

                  ၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၈.၀၀၀) သန်းဖြစ်ပြီး (၂၂-၆-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၄.၂၈၅)သန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၇၉.၃၆၁%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၅၉၂၀.၁၀၇) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၈၄၂) သန်းနှင့် သွင်းကုန် (၁၆၈၇.၉၄၇) တန်၊(၁၆၃၅၁၈) 2U၊ (၁၈၇၄) U၊ (၂၁၅၉.၂၅၈) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၄၅၈) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ(၃.၃၀၀)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

                 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ရက်နေ့မှ ၂၂ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်း အုပ်စုတွင် (၄၂၀.၆၆၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၆၃) သန်း၊ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် (၅၂၇၈.၉၄၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၂၆၁) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၂၂၀.၅၀၀) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၁၈) သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၁.၈၄၂) သန်း တင်ပို့ နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quotaကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင် ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၅၃၂၄၂.၆၀၃) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၂.၁၃၇) သန်းအား တင်ပို့ နိုင်ခဲ့ပါ သည်။ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်        အမည်        အရေအတွက်  ဈေးနှုန်း

          (၁)     ဇာပျက်         ၁ ကီလိုဂရမ်   ၁.၂၃၀ ဒေါ်လာ

          (၂)     ကပျက်(150-200 gm)          ၁ ကီလိုဂရမ်   ၀.၉၆၂ ဒေါ်လာ

          (၃)     ဇလုံး(500-1000 gm) ၁ ကီလိုဂရမ်   ၁.၁၀၀ဒေါ်လာ

          (၄)     ငါးမဲလုံး(1000 gm down)     ၁ ကီလိုဂရမ်   ၀.၉၀၀ ဒေါ်လာ

          (၅)     ကြိမ်မွေ့တောင်း               ၁ ကီလိုဂရမ်                       ၃.၈၉၀ ဒေါ်လာ

                    (800 gm down)

          (၆)     ကင်းမွန်(8 cm down)          ၁ ကီလိုဂရမ်   ၁.၇၉၀ ဒေါ်လာ

          (၇)     ကျောက်ငါး(500-1000 gm)   ၁ ကီလိုဂရမ်   ၁.၃၇၆ ဒေါ်လာ

          (၈)     ဇာခြမ်း          ၁ ကီလိုဂရမ်   ၁.၂၂၆ဒေါ်လာ

          (၉)     မယ်တော်လက်သဲ     ၁ ကီလိုဂရမ်            ၁.၆၁၀ ဒေါ်လာ

         (၁၀)    ပါးနီ      ၁ ကီလိုဂရမ်   ၂.၃၇၀ ဒေါ်လာ

 

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း ပို့ကုန်ပြောင်း (၁) တန်လျှင် (၂၂၆.၅) ဒေါ်လာနှုန်းဖြင့် (၃၅၀၀) တန် ၊ တန်ဖိုး (၀.၇၉၃) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၁) တန်လျှင် (၂၇၇၇.၀၀) ဒေါ်လာနှုန်းဖြင့် (၁၄၀) တန် ၊ တန်ဖိုး (၀.၃၈၉) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုး (၁.၁၈၂) ဒေါ်လာသန်း အား ရေလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ် ရေးစခန်း အထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိ ရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ  (၁) တန်လျှင် (၈၃၄) ဒေါ်လာနှုန်းဖြင့် (၆၀၀) တန် ၊ တန်ဖိုး (၀.၅၀) ဒေါ်လာသန်း၊ ဓာတ်ဆီ  (၁) တန် လျှင် (၉၉၀) ဒေါ်လာနှုန်းဖြင့် (၅၀) တန် ၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်၊ ပုဇွန်စာ  (၁) တန် လျှင် (၂၈၆) ဒေါ်လာနှုန်းဖြင့် (၅၀) တန် ၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်အား တင်သွင်းနိုင်ခဲ့ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၅၆၄)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ(၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၁၆.၂) ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၅-၆-၂၀၂၄ မှ ၂၁-၆-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၅,၉၁၂.၂၈၂) တန်၊ တန်ဖိုး (၃.၈၀၂) ဒေါ်လာသန်း၊ ပဲတီစိမ်း (၆၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊  ကြက်သွန်နီ (၉၉၂.၆၆၀) တန်၊ တန်ဖိုး (၀.၅၅၅) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၂၈၈.၀၀၀) တန်၊ တန်ဖိုး (၀.၆၁၀) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၄၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ ဝဥခြောက် (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ MANGANESE DIOXIDE (၅၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၁၅၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၅.၂၃၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ် အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၈၁၄.၂၇၄) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၅-၆-၂၀၂၄ မှ ၂၁-၆-၂၀၂၄) တွင် ဓာတ်ဆီ (၂,၃၉၂) BBL၊ တန်ဖိုး (၀.၂၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၂,၆၂၀) BBL ၊ တန်ဖိုး (၀.၂၈၃) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၉၉) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၇၃၁) ဒေါ်လာသန်း၊ လယ်ထွန်စက် (၀.၀၀၄) ဒေါ်လာသန်း၊  လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ (၀.၀၅၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၇၄) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၁၆) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၇၅) ဒေါ်လာသန်း၊ အခြားစက္ကူ များ (၀.၀၂၄) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၄၂၂) ဒေါ်လာသန်း၊ ပရိဘောဂ (၀.၀၂၂) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၀၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၀၀) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၂.၃၈၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာ သန်းဖြစ်ပြီး ဇွန်လ(၂၂) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၅၇၂) ဒေါ်လာသန်း၊ သွင်းကုန် (၉.၀၇၁) ဒေါ်လာသန်း၊ စုစုပေါင်း (17.643) ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၅၂.၈၅၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ဇွန်လ (၂၂) ရက်နေ့ထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရုံသီး၊ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာ၊ သရက်ပြားချောက်၊ ပဲမျိုးစုံ၊ ကော်ဖီစေ့၊ ကွမ်းသီးအစို၊ အလူမီနီယံဖြတ်စ၊ ခဲစက္ကူနှင့် မကျည်းသီး(အစေ့ပါ)တို့ ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်မှ (၂၂) ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇) ဒေါ်လာတို့ဖြင့် တန်ချိန် (၂၀၀) တန်၊ တန်ဖိုး (၀.၀၇၀) ဒေါ်လာသန်း၊ ငရုတ်သီး တန်ချိန် (၁၇) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊  ကြက်သွန်နီ တန်ချိန် (၃၄.၅) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်းနှင့် ပဲယင်း တန်ချိန် (၃၅) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း တို့တင်ပို့နိုင်ခဲ့ပါသည်။

              အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၃၁၆.၆၀၀) တန်၊ တန်ဖိုး (၀.၃၃၈) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၇၉.၆၀၀) တန်၊ တန်ဖိုး (၀.၇၆၅) ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၂၆၆.၄၇၅) တန်၊ တန်ဖိုး (၀.၂၅၃)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

             မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ မှ (၁၈) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၄၀) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၉၂) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၂၃၂) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းမှ မှ ဇွန်လ (၁၆) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ လယ်ယာထွက် ကုန် ပစ္စည်းအနေဖြင့်  ငရုတ်သီး (၉.၈၂) တန်၊ တန်ဖိုး (၀.၀၀၇၅) ဒေါ်လာသန်း၊ ရေထွက် ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၇.၂၅၀) တန်၊ တန်ဖိုး (၀.၀၀၆၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် ကျောက်မှုန့် (၁၀၂) တန်၊ တန်ဖိုး (၀.၀၀၈၁) ဒေါ်လာသန်း ၊ ဖိနပ် (၉၆၀၀) ရံ၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၉၆၀.၇၇၅) ဒေါ်လာနှုန်း၊ ပုစွန် (၁၂၈၄၀.၆၉၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၄၄၀.၁၄၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၁၀.၅၂၅) ဒေါ်လာနှုန်း၊  ငရုတ်သီး (၇၆၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့်သွင်းကုန်ပစ္စည်းများ၏(၁) တန်ဈေး နှုန်းမှာ - ကျောက်မှုန့် (၇၉.၄) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Pages