မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့မှ (၁၁) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၃၂၃)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၄၆၄)သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၃၇၈၇)သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၇) ရက်နေ့ မှ (၁၁) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၉၆) တန်၊ (၀.၀၃၆၅) ဒေါ်လာသန်း၊ ငရုတ်သီး (၁၈၁.၄၆) တန်၊ တန်ဖိုး (၀.၁၄၂၆) ဒေါ်လာသန်း၊ ငှက်ပျောသီး (၁၅) တန်၊ တန်ဖိုး (၀.၀၀၄၆) သန်း၊  ရေထွက် ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၁၀၀.၀၂၀) တန်၊ တန်ဖိုး (၀.၁၄၃၂) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၁၈) တန်၊ တန်ဖိုး (၀.၀၀၂၄) ဒေါ်လာ သန်း၊ စက်မှုကုန်ချောပစ္စည်း အနေဖြင့် တံမြက်စည်း (၁၅၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၂၃.၅) တန်၊ တန်ဖိုး (၀.၀၀၅၉) ဒေါ်လာသန်း၊ Gypsum Board (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅၀) ဒေါ်လာသန်း၊  A4 စက္ကူ (၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၅၅) ဒေါ်လာသန်း၊ ကြွေပြား (၃၃၀၀) M2 ၊ တန်ဖိုး (၀.၀၀၇၉) ဒေါ်လာသန်း၊ ဖိနပ် (၁၈၀၀၀) 2U၊ (၀.၀၀၂၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၉၅၀.၅၅) ဒေါ်လာနှုန်း၊ ပုစွန် (၄၀၃၀.၀၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၅၀.၀၀) ဒေါ်လာ နှုန်း၊ ကင်းမွန် (၁၆၃၆.၃၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၅၀.၂၀၀) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၈၅.၆၂၀) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၆.၆၇၀) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃၃၃) ဒေါ်လာသန်း၊ တံမြက်စည်း တစ်ချောင်းလျှင် (၀.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၅၁.၀၆၄) ဒေါ်လာနှုန်း၊ Gypsum Board (၁၆၆.၆၇) ဒေါ်လာနှုန်း၊ A4 စက္ကူ (၁၂၇၅) ဒေါ်လာနှုန်း၊ ကြွေပြား (၁)M2   (၂.၃၉၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၁-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၁၂) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၈.၈) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOBစနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်း များမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

           ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၆၁၃.၀၀၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၉၀၆)သန်းနှင့် သွင်းကုန်တန်ချိန်(၃၈၄၆.၆၂၆)၊ (၁၉၂၅)U၊   (၃၉၉၁၈၀)2U၊ (၈၁၀၈၅.၀၄၆)M2၊ ၄၁၉၀(BBL) တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၅၀၆)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏ မှာ (၄.၄၁၂) ဒေါ်လာသန်း ဖြစ်ပါသည်။

အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ စက်ဟောက်တန်ချိန် (၈၀.၆၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၅၅၉၁၁.၂၄၀)၊ (၁)တန်ဈေးနှုန်း (၆၉၃.၀၀၀)အမေရိကန်ဒေါ်လာ၊ ပါကင်တန်ချိန် (၆၅၆.၆၇၂)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၉၅၅၀၂.၄၀၀)၊ (၁)တန်ဈေးနှုန်း (၄၅၀)အမေရိကန်ဒေါ်လာ၊ တာဝမ်တန်ချိန် (၃၀.၁၂၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၂၀၄.၄၀၀)၊ (၁)တန် ဈေးနှုန်း(၈၇၀) အမေရိကန်ဒေါ်လာ၊ တာတိုတန်ချိန် (၁၆.၉၇၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၅၂၇၃.၀၀၀)၊ (၁) တန် စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ ပလာတူး တန်ချိန်(၃၇၈.၆၈၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၇၁၁၀၆.၄၀၀)၊ (၁)တန်စျေးနှုန်း(၉၈၀) အမေရိကန်ဒေါ်လာ၊ ဘောင်းကြေးငါး တန်ချိန် (၅၆၈.၈၄၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၄၁၈၄၂.၅၀၀)၊ (၁)တန် စျေးနှုန်း (၉၅၂.၀၀၀) အမေရိကန်ဒေါ်လာ၊ အမေရိကန်ဒေါ်လာ၊ ဓနိရွက်တန်ချိန် (၃၂.၀၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၄၈၄.၅၇၁) ၊ (၁) တန် စျေးနှုန်း(၁၅.၁၄၂) အမေရိကန်ဒေါ်လာ၊ ဆီအုန်းစေ့တန်ချိန် (၁၂၀.၀၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀၂၉၂.၀၉၁)၊ (၁)တန်စျေးနှုန်း (၈၅.၇၆၇)အမေရိကန်ဒေါ်လာ တို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ငါးဖမ်းပိုက်(၂၆.၇၈၄)တန်၊ တန်ဖိုးအမေရိကန် ၊ ကော်စေ့ (၄၆.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၃၅၀၀၀.၀၀၀)၊ (၁)တန်စျေးနှုန်း(၇၆၀.၈၆၉) အမေရိကန် ဒေါ်လာ၊ လူသုံးပစ္စည်း(၁၉၄.၇၆၅)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၁၀၀၀.၀၀၀)၊ (၁)တန်စျေးနှုန်း (၆၇၂.၆၀၅) အမေရိကန်ဒေါ်လာ၊ စက်အပိုပစ္စည်း (၁၂၃.၅၂၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၅၀၀၀.၀၀၀)၊ (၁)တန်ဈေးနှုန်း (၆၈၈.၁၀၃)အမေရိကန်ဒေါ်လာ၊  ဓာတ်မြေဩဇာ(၄၃၆.၀၀၀)တန်၊ အမေရိကန်ဒေါ်လာ (၆၁၀၀၀)၊ (၁)တန်စျေးနှုန်း (၁၃၉.၉၀၈) အမေရိကန်ဒေါ်လာ၊ သံပေပါ(၁၁၀၀)U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၄၀၀၀.၀၀၀)၊ (၁)တန် ဈေးနှုန်း(၃.၆၃၆.) အမေရိကန်ဒေါ်လာ၊ ဒီဇယ်ဆီ (၃၇၅၀)BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၁၇၈၆၂.၅၀၀)၊ (၁)BBLဈေးနှုန်း(၁၁၁.၄၃၀) အမေရိကန် ဒေါ်လာ၊ ဖိနပ်(၃၉၉၁၈၀)2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄၇၀၀၀)၊ (၁)2Uဈေးနှုန်း (၀.၁၁၈)အမေရိကန် ဒေါ်လာ၊ ကြွေပြား (၈၁၀၈၅.၀၄၆)M2၊  တန်ဖိုး အမေရိကန်ဒေါ်လာ (၂၀၁၈၁၅.၅၈၀)၊ (၁)M2ဈေးနှုန်း (၂.၄၈၉) တို့ဖြစ်ပြီး ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ် ရှိကြောင်းသိရှိရပါသည်။

          ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှု ကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။   (၁၀-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၂၀.၄၁)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ(၉၈)ကျပ်ခန့် (၉-၂-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီဈေးနှုန်းများ အနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၉၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့ အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၈၉၃.၇) ဒေါ်လာနှုန်းဖြင့် (၄၉၅) တန် ၊ တန်ဖိုး (၀.၄၄၂) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့ မှ (၁၀)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၂၅.၂) ဒေါ်လာနှုန်းဖြင့်(၂၀၅၀) တန် ၊ တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၅၂)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၀၆၄)တန်၊ တန်ဖိုး (၀.၅၅၂) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၂၅) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀)ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၉၉.၅)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၃-၂-၂၀၂၄ မှ ၉-၂-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (3877.876) တန်၊ တန်ဖိုး (၀.၉၁၀)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆၉.၀၀၀) တန်၊တန်ဖိုး (၀.၀၉၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇.၀၀၀)တန်၊ (၀.၀၄၁)ဒေါ်လာသန်း၊ လိမ္မော်သီး (၃၄၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ထောပတ်သီး (၃၁၂.၅၀၀) တန်၊ တန်ဖိုး (၀.၁၇၂)ဒေါ်လာသန်း၊လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း၊ ဝါး (၂၆.၀၀၀)တန်၊ (၀.၀၁၀)ဒေါ်လာသန်း၊ MANGANESE DIOXIDE (၄၂၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၈)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၆၂.၀၀၀) တန်၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်းနှင့် တံမြက်စည်း (၇.၂၀၀)တန်၊ (၀.၀၀၂)ဒေါ်လာသန်းအပါအဝင် ပို့ကုန်တန်ဖိုး (၁.၃၇၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၀၄.၂၈၆) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၃-၂-၂၀၂၄ မှ ၉-၂-၂၀၂၄) တွင် ဓာတ်ဆီ(၁၄၉၅) BBL ၊ တန်ဖိုး (၀.၁၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၁၈၃၄) BBL ၊ တန်ဖိုး (၀.၂၀၈) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၃၄) ဒေါ်လာသန်း၊မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၀၆၄) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၂၀၉) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၃) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၇၄) ဒေါ်လာသန်း၊စက်ဘီးအပိုပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၁၆)ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၈) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၇၂) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၂၀) ဒေါ်လာသန်း၊သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၁)ဒေါ်လာသန်း၊ တာယာ (၀.၀၀၉)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၄၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၉၁) အပါအဝင် သွင်းကုန် တန်ဖိုး (၁.၅၃၈)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၉-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ် (အခြောက်)၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ် (အစို) ၊ ပီလောပီနံ (ခြောက်)၊  နှမ်း (နက်) ၊ နွယ်ချို နှင့် ကြာဝတ်ဆံတို့ တင်ပို့ခဲ့ပါသည်။ 

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ် (အခြောက်)၊ သတ္တု နှင့် သတ္တုရိုင်းများ၊ ကြက်သွန်နီ၊ ပြောင်း၊ ငရုတ် (အစို) ၊ ပီလောပီနံ(ခြောက်)၊  နှမ်း (နက်) ၊ နွယ်ချို နှင့် ကြာဝတ်ဆံတို့ ဖြစ်ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင် ရွက်ပေးလျက်ရှိပါသည်။

            ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံး ပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ် ကုန်ကြမ်းများ (၀.၃၄၄)ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ(၀.၂၁၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိ ပစ္စည်းများ (၀.၁၁၀) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၇၇) ဒေါ်လာသန်း၊ စားသောက်ကုန် (၀.၀၇၂) ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်းများ (၀.၀၆၈) ဒေါ်လာသန်း၊ တိရိစ္ဆာန်အစာ (၀.၀၆၅)ဒေါ်လာသန်း၊ အခြား စက္ကူများ (၀.၀၅၆)ဒေါ်လာသန်း ၊ ဆပ်ပြာ (၀.၀၃၈)ဒေါ်လာသန်းနှင့်  စက်ဆီ/ချောဆီ (၀.၀၃၅) တို့ ဖြစ်ပါ သည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၅၀)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၈.၀၃) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်ကျဆင်းကြောင်း တွေ့ရှိရပါသည်။

            ၉-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်)(၁)တန်လျှင် (၁၄၆၉.၆၅၀) ဒေါ်လာဖြင့် ( ၁၁၉.၀၇၆ ) တန်၊ (၀.၁၇၅) ဒေါ်လာသန်း၊ သတ္ထုနှင့်သတ္ထုရိုင်းများ  (၁) တန် လျှင် (၂၀၄၆.၈၇၅) ဒေါ်လာဖြင့် (၆၄.၀၀၀) တန်၊ (၀.၁၃၁) ဒေါ်လာသန်း ၊ ကြက်သွန်နီ (၁) တန်လျှင် (၄၆၇.၀၇၉) ‌ဒေါ်လာဖြင့် (၁၇၇.၇၀၀) တန် ၊ (၀.၀၈၃) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၇၀.၈၃၃) ဒေါ်လာဖြင့် (၂၄၀.၀၀၀)တန်၊ (၀.၀၆၅)ဒေါ်လာသန်း ၊ ငရုတ်(အစို) (၁)တန်လျှင် (၃၄၂.၄၆၆)ဒေါ်လာဖြင့် (၁၄.၉၂၀)တန်၊ (၀.၀၅၁)ဒေါ်လာသန်း၊ ပီလောပီနံ (ခြောက်) (၁)တန်လျှင် (၁၄၆.၅၅၂)ဒေါ်လာဖြင့် (၁၁၆.၀၀၀)တန် (၀.၀၁၇)ဒေါ်လာသန်း၊ နှမ်း (နက်) (၁)တန်လျှင် (၁၅၀၀.၀၀၀)ဒေါ်လာဖြင့် (၄.၀၀)တန် (၀.၀၀၆)ဒေါ်လာသန်း၊ နွယ်ချို (၁)တန်လျှင် (၈၆၄.၄၂၉) ဒေါ်လာဖြင့် (၆.၉၄၁)တန်၊ (၀.၀၀၅) ဒေါ်လာ သန်းနှင့် ကြာဝတ်ဆံ (၁)တန်လျှင် (၁၉၄၉.၃၁၈)ဒေါ်လာဖြင့် (၁.၅၃၉) တန် (၀.၀၀၃)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၃.၉၅၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၃၆၁) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၄.၃၁၇) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Pages