မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့ အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၈၉၃.၇) ဒေါ်လာနှုန်းဖြင့် (၄၉၅) တန် ၊ တန်ဖိုး (၀.၄၄၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၂၅.၂) ဒေါ်လာနှုန်းဖြင့်(၂၀၅၀) တန် ၊ တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၅၂)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၀၆၄)တန်၊ တန်ဖိုး (၀.၅၅၂) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၂၅) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၉.၅)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၃-၂-၂၀၂၄ မှ ၉-၂-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (3877.876) တန်၊ တန်ဖိုး (၀.၉၁၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆၉.၀၀၀) တန်၊တန်ဖိုး (၀.၀၉၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇.၀၀၀)တန်၊ (၀.၀၄၁)ဒေါ်လာသန်း၊ လိမ္မော်သီး (၃၄၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ထောပတ်သီး (၃၁၂.၅၀၀) တန်၊ တန်ဖိုး (၀.၁၇၂)ဒေါ်လာသန်း၊လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း၊ ဝါး (၂၆.၀၀၀)တန်၊ (၀.၀၁၀)ဒေါ်လာသန်း၊ MANGANESE DIOXIDE (၄၂၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၈)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၆၂.၀၀၀) တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်းနှင့် တံမြက်စည်း (၇.၂၀၀)တန်၊ (၀.၀၀၂)ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၁.၃၇၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၀၄.၂၈၆) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၃-၂-၂၀၂၄ မှ ၉-၂-၂၀၂၄) တွင် ဓာတ်ဆီ(၁၄၉၅) BBL ၊ တန်ဖိုး (၀.၁၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၁၈၃၄) BBL ၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၃၄) ဒေါ်လာသန်း၊မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၀၆၄) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၂၀၉) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၃) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၇၄) ဒေါ်လာသန်း၊စက်ဘီးအပိုပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၁၆)ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၈) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၇၂) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၂၀) ဒေါ်လာသန်း၊သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁)ဒေါ်လာသန်း၊ တာယာ (၀.၀၀၉)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၄၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၉၁) အပါအဝင် သွင်းကုန် တန်ဖိုး (၁.၅၃၈)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၉-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ် (အခြောက်)၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ် (အစို) ၊ ပီလောပီနံ (ခြောက်)၊  နှမ်း (နက်) ၊ နွယ်ချို နှင့် ကြာဝတ်ဆံတို့ တင်ပို့ခဲ့ပါသည်။ 

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ် (အခြောက်)၊ သတ္တု နှင့် သတ္တုရိုင်းများ၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ် (အစို) ၊ ပီလောပီနံ(ခြောက်)၊  နှမ်း (နက်) ၊ နွယ်ချို နှင့် ကြာဝတ်ဆံတို့ ဖြစ်ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင် ရွက်ပေးလျက်ရှိပါသည်။

            ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ် ကုန်ကြမ်းများ (၀.၃၄၄)ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ(၀.၂၁၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ (၀.၁၁၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၇၇) ဒေါ်လာသန်း၊ စားသောက်ကုန် (၀.၀၇၂) ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၆၈) ဒေါ်လာသန်း၊ တိရိစ္ဆာန်အစာ (၀.၀၆၅)ဒေါ်လာသန်း၊ အခြား စက္ကူများ (၀.၀၅၆)ဒေါ်လာသန်း ၊ ဆပ်ပြာ (၀.၀၃၈)ဒေါ်လာသန်းနှင့်  စက်ဆီ/ချောဆီ (၀.၀၃၅) တို့ ဖြစ်ပါ သည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၅၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၈.၀၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်ကျဆင်းကြောင်း တွေ့ရှိရပါသည်။

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်)(၁)တန်လျှင် (၁၄၆၉.၆၅၀) ဒေါ်လာဖြင့် ( ၁၁၉.၀၇၆ ) တန်၊ (၀.၁၇၅) ဒေါ်လာသန်း၊ သတ္ထုနှင့်သတ္ထုရိုင်းများ  (၁) တန် လျှင် (၂၀၄၆.၈၇၅) ဒေါ်လာဖြင့် (၆၄.၀၀၀) တန်၊ (၀.၁၃၁) ဒေါ်လာသန်း ၊ ကြက်သွန်နီ (၁) တန်လျှင် (၄၆၇.၀၇၉) ‌ဒေါ်လာဖြင့် (၁၇၇.၇၀၀) တန် ၊ (၀.၀၈၃) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၇၀.၈၃၃) ဒေါ်လာဖြင့် (၂၄၀.၀၀၀)တန်၊ (၀.၀၆၅)ဒေါ်လာသန်း ၊ ငရုတ်(အစို) (၁)တန်လျှင် (၃၄၂.၄၆၆)ဒေါ်လာဖြင့် (၁၄.၉၂၀)တန်၊ (၀.၀၅၁)ဒေါ်လာသန်း၊ ပီလောပီနံ (ခြောက်) (၁)တန်လျှင် (၁၄၆.၅၅၂)ဒေါ်လာဖြင့် (၁၁၆.၀၀၀)တန် (၀.၀၁၇)ဒေါ်လာသန်း၊ နှမ်း (နက်) (၁)တန်လျှင် (၁၅၀၀.၀၀၀)ဒေါ်လာဖြင့် (၄.၀၀)တန် (၀.၀၀၆)ဒေါ်လာသန်း၊ နွယ်ချို (၁)တန်လျှင် (၈၆၄.၄၂၉) ဒေါ်လာဖြင့် (၆.၉၄၁)တန်၊ (၀.၀၀၅) ဒေါ်လာ သန်းနှင့် ကြာဝတ်ဆံ (၁)တန်လျှင် (၁၉၄၉.၃၁၈)ဒေါ်လာဖြင့် (၁.၅၃၉) တန် (၀.၀၀၃)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၃.၉၅၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၃၆၁) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၄.၃၁၇) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၆-၂-၂၀၂၄)မှ (၁၀-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၄၆၆.၅၀၀)တန်၊ တန်ဖိုး(၀.၂၅၀)ဒေါ်လာသန်း၊ ဆန်ကွဲ(၇၁၈.၅၀၀) တန်၊ တန်ဖိုး (၀.၃၁၅)ဒေါ်လာသန်း၊ သခွားမွှေး(၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၇) ဒေါ်လာသန်း၊ နှမ်းဖြူ (၃၂.၅၀၀)တန်၊ တန်ဖိုး(၀.၀၄၉)ဒေါ်လာသန်း၊ ငရုတ်ခြောက်(၃၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၂)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ဖရဲသီး (၇၄၂.၅၀၀)တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း၊ ကြံ(၁၄၄၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၈)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၂၉၁၂.၀၀၀)တန်၊ တန်ဖိုး (၁.၀၅၄)ဒေါ်လာသန်း၊ ပြောင်း (၁၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ကော်ဖီမစ် (၄၃.၈၀၀)တန်၊ တန်ဖိုး(၀.၀၅၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခ မှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၂၃၆.၃၀၀)တန်၊ တန်ဖိုး(၀.၁၇၃)ဒေါ်လာသန်း၊ ဂျပ်ဖာ (၇၀.၁၀၀)တန်၊ တန်ဖိုး(၀.၀၂၆)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၆)ဒေါ်လာသန်း၊ တစ်ရှူး(၇၃.၇၀၀)တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ ကုန်စုံ(၉၉၇.၈၀)တန်၊ (၁၄၅၆၆၈)U၊ (၁၉၇၉၅)PAIR၊ တန်ဖိုး (၁.၀၂၅) ဒေါ်လာသန်း၊ စက္ကူလိပ်(၈၃.၆၀၀)တန်၊ တန်ဖိုး(၀.၀၃၆)ဒေါ်လာသန်း၊ စတီးပိုက် (၁၅.၆၄)တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ထွန်စက် (၁)U ၊တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ သံပိုက် (၁၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း၊ ဆေး(၃၈၈၆၃၀) U၊ တန်ဖိုး (၀.၀၆၅) ဒေါ်လာသန်း၊ ကော်ဇောအခင်း(၂၅.၁၀၀)တန်၊ (၂၀၀)U၊ (၅၀၅၀၀)PAIR ၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ ပလပ်စတစ် (၂.၅၀၀)တန်၊ (၅၁၀၀)PAIR၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်း ဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ (၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ် - စိန်လုံ - မိုးမောက် (ကျောက်စခန်း) - ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၅-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ် လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၁၀-၂-၂၀၂၄ ရက်နေ့တွင် (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍ မြန်မာကျပ်ငွေ ဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

         ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၁၀) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၉.၀၂၃) ဒေါ်လာသန်း၊ သွင်းကုန် (၁.၄၃၁)ဒေါ်လာသန်း၊ စုစုပေါင်း(၁၀.၄၅၄)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၅၀.၉၉၅%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၅)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၆)ရက်မှ ဖေဖော်ဝါရီလ (၁၀) ရက် နေ့ အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၅၁၇၅) တန်၊ တန်ဖိုး (၁.၇၉၇) ဒေါ်လာသန်း၊ ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၄၈၀.၀) တန်၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှု အနေဖြင့် တန်ချိန် (၃၉၇) တန်၊ တန်ဖိုး(၀.၂၀၁)ဒေါ်လာသန်း ၊Iron Concentrate တန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်း၊ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၂၄၀) တန်၊ တန်ဖိုး (၀.၁၃၆)ဒေါ်လာသန်း နှင့်ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၄၂၈)တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၆၃.၁၀) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၅၄) တန်၊ တန်ဖိုး (၀.၂၈၇) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၂၇၁) တန်၊ တန်ဖိုး (၀.၁၅၇) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Pages