ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းအနေဖြင့် ယခုအပတ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့မှစက်တင်ဘာလ(၁၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၆၄)ဒေါ်လာ သန်းနှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ (၁၈.၆၄၂) ဒေါ်လာသန်း ဆောင် ရွက်နိုင်ခဲ့ပြီး ယာဉ်စီးရေအနေဖြင့်ပို့ကုန်(၄၆၀)စီး၊ သွင်းကုန်(၇၃၆) စီး ဆောင်ရွက်နိုင်ခဲ့ပါသည်။
ယခင်အပတ်၂၀၂၃ခုနှစ်၊စက်တင်ဘာလ (၂)ရက်နေ့မှ စက်တင်ဘာလ(၈) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၆.၀၄၃) ဒေါ်လာသန်း နှင့် သွင်းကုန် (၁၇.၇၁၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့် (၂၃.၇၆၁) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး (၀.၉၇၉) ဒေါ်လာသန်း ၊ သွင်းကုန်တန်ဖိုး (၄.၁၄၀) ဒေါ်လာသန်း လျော့နည်းခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၅.၁၁၉) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။
တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်ကွဲ၊ ပဲလွန်းဖြူ၊ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်း၊ နိုင်လွန်ပဲ ၊ မြေပဲဆံ၊ ရာဘာ၊ ရာဘာကြမ်း၊ ဝဥခြောက်တင်ပို့မှု လျော့နည်းခဲ့ခြင်းကြောင့် ယခင်တစ်ပတ်အောက်(၀.၉၇၉) ဒေါ် လာသန်း လျော့နည်းခဲ့ခြင်းဖြစ်ပါသည်။
တင်သွင်းသည့်သွင်းကုန်အမယ်များအနက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများအုပ်စုမှ အခြားပစ္စည်းများ ပိုမိုတင်သွင်းခဲ့သော်လည်း တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ အင်ဂျင်များ၊ ဝါယာကြိုးများ၊ စက်ဘီးအပိုပစ္စည်းများ၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ၊ လယ်ထွန်စက်အပိုပစ္စည်းများ၊ လေအေးပေးစက်များ၊ စက်နှင့်စက်အပိုပစ္စည်းများ၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ၊ သတ္တုကုန်ချော ဆောက်လုပ်ရေးပစ္စည်းများ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ သံသံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက်(၃.၅၁၈) ဒေါ်လာသန်း လျော့နည်းခဲ့ပါသည်။
လုပ်ငန်းသုံးကုန်ကြမ်းအုပ်စုတွင် ဓာတ်မြေသြဇာများ၊သားရေတု ပြုလုပ်သောပစ္စည်းများ ၊ ကုန်ထုတ်စက္ကူများ ၊ ချည်ခင်များ ၊ တာယာနှင့် ကျွတ်များ၊ ပိုမိုတင်သွင်းခဲ့သော်လည်း ဓါတ်ဆေး ဆိုးဆေးများ၊ သုတ်ဆေး ၊ ပေါလစ်များ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ ၊ ဓါတုဗေဒပစ္စည်း များ၊ အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်အောက်(၁.၂၈၅) ဒေါ်လာ သန်း လျော့နည်းခဲ့ပါသည်။
လူသုံးကုန်ပစ္စည်းအုပ်စုတွင်အပ်ချည်ကြိုးများ ၊ ဇာနှင့်ထိုးထားသောအထည်အလိပ်များ ၊အခြားပစ္စည်းများ လျော့နည်းတင်သွင်းခဲ့သော်လည်း ဘထ္ထရီခြောက် ၊ လျှပ်စစ်မီးသီးနှင့် မီး ချောင်းများ ၊ ဆေးဝါးများ၊ ပရိဘောဂများ ၊အချိုမှုန့် ၊ ချည်ထည်များ၊ မီးဖိုချောင်သုံးပစ္စည်းများ ၊ ပိုမိုတင်သွင်းခဲ့သဖြင့် ယခင်တစ်ပတ်ထက် (၀.၆၆၃) ဒေါ်လာသန်း ပိုမိုခဲ့ပါသည်။
ယခုတစ်ပတ်တွင် အများဆုံးပို့ကုန်(၁၀)မျိုးမှာရော်ဘာ(၈၀၈.၅၀၀)တန်၊(၀.၉၇၉)ဒေါ်လာ သန်း၊ ပဲတီစိမ်း (၁၀၀၂.၅၀၀ )တန်၊ ( ၀.၇၉၆)ဒေါ်လာသန်း၊ ပဲယင်း(၉၈၅.၉၀၀)တန်၊ ( ၀.၇၆၅ ) ဒေါ်လာသန်း၊ ပြောင်း (၁၉၅၁.၅၀၀) တန်၊ (၀.၅၄၈)ဒေါ်လာသန်း၊မြေထောက်ပဲ (၂၆၆.၅၀၀) တန်၊ (၀.၃၉၄)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၅၇၈.၅၀၀)တန်၊(၀.၃၅၉ )ဒေါ်လာသန်း၊ ဆန်ကွဲ (၄၈၃.၂၅၀) တန်၊ (၀.၁၉၄)ဒေါ်လာသန်း၊ စွန်တာနီပဲ (၃၀၅.၉၈၉) တန်၊ (၀.၁၈၃)ဒေါ်လာသန်း၊ ပဲနီကြား (၃၅၈.၀၀၀)တန်၊ (၀.၁၇၅)ဒေါ်လာသန်း၊ CMP (၂၅၈၄၄) ခု ၊ (၀.၁၆၈) ဒေါ်လာသန်း ဖြစ်ပါသည်။
ယခုတစ်ပတ်တွင် အများဆုံးသွင်းကုန်( ၁၀ )မျိုးမှာ ချည်ထည်များ (၅.၀၄၉)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း(၂.၈၆၃ ) ဒေါ်လာသန်း၊ လုပ်ငန်းသုံးအခြားပစ္စည်း (၁.၄၅၄) ဒေါ်လာသန်း၊ အထည်အလိပ်များ (၁.၂၅၁)ဒေါ်လာသန်း၊ လူသုံးအခြားပစ္စည်း (၀.၇၀၈) ဒေါ်လာ သန်း၊ဓာတ်မြေသြဇာများ(၀.၅၉၅)ဒေါ်လာသန်း၊ သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ (၀.၂၃၄) ဒေါ်လာသန်း၊ ရင်းနှီးအခြားပစ္စည်း (၀.၂၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၂၁၀) ဒေါ်လာသန်း ၊ စက်နှင့်စက်ပစ္စည်းများ( ၀.၁၉၆ ) ဒေါ်လာသန်းဖြစ်ပါသည်။
ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင်(၇၉)ကျပ်ရှိကြောင်းသိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၀) ကျပ် ကုန်ပွကားခတစ်ပိဿာလျှင် (၁၈၅)ကျပ် ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏ (၁)တန် ဈေးနှုန်းမှာ ဆန် (၃၂၀၀) ယွမ်နှုန်း၊ ဆန်ကွဲ (၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀) ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀) ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ် (အစို )(၅၀၀၀)ယွမ်နှုန်း၊ ငရုတ်(ခြောက်)(၉၀၀၀)ယွမ်နှုန်း ရှိကြောင်းသိရှိရသည်။
မန္တလေး၊လားရှိုး၊ သိန္ဒီ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာသွားလာနိုင်ကြောင်း သိရှိရသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၉) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၅.၀၆၄) ဒေါ်လာသန်းနှင့် သွင်းကုန် (၁၃.၅၇၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏအနေဖြင့်(၁၈.၆၄၂)ဒေါ်လာသန်း ယခင်နှစ်ကာလတူ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၂.၂၇၉)ဒေါ်လာသန်း၊ သွင်းကုန် (၂.၉၆၈) ဒေါ်လာသန်း ကုန်သွယ်မှုပမာဏ ( ၅.၂၄၇ )ဒေါ်လာသန်းဖြစ်၍ ယခင်နှစ် ကာလတူထက် ပို့ကုန် (၂.၇၈၅) ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၆၁၀) ဒေါ်လာသန်းပိုမိုခဲ့ခြင်း ကြောင့် ကုန်သွယ်မှုပမာဏ အနေဖြင့် (၁၃.၃၉၅) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါသည်။
တင်ပို့သည့် ပို့ကုန်အမယ်များအနက် ဆန်ကွဲ၊ ပြောင်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ ၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ စွန်တာနီ၊ ပဲယင်း ၊ နိုင်လွန်ပဲ၊ မြေပဲဆံ၊ ဘိုကိတ်ပဲ၊ ပဲနီကြား ၊ပဲကြီး၊နှမ်းနက်၊ လက်ဖက်ခြောက်၊ ရာဘာကြမ်း၊ အရက်ဆီ နှင့် CMP ပစ္စည်းများ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတို့ ပိုမိုခဲ့သော ကြောင့် ကုန်သွယ်မှုပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ အတက်ကုန်ကားခ ပို့ကုန် တစ်ပိဿာလျှင်(၇၉)ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန်ကျစ်ကားခ တစ်ပိဿာလျှင်(၁၇၀) ကျပ်ကုန်ပွကားခ တစ်ပိဿာလျှင် (၁၈၅)ကျပ်ရှိကြောင်းသိရှိရပါသည်။ လယ်ယာထွက်ကုန်များ ၏(၁)တန်ဈေးနှုန်းမှာဆန်(၃၂၀၀)ယွမ်နှုန်း၊ ဆန်ကွဲ(၃၁၀၀)ယွမ်နှုန်း၊ ပဲတီစိမ်း (၅၉၀၀)ယွမ်နှုန်း ၊ မြေထောက်ပဲ (၈၀၀၀)ယွမ်နှုန်း၊ ပဲလွန်းဖြူ (၄၇၀၀) ယွမ်နှုန်း၊ ပြောင်း (၂၃၀၀)ယွမ်နှုန်း ၊ နှမ်း (၁၂၀၀၀) ယွမ်နှုန်း ၊ ရာဘာ (၈၀၀၀) ယွမ်နှုန်း၊ ငရုတ်အစို (၅၀၀၀)ယွမ်နှုန်း၊ ငရုတ်ခြောက် (၉၀၀၀)ယွမ်နှုန်းရှိကြောင်းသိရှိရသည်။
မန္တလေး၊လားရှိုး၊ သိန္ဒိ ၊ ကွမ်လုံ ၊ ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ် ၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေစွာသွားလာနိုင်ကြောင်း သိရှိရသည်။
လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၁၃-၉-၂၀၂၃) မှ (၁၇-၉-၂၀၂၃) ရက်နေ့ အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၂၉၇.၂၅) တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း၊ ပြောင်း (၆၂၄.၄၇၈) တန်၊ တန်ဖိုး (၀.၁၇၆) ဒေါ်လာသန်း၊ ရာဘာ (၃၁.၀၀)တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။
ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင်(၄၆၉) ဒေါ်လာ၊ ဆန်ကွဲတစ်တန် လျှင်(၄၀၈)ဒေါ်လာ၊ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာနှင့် ကြိမ်တစ်တန်လျှင် (၆၀၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၆၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၄၈၄)ဒေါ်လာ၊ ရော်ဘာ တစ်တန်လျှင်(၁၃၀၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာဗန်းမော်မှလွယ်ဂျယ်သို့ပို့ကုန်တစ်ပိဿာ လျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။
ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ဆေးဝါးပစ္စည်း (၁၄၅၃၈၀) U ၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း၊ တာယာ(၂၀၀) U ၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ စက္ကူလိပ်(၄၄.၅၀) တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ပိတ်လိပ် (၁၁၀.၈၅) တန်၊ တန်ဖိုး (၀.၀၆၄) ဒေါ်လာသန်း၊ စက်ပစ္စည်း (၁၂) U ၊ (၀.၀၁၈) ဒေါ်လာသန်း၊ ပီနံအိတ် (၂၅.၀၀) တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာ သန်း၊ မြက်ခင်းတု (၇.၂၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၁၀၀.၀၀) တန်၊ တန်ဖိုး (၀.၀၆၉) ဒေါ်လာသန်း၊ ပတ္တာကြိုး (၃၀.၀၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ သံပိုက်(၄.၄၀)တန်၊တန်ဖိုး(၀.၀၀၆) ဒေါ်လာသန်း၊ ကုန်စုံ(၂၀၆.၄၆)တန်၊(၁၄၁၄၃)U၊(၃၆၀၀) PR၊ တန်ဖိုး (၀.၁၆၂) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။
သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဓါတ်မြေဩဇာ (Organic Fertilizer) တစ်တန် လျှင် (၂၅၀) ဒေါ်လာ၊ဓါတ်မြေဩဇာ (Compound Fertilizer) တစ်တန်လျှင် (၃၉၈) ဒေါ်လာ၊ စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ မြက်ခင်းတု တစ်တန်လျှင်(၆၃၀)ဒေါ်လာရှိ၍လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁) စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ (၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်းသိရှိရပါသည်။
ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့်ရွှေဘို၊ စစ်ကိုင်းနှင့်မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး-လက်ပံလှ- ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်း ကြောင်း၊ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော်- မိုးမောက် (ကျောက်စခန်း) - စိန်လုံ -လွယ်ဂျယ်လမ်းကြောင်းအတိုင်းတင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။
လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၁၂-၉-၂၀၂၃ ရက်နေ့မှာ (၁)ယွမ်လျှင် (၄၅၅)ကျပ်ဖြစ်ခဲ့ပြီး ၁၇-၉-၂၀၂၃ ရက်နေ့တွင် (၁)ယွမ်လျှင်(၄၅၀) ကျပ်ဖြစ်၍ မြန်မာကျပ်ငွေဈေးတက် ခဲ့ကြောင်း သိရှိရပါသည်။
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (၁၇-၉-၂၀၂၃) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (၀.၉၉၀) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (၁.၅၆၇) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ (၂.၅၅၇) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။
အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ရေခဲပုစွန်(၄၇.၅၆၀) တန်၊ တန်ဖိုးကန် ဒေါ်လာ (၀.၂၁၃) သန်း၊ ရာဘာ (၁၄၂.၅၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၁၇၀) သန်း၊ ငါးရှဉ့် (၅၀.၈၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၁၅၃) သန်း၊ သကာရည် (၃၄၃.၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၉၁) သန်း၊ ကဏန်း (၁၈.၅၅၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၇၁) သန်း၊ ကြက်သွန်နီ (၁၁၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ မြေထောက်ပဲ (၃၄.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၀၅၀) သန်း၊ လျှော်ဖြူ (၁၇.၀၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၃၄) သန်း၊ ဆံပင်(၆.၆၉၅) တန် ၊ တန်ဖိုးကန် ဒေါ်လာ (၀.၀၂၇) သန်းနှင့် ဆီးဆံ (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်းတို့ဖြစ်ပါသည်။
အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့်ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ (၀.၄၃၇)သန်း၊ ဆိုလာပြား တန်ဖိုးကန်ဒေါ်လာ(၀.၂၀၃) သန်း၊ ဘတ္ထရီတန်ဖိုးကန် ဒေါ်လာ (၀.၁၀၇) သန်း ၊ ဖိနပ်မျိုးစုံ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၂) သန်း၊ အလူမီနီယံတံခါးဘောင် တန်ဖိုးကန် ဒေါ်လာ (၀.၀၄၆) သန်း၊ သံချောင်း တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၅) သန်း၊ ပေါင်းသတ်ဆေး တန်ဖိုးကန် ဒေါ်လာ (၀.၀၄၀) သန်း၊ ဘိလပ်မြေကုန်ကြမ်း တန်ဖိုး ကန်ဒေါ်လာ(၀.၀၃၉)သန်း ၊ စတီးပိုက်တန်ဖိုး ကန် ဒေါ်လာ (၀.၀၂၇) သန်းနှင့် သံဘောင် တန်ဖိုး ကန်ဒေါ်လာ (၀.၀၂၆) သန်းတို့ဖြစ်ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁) ရက်နေ့မှ (၁၇) ရက်နေ့ထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ (၂၂.၂၇၇)သန်း၊ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ (၃၉.၈၆၂) သန်း၊ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ (၆၂.၁၃၉) သန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ လက်ရှိတွင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။
အတက်ကုန် မန္တလေးမှ ကျိန်စမ်းကျော့သို့ ကားခတစ်ပိဿာလျှင် ကျပ် ၂၀၀/- နှုန်း ဖြစ်ပါသည်။ အဆင်းကုန် ကျိန်စမ်းကျော့မှ မန္တလေးသို့ ကားခကုန်ကျစ်တစ်ပိဿာလျှင် ၂၀၀/- ကျပ်နှုန်း၊ ကုန်ပွ တစ်ပိဿာလျှင် ကျပ် ၂၅၀/- မှ ကျပ် ၃၀၀/- နှုန်းခန့် ရှိပါသည်။
(၁၇-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအား ရေခဲပုစွန် (၁) တန်လျှင် ကန်ဒေါ်လာ(၄၄၇၀.၇၉၈) နှုန်း ၊ ရာဘာ (၁) တန်လျှင် ကန်ဒေါ်လာ (၁၁၉၁.၉၆၆) နှုန်း၊ ငါးရှဉ့် (၁)တန်လျှင် ကန်ဒေါ်လာ(၃၀၁၃.၁၆၃) နှုန်း၊ သကာရည် (၁) တန်လျှင် ကန်ဒေါ်လာ(၂၆၄.၅၀၄) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၂၂.၅၈၇) နှုန်း၊ ကြက်သွန်နီ (၁)တန်လျှင် ကန်ဒေါ်လာ (၅၃၈.၂၂၈) နှုန်း၊ မြေထောက်ပဲ (၁)တန်လျှင် ကန်ဒေါ်လာ(၁၄၆၉.၉၄၁) နှုန်း၊ လျှော်ဖြူ (၁) တန်လျှင် ကန်ဒေါ်လာ (၁၉၉၉.၈၆၆) နှုန်း၊ ဆံပင် (၁) တန်လျှင် ကန်ဒေါ်လာ (၃၉၉၁.၉၁၆)နှုန်း ၊ ဆီးဆံ (၁) တန်လျှင် ကန်ဒေါ်လာ (၂၄၁၁.၄၆၆) နှုန်း တင်ပို့နိုင်ခဲ့ပါသည်။
(၁၁-၉-၂၀၂၃) ရက်နေ့ မှ (၁၇-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ရာဘာ (၉၁၄)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၀၉၁)သန်း၊ ငါးရှဉ့် (၃၅၉.၆၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၀၈၂) သန်း၊ ကျောက်စိမ်း (၂၄.၈၀၂) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၁.၀၄၅) သန်း၊ ခဲသွပ်အရောသတ္တု (၁၃၀၄.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၇၆၁) သန်း၊ ဆန် (၁၆၂၅.၅၀၀) တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၇၂၅) သန်း ၊ ကဏန်း (၁၄၀.၃၅၀) တန်၊တန်ဖိုး ကန်ဒေါ်လာ (၀.၅၃၆) သန်း၊ ပြောင်း (၁၇၃၄.၉၉၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၈၈) သန်း၊ ဆန်ကွဲ (၁၀၈၆.၅၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၄၄၃) သန်း ၊ သကာရည် (၁၃၁၁.၀၀၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ(၀.၄၁၈) သန်းနှင့် ကြေးနီ (၁၃၇.၅၀၀) တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၃၈၉) သန်းတို့ဖြစ်ပါသည်။
(၁၁-၉-၂၀၂၃) ရက်နေ့မှ (၁၇-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံး အမှန်တင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ယာဉ်နှင့် ယာဉ်ယန္တရားများ တန်ဖိုး ကန်ဒေါ်လာ(၁၀.၀၉၃) သန်း၊ သွပ်လိပ် တန်ဖိုး ကန်ဒေါ်လာ (၀.၃၈၇) သန်း၊ ကားတာယာ တန်ဖိုး ကန်ဒေါ်လာ (၀.၃၅၈) သန်း၊ ဘတ္ထရီများ တန်ဖိုး ကန်ဒေါ်လာ (၀.၃၀၂) သန်း၊ ဒီဇယ်ဆီ တန်ဖိုး ကန်ဒေါ်လာ (၀.၂၈၈) သန်း၊ ဓာတ်ဆီ တန်ဖိုး ကန်ဒေါ်လာ(၀.၂၅၇) သန်း၊ ဆိုလာပြား တန်ဖိုးကန်ဒေါ်လာ (၀.၂၀၃) သန်း၊ ကော်စေ့ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၉) သန်း ၊ သံဘောင်များ တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၈) သန်းနှင့် စတီးပိုက် တန်ဖိုး ကန်ဒေါ်လာ (၀.၁၆၆) သန်းတို့ဖြစ်ပါသည်။
(၁၁-၉-၂၀၂၃) ရက်နေ့ မှ (၁၇-၉-၂၀၂၃) ရက်နေ့အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန် ပစ္စည်းများအား ရာဘာ (၁) တန်လျှင် ကန်ဒေါ်လာ (၁၁၉၃.၈၈၅) နှုန်း၊ ငါးရှဉ့် (၁) တန်လျှင် ကန် ဒေါ်လာ (၃၀၀၉.၈၆၂) နှုန်း၊ ကျောက်စိမ်း (၁)တန်လျှင် ကန်ဒေါ်လာ (၄၂၁၃၉.၃၂၄) နှုန်း၊ ခဲသွပ် အရောသတ္တု (၁) တန်လျှင် ကန်ဒေါ်လာ (၅၈၃.၁၁၉) နှုန်း၊ ဆန် (၁) တန်လျှင် ကန်ဒေါ်လာ(၄၄၅.၇၅၅) နှုန်း၊ ကဏန်း (၁) တန်လျှင် ကန်ဒေါ်လာ (၃၈၁၆.၆၁၃) နှုန်း၊ ပြောင်း (၁)တန်လျှင် ကန်ဒေါ်လာ (၂၈၁.၀၄၀) နှုန်း၊ ဆန်ကွဲ (၁) တန်လျှင် ကန်ဒေါ်လာ (၄၀၇.၅၂၁) နှုန်း၊ သကာရည် (၁) တန်လျှင် ကန် ဒေါ်လာ (၃၁၈.၄၈၆) နှုန်း၊ ကြေးနီ (၁) တန်လျှင် ကန်ဒေါ်လာ (၂၈၂၈.၁၄၁) နှုန်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။
မူဆယ်ဒေသမှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြန်မာပြည်အနှံ့အပြားမှ မူဆယ်၊ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်သွင်း/တင်ပို့ကြရသည်ဖြစ်သဖြင့် ကုန်သွယ်မှုဆောင် ရွက်နေသည့် လုပ်ငန်းရှင်/ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်လုပ်ထုံး/လုပ်နည်းများအား အချိန်နှင့် တပြေးညီ သိရှိအောင် ဆောင်ရွက်သင့်ပါသည်။
ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပို့ကုန်လိုင်စင် လျှောက် ထား/ ထုတ်ပေးမှုမရှိဘဲ သွင်းကုန်လိုင်စင် (၁၄၂)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဖက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေး သော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ(၄၂)စောင်ဖြစ်ပြီး ကဏန်း၊ ငါးရှဉ့်၊ ဆန်ကွဲ၊ ပုဇွန်ခြောက်၊ ကြောင်ပန်းစေ့၊ သကာရည်၊ လျှော်ဖြူ၊ ကွမ်းသီး၊ ပြောင်း၊ နှမ်း၊ ဆံပင်တို့ လျှောက်ထားမှုရှိပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှ ၁၇ ရက်အထိ စုစုပေါင်း Form E (၃၄၈)စောင် ခွင့်ပြုထုတ်ပေးခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပို့ကုန်အမှန်တင်ပို့မှုအနေဖြင့် ရေခဲပုဇွန် (၀.၂၁၃) ဒေါ်လာသန်း၊ ရာဘာ (၀.၁၇၀) ဒေါ်လာသန်း၊ ငါးရှဉ့်(၀.၁၅၃) ဒေါ်လာသန်း၊ သကာရည် (၀.၀၉၁) ဒေါ်လာသန်း၊ ကဏန်း (၀.၀၇၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၀.၀၆၃) ဒေါ်လာသန်း၊ မြေထောက်ပဲ (၀.၀၅၀) ဒေါ်လာသန်း၊ လျှော်ဖြူ (၀.၀၃၄) ဒေါ်လာသန်း၊ ဆံပင် (၀.၀၂၇)ဒေါ်လာသန်း၊ ဆီးဆံ(၀.၀၂၄) ဒေါ်လာသန်းတို့ အများဆုံးတင်ပို့ခဲ့ပါသည်။
သွင်းကုန်အမှန်တင်သွင်းမှုအနေဖြင့် ယာဉ်နှင့်ယာဉ်ယန္တရားများ (၀.၄၃၇)ဒေါ်လာသန်း၊ ဆိုလာပြား (၀.၂၀၃)ဒေါ်လာသန်း၊ ဘတ္တရီ (၀.၁၀၇)ဒေါ်လာသန်း၊ ဖိနပ်မျိုးစုံ (၀.၀၅၂)ဒေါ်လာသန်း၊ အလူမီနီယံ တံခါးဘောင် (၀.၀၄၆)ဒေါ်လာသန်း၊ သံချောင်း(၀.၀၄၅)ဒေါ်လာသန်း၊ ပေါင်းသတ်ဆေး (၀.၀၄၀) ဒေါ်လာသန်း၊ ဘိလပ်မြေကုန်ကြမ်း (၀.၀၃၉) ဒေါ်လာသန်း၊ စတီးပိုက် (၀.၀၂၇)ဒေါ်လာသန်း၊ သံဘောင် (၀.၀၂၆) ဒေါ်လာသန်း အများဆုံးတင်သွင်းခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် ပို့ကုန်ယာဉ်စီးရေ (၅၄)စီး၊ သွင်းကုန်ယာဉ်စီးရေ (၈၈)စီး၊ စုစုပေါင်း (၁၄၂)စီး၊ ပို့ကုန်(၀.၉၉၀) ဒေါ်လာသန်းနှင့် သွင်းကုန်(၁.၅၆၇) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၇ ရက်အထိ ပို့ကုန် ယာဉ်စီးရေ (၁၂၀၃)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၁၉၅)စီး ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကို ယွမ်ငွေကြေး၊ ဒေါ်လာ ငွေကြေးများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကို ဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက်ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိပါသည်။
မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀)ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀)ယွမ်၊ ဧည့်မထဆန် (၁)တန်လျှင် (၃၄၀၀)ယွမ်၊ ဆန်ကွဲ (A 1:2) (၁)တန် လျှင် (၃၀၀၀)ယွမ်၊ ရော်ဘာ RSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်း သိရှိရပါသည်။
ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေများအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ ညွှန်ကြားချက်များနှင့်အညီ ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။
မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ( ၁၁ ) ရက်နေ့မှ ( ၁၂ ) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၁) ဒေါ်လာသန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၆၅) ဒေါ်လာသန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၇၅) ဒေါ်လာသန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။
မောတောင်ကုန်သွယ်ရေးစခန်းမှ စက်တင်ဘာလ ( ၁၁ ) ရက်နေ့မှ ( ၁၂ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၅၂.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀၂)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၀.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇)သန်း၊ ဂျင်းခရု (အရှင်) (၀.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၄)၊ ဂဏန်း(အသေ) (၇.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၈၇)သန်း၊ ရေခူဆားနယ် (၉.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၇၂)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၄၅)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၉)သန်း၊ ငှက်ပျောသီး (၄၀)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၂)သန်း၊ ငရုတ်သီးစိမ်း (၁)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၃)တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၉)သန်း၊ ကြွေပြား (၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇)သန်း၊ ပုစွန်သားပေါက် အကောင်ရေ (၅)သိန်း၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃)သန်း ဖြစ်ပါသည်။
မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - ငါးမျိုးစုံ (၉၆၃.၅၃) ဒေါ်လာနှုန်း၊ (၅၂.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၅၀၂)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၇၇.၈) ဒေါ်လာနှုန်း၊ (၀.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၇) သန်း၊ ဂျင်းခရု (အရှင်) (၂၀၀၀) ဒေါ်လာနှုန်း၊ (၀.၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၄) သန်း၊ ဂဏန်း (အသေ) (၁၁၇၅.၆၈) ဒေါ်လာနှုန်း၊ (၇.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၈၇) သန်း၊ ရေခူဆားနယ် (၁၈၉၀.၁၁) ဒေါ်လာနှုန်း၊ (၉.၁) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၇၂) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၀၀၀) ဒေါ်လာနှုန်း၊ (၀.၄၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၉) သန်း၊ ငှက်ပျောသီး (၃၀၀) ဒေါ်လာနှုန်း၊ (၄၀) တန်၊ ကန်ဒေါ်လာ (၀.၀၁၂) ဒေါ်လာသန်း၊ ငရုတ်သီးစိမ်း (၈၀၀) ဒေါ်လာနှုန်း၊(၁) တန်၊ ကန်ဒေါ်လာ (၀.၀၀၀၈) ဒေါ်လာသန်း ဖြစ်သည်။
မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ -သစ်သီး (၃၀၀) ဒေါ်လာနှုန်း၊ (၃) တန်၊တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၉) သန်း၊ ကြွေပြား (1 M2) လျှင် (၃.၃၇၅) ဒေါ်လာနှုန်း၊ (၈၀၀) M2၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၂၇) သန်း၊ ပုစွန်သားပေါက် အကောင်ရေ (၁)သိန်း ဈေးနှုန်းမှာ (၆၀၀) ဒေါ်လာနှုန်း၊ အကောင်ရေ (၅)သိန်း၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၃) သန်း ဖြစ်ပါသည်။
မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။
မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၂-၉-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၀၄) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်သိရှိ ရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စက်တင်ဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၄၀) ဒေါ်လာသန်းဖြစ်ပြီး စက်တင်ဘာလ (၁-၉-၂၀၂၃မှ၁၂-၉-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၈၁၉) ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၀.၈၁၉) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၅၃.၁၈%)ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကိုအဓိကတင်ပို့လျက်ရှိပါတယ်။ စက်တင်ဘာလ (၁-၉-၂၀၂၃ မှ၁၂-၉-၂၀၂၃ထိ)တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာဂျင်း(အစို) (၁၁၅) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ ကွမ်းသီး(၃၈၉)တန်၊တန်ဖိုး(၀.၁၇၀)ဒေါ်လာသန်း၊ ဒညင်းသီး (၂၁) တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁၉)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ထန်းလျက် (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ နနွင်းတက် (၂)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၃၈၇.၈၁၇)တန်၊ တန်ဖိုး (၀.၄၉၂)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၁) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ငါးစုံလေးခြောက် (၂၈.၅)တန်၊ တန်ဖိုး (၀.၀၁၈) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၆၇.၅၀၈)တန်၊ တန်ဖိုး(၀.၀၉၀)ဒေါ်လာသန်း၊ စက်မှုကုန်ချော ပစ္စည်းများမှာ ဆီးယိုထုပ်(၈)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၂.၅)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သနပ်ခါးခဲ (၄)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက် (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ဆန်ကြာဆံ (၀.၅)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း တင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် စက်တင်ဘာလ (၁-၉-၂၀၂၃ မှ ၁၂-၉-၂၀၂၃)ထိတင်သွင်းနိုင် ခြင်းမရှိခဲ့ပါ။
မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဂျင်း(အစို) (၁)တန်လျှင်(၂၀၀)ဒေါ်လာ၊ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန်လျှင် (၁၂၆၆)ဒေါ်လာ၊ ငါးခေါင်းပွ (၁)တန်လျှင် (၁၃၀၆)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀) ဒေါ်လာ၊ ဆီးယိုထုတ် (၁)တန်လျှင် (၃၃၀)ဒေါ်လာ၊ ငါးနီတူခြောက် (၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ထွန်းရွှေဝါလိမ်းဆေး (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ မုန့်ဖတ်ခြောက် (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ၊ ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊ အုန်းသီးခြောက် (၁)တန်လျှင် (၃၁၇၀)ဒေါ်လာ၊ နနွင်းတက် (၁)တန်လျှင် (၅၆၂) ဒေါ်လာဈေးနှုန်းရှိပါတယ်။
မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့်စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်း တို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တော လမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက် လျက်ရှိပြီး ကညင်ချောင်းစီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့တင်ပို့လျက် ရှိပါသည်။
စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။
မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး (၁) အိတ် (၁၁၅၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁) ပိဿာ (၉၀၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၁) လုံး (၃၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၁၀၅၀၀) ကျပ်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံ စားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀)တာကာ ၊ကြက်သား (၁) ကီလို (၂၉၀.၀၀)တာကာ ၊ကြက်ဥ (၁) ဒါဇင် (၁၅၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၁၀-၀၉-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပ ငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၂၉၈၀) ကျပ်၊ (၁၁၈) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၈.၅၀) ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။