လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၄-၂-၂၀၂၄ မှ ၅-၂-၂၀၂၄ ရက်နေ့အတွင်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုဆောင်ရွက်ရာ၌ ဆန် ၂၆၂.၅၀ တန်၊ ဆန်ကွဲ ၂၃၁.၀၀ တန်၊ ကြက်သွန်နီ ၉၇.၀၀ တန်၊ ဆီးခွဲခြမ်း ၃၃.၀၀ တန်၊ ငရုတ်ခြောက် ၁၅.၅၀ တန်၊ ဂျင်းခြောက် ၀.၅၅၀ တန်၊ ဖရဲသီး ၁၁၂.၀၀ တန်၊ ကြံ ၅၇၀.၀၀ တန်၊ တစ်သျှူးငှက်ပျော ၁၁၃၈.၀၀ တန်နှင့် ဆီးဇံ ၂၅.၀၀ တန် တင်ပို့နိုင်ခဲ့သည်။

   ပို့ကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်း အနေဖြင့် ဆန် ၅၆၀ ဒေါ်လာ၊ ဆန်ကွဲ ၄၅၀ ဒေါ်လာ၊ ပြောင်း ၃၁၀ ဒေါ်လာ၊ ဖရဲသီး ၁၅၀ ဒေါ်လာ၊ တစ်သျှူးငှက်ပျော ၃၈၀ ဒေါ်လာနှင့် ပဲတီစိမ်း ၆၅၀ ဒေါ်လာရှိကြောင်း သိရှိရသည်။

   ယခုအပတ်အတွင်း သွင်းကုန်များအနေဖြင့် သံ ၁၃၈.၄၂၀ တန်၊ ဂျပ်ဖာ ၅၀.၀၀ တန်၊ ကုန်စုံ ၃၅၆.၉၀ တန်၊၂၇၆၇၄ ခု၊ ၂၀၀ ရံ၊ စက္ကူ ၁၈.၅၀ တန်၊ သံပိုက် ၁၈.၇၀ တန်၊ စက္ကူလိပ် ၆.၅၀ တန်၊ ပိုက်ဆက် ၂၂.၇၀ တန်၊ ဆေး ၆၂၃၀၀ ခု ၊ ပိုက်  ၇.၃၀ တန်၊ ၃၀ ခု၊ ပလပ်စတစ် ၁၉.၀၀ တန်နှင့် မြက်ခင်းတု ၇.၉၀ တန် တင်သွင်းနိုင်ခဲ့သည်။

   သွင်းကုန်ပစ္စည်းများ၏ တစ်တန်ဈေးနှုန်း အနေဖြင့် စက္ကူလိပ် ၃၅၀ ဒေါ်လာ၊ ပီနံအိတ် ၈၀၀ ဒေါ်လာ၊ ပိတ်လိပ် ၅၇၀ ဒေါ်လာ၊ ဂျပ်ဖာ ၃၉၀ ဒေါ်လာ၊ ချည်ခင် ၆၆၇ ဒေါ်လာရှိကြောင်း သိရှိရ ပါသည်။

DOT ( လွယ်ဂျယ်)

           မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့မှ (၆) ရက်နေ့  အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၇၆) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၁၁) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၀၈၇) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၄) ရက်နေ့ မှ (၆) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ငရုတ်သီး (၆၂.၁၆၆) တန်၊ တန်ဖိုး (၀.၀၄၈၈) ဒေါ်လာသန်း၊ ရေထွက် ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ ၊ ပုစွန်၊ ကဏန်းနှင့် အခြားရေထွက်ပစ္စည်းများ (၃၅.၅၂၀) တန်၊ တန်ဖိုး (၀.၀၅၅၄) ဒေါ်လာသန်း၊  စက်မှုကုန်ချောအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီး (၄.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ(၉၅၀.၄၂)ဒေါ်လာနှုန်း၊ ပုစွန်(၄၀၂၉.၈၅)ဒေါ်လာနှုန်း၊ ကဏန်း(၂၃၅၂.၉၄) ဒေါ်လာနှုန်း၊ တံမြက်စည်း တစ်ချောင်းလျှင် (၀.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၄၄.၄၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် နှင့် ကုန်ပွ (၇၀၀,၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ်-တနင်္သာရီ-မောတောင် ကုန်သွယ်မှု လမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၆-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေ ကျပ် (၁) သိန်းလျှင် ဘတ် (၁၀၂၅) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၇.၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်ကျခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

             ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့နေသောပစ္စည်း များမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၅ရက်နေ့အထိ ပို့ကုန် တန်ချိန် (၂၂၁၇.၀၀၀)၊

                 အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ငါးစက္ကူတန်ချိန် (၃.၅၂၀)၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၃၅၆၂.၀၀၀)၊ (၁)တန်ဈေးနှုန်း (၁၆၆၀.၀၀၀) အမေရိကန်ဒေါ်လာ ၊ ငါးချဉ်ပေါင် တန်ချိန် (၁၆.၁၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၀၃၆၁.၆၀၀)၊ (၁)တန်ဈေးနှုန်း (၁၂၆၀)အမေရိကန်ဒေါ်လာ၊ ပလာတူး တန်ချိန် (၂၈၂.၀၃၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၇၆၃၉၄.၃၀၀)၊ (၁)တန် ဈေးနှုန်း(၉၈၀) အမေရိကန်ဒေါ်လာ၊ ကြိမ်မွှေ့ဒေါင်းတန်ချိန်(၅.၆၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၈၄၀.၀၀၀)၊ (၁)တန် စျေးနှုန်း (၁၄၀၀)အမေရိကန်ဒေါ်လာ၊ ရေဘဝဲတန်ချိန်(၃.၄၄၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၀၅.၆၀၀)၊ (၁)တန် စျေးနှုန်း (၂၂၄၀) အမေရိကန်ဒေါ်လာ၊ ပလာလန်း တန်ချိန် (၅၀.၂၄၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၅၂၆၆.၂၀၀)၊ (၁)တန် စျေးနှုန်း (၁၁၀၀) အမေရိကန်ဒေါ်လာ၊ ခွေးလျှာတန်ချိန် (၆.၆၄၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၇၄၃၆.၈၀၀)၊ (၁)တန်စျေးနှုန်း (၁၁၂၀) အမေရိကန်ဒေါ်လာ၊ ငါးညှိချောတန်ချိန် (၃၂.၂၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၈၃၈၈.၈၀၀) ၊ (၁) တန်စျေးနှုန်း(၈၈၀) အမေရိကန်ဒေါ်လာ၊ ကင်းမွန်တန်ချိန် (၄၀.၉၅၅)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၃၂၄၁.၅၀၀)၊ (၁)တန် စျေးနှုန်း (၁၃၀၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ငါးဖမ်းပိုက်(၉.၂၁၇)တန်၊ တန်ဖိုးအမေရိကန် ၊ ကော်စေ့ (၅၃.၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၁၀၀၀.၀၀၀)၊ (၁)တန်စျေးနှုန်း (၁၅၂၂.၅၅၆) အမေရိကန် ဒေါ်လာ၊ လူသုံးပစ္စည်း(၁၂၅.၂၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၁၄၀၀၀.၀၀၀)၊ (၁)တန် စျေးနှုန်း (၉၀၉.၈၈၉) အမေရိကန်ဒေါ်လာ ၊ ဘေစင်(၀.၃၃၆) တန်၊  တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၀၀.၀၀၀)၊ (၁)တန်ဈေးနှုန်း (၂၉၇၆.၁၉၀)အမေရိကန်ဒေါ်လာ၊ ရေချိုးကန်(၀.၂၈၂)တန်၊ အမေရိကန်ဒေါ်လာ(၂၀၀၀)၊ (၁)တန်စျေးနှုန်း (၇၀၉၂.၁၉၈) အမေရိကန်ဒေါ်လာ၊ လျှပ်စစ်ပစ္စည်း(၀.၀၉၁) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၁၀၀၀.၀၀၀)၊ (၁)တန် ဈေးနှုန်း(၁၀၉၈၉.၀၁၁) အမေရိကန်ဒေါ်လာ၊ ဘိုထိုင်အိမ်သာ (၅.၀၀၀)U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁၀၀၀)၊ (၁)Uဈေးနှုန်း(၂၀၀.၀၀၀) အမေရိကန်ဒေါ်လာ၊ ဖိနပ် (၈၀၈၅၆)2U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၉၀၀၀)၊ (၁)2U ဈေးနှုန်း(၀.၁၁၁) အမေရိကန်ဒေါ်လာ တို့ဖြစ်ပြီး ရေယာဉ်ခ (ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်းသိရှိရပါသည်။

              ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့် ဆောင်ရွက်လျက်ရှိသည်။         (၅-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၁၀၁၅.၂၃)ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၉၈.၅) ကျပ်ခန့် (၄-၁-၂၀၂၄) ရက်နေ့ နှိုင်းယှဉ်လျှင်တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများ အနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၉၅၀)ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်ဖြင့် တည်ငြိမ် လျက်ရှိသည်။

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄)ရက်နေ့ မှ ဖေဖော်ဝါရီလ (၅)ရက်နေ့ အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၈၉၃.၇) ဒေါ်လာနှုန်းဖြင့် (၉၀၀) တန် ၊ တန်ဖိုး (၀.၈၀၄) ဒေါ်လာသန်း အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း ၊ ငါးကြိတ်သား (၁) တန် လျှင် (၁၈၁၇) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၉) ဒေါ်လာသန်းတို့အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ ၍ မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့်ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်း ဖြင့်လည်းကောင်း တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး (၀.၈၅၃) ဒေါ်လာသန်း တင်ပို့ခဲ့ပါ သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်)ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့မှ ဖေဖော်ဝါရီလ(၅) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၂၅) ဒေါ်လာနှုန်းဖြင့် (၄၀၀) တန် ၊ တန်ဖိုး (၀.၃၃) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၈၉၉.၇) ဒေါ်လာနှုန်းဖြင့် (၁၀၀) တန် ၊ တန်ဖိုး (၀.၀၉) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၄၂) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉.၅) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

             တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဖေဖော်ဝါရီလ၅ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၆၅၉) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၀.၈၉၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၁.၅၅၆) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၅-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၄၉၁.၆၂၈) တန်၊တန်ဖိုး(၀.၁၁၆) ဒေါ်လာသန်း၊ထောပတ်သီး (၁၃၀.၅) တန်၊ တန်ဖိုး (၀.၀၇၂) ဒေါ်လာသန်း၊ကြက်သွန်နီ (၃၄)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ လိမ္မော်သီး (၇၉.၂) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ပလပ်စတစ်ဖြတ်စ(၁၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၃၄)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၂၂၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၅-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင်(၁၀၀၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၅-၂-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၀၃၀) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၉၅)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၀၉) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၂၅) ဒေါ်လာသန်း၊ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၇) ဒေါ်လာသန်း၊ကွန်ကရစ်အမိုးပြား (၀.၀၁၁) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၁၅)ဒေါ်လာသန်းအပါအဝင် (၀.၄၀၂) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Pages