၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့

လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် (၂၅-၂-၂၀၂၄)မှ (၂၆-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၆၅၈.၅၀၀) တန်၊ တန်ဖိုး (၀.၃၉၆) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၂၃.၂၅၀) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ သခွားမွှေး(၁၂၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ပဲယင်း(၆၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၂)ဒေါ်လာသန်း၊ ထောပတ်ပဲ (၃၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၇)ဒေါ်လာသန်း၊ ပိုးလုံးအိမ် (၁၃.၅၀၀)တန်၊ တန်ဖိုး (၀.၁၁၅) ဒေါ်လာသန်း၊ မြေထောက်ပဲ(၃၆၉.၅၀၀) တန်၊ တန်ဖိုး (၀.၄၅၁) ဒေါ်လာသန်း၊ မြေပဲဆံ (၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ ဖရဲသီး (၈၈၉.၅၀၀)တန်၊ တန်ဖိုး (၀.၁၂၇) ဒေါ်လာသန်း၊ ကြံ (၃၆၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၈၈၈.၀၀၀)တန်၊ တန်ဖိုး (၀.၆၈၂) ဒေါ်လာသန်း၊  ပြောင်း (၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း တင်ပြနိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ (၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ဂျပ်ဖာ (၅၄.၁၀)တန်၊ တန်ဖိုး (၀.၀၂၀)ဒေါ်လာသန်း၊ ကုန်စုံ (၂၆၀.၈၉)တန်၊ (၆၂၃၇၅)U၊ (၁၇၁၇၀)PAIR၊ တန်ဖိုး (၀.၃၀၇)ဒေါ်လာသန်း၊ ဆေးပစ္စည်း (၁၁၇၀၃၀)U၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း တင်သွင်း နိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့ထိ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၆၅၈၂) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ(၀.၃၀၆၆) သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၉၆၄၈)သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၂၁) ရက်နေ့ မှ (၂၅) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ(၂၀၅.၀၀) တန်၊ (၀.၀၇၄၅) ဒေါ်လာသန်း၊ ငရုတ်သီး (၂၂၃.၁၅၇) တန်၊ တန်ဖိုး (၀.၁၆၅၆) ဒေါ်လာသန်း၊ ငှက်ပျောသီး (၄၅) တန်၊ တန်ဖိုး (၀.၀၁၃၇) သန်း၊ ရေထွက် ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၃၃၁.၂၀၀) တန်၊ တန်ဖိုး (၀.၄၀၃၆) ဒေါ်လာသန်း၊  သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၆) တန်၊ တန်ဖိုး (၀.၀၀၀၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁၄.၀၀) တန်၊ တန်ဖိုး (၀.၀၀၉၁) ဒေါ်လာသန်း၊ ကြွေပြား (၅၇၄၀) M2 ၊ တန်ဖိုး (၀.၁၃၈) ဒေါ်လာသန်း၊ ပုစွန်သားပေါက် (၅၀၀၀၀၀) U၊ တန်ဖိုး(၀.၀၀၂၈)ဒေါ်လာသန်း၊ ဖိနပ်(၆)တန်၊ တန်ဖိုး (၀.၀၀၀၇)ဒေါ်လာသန်း၊ ငါးသေတ္တာ ဘူးခွံ (၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ ကျောက်ပြား (၁၁၈) တန်၊ တန်ဖိုး (၀.၀၂၃၁) ဒေါ်လာသန်း၊ A4 စက္ကူ (၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅၁) ဒေါ်လာသန်း၊ ရေခဲစက်(၁) U၊ တန်ဖိုး (၀.၁၂၆၂) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ (၉၄၅.၅၇၅) ဒေါ်လာနှုန်း၊ ပုစွန် (၆၇၈၆.၆၈) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၉၄.၁၁) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၅၉၇.၁၆) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၆၃.၄၁၅) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၄၂.၀၇၈.၉၄၁) ဒေါ်လာနှုန်း၊ ငှက်ပျောသီး (၃၀၄.၄၄၄) ဒေါ်လာနှုန်း၊ ဓနိဖက် (၁၃၃.၃၃) ဒေါ်လာသန်း ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ - သစ်သီး (၂၇၁.၄၂၈) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၄၀၄) ဒေါ်လာနှုန်း၊ ဖိနပ် (၁၁၆.၆၆၆) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၂၀) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၅.၇၆၃) ဒေါ်လာနှုန်း၊ A4 စက္ကူ (၁၂၇၅) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မြိတ်မှမောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း၏ ကျပ်၊ ဘတ် ငွေလဲနှုန်း

              မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ် စနစ်အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၈-၂-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၀၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၀.၀၀) ကျပ်ခန့် ရှိပါကြောင်းနှင့် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ် တင်ပြ အပ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

              ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၉၂၂.၆၄၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅.၁၈၅)သန်းနှင့် သွင်းကုန်တန်ချိန် (၁၃၅၄.၅၇၂)၊ (၁၇၅၃)U၊(၁၄၄၀၀၀)2U၊ (၁၁၉၀)BBL တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၈၈၀)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၆ .၀၆၅) သန်းဖြစ်ပါသည်။၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၀.၅) သန်းဖြစ်ပြီး (၂၄-၂-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၂၆.၅၆၇) ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၃၀% ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် (၃၃၉၆.၈၃)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂.၉၆၂) သန်းနှင့် အခြားပစ္စည်း အုပ်စုတွင် ၁၅၂၅.၈၁၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၂၂၃ သန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုတစ်ပတ် အတွင်း ငါးဈေးနှုန်းများမှာ သဲဂဏန်း ၊ ၁ ကီလိုဂရမ်၊ ၃.၈၉၀ ဒေါ်လာ၊ ကုလားကုတ်၊ ၁ ကီလိုဂရမ်၊ ၁.၃၀၀ ဒေါ်လာ၊ ကင်းမွန်(8 - 12 cm)၊၁ ကီလိုဂရမ်၊၂.၁၀၀ ဒေါ်လာ၊ ရေဘဝဲ(100 gm down)၊၁ ကီလိုဂရမ်၊၁.၈၃၄ ဒေါ်လာ၊ပုဇွန်ကြမ်း (size 61 - 70)၊၁ ကီလိုဂရမ်၊၅.၅၀၀ ဒေါ်လာ၊ ပလာတူး၊၁ ကီလိုဂရမ်၊၀.၉၈၀ ဒေါလာ၊ လိုင်းဝါ၊၁ ကီလိုဂရမ်၊၁.၈၂၀ ဒေါ်လာ၊ ငါးစက္ကူ(1000 gm down)၊၁ ကီလိုဂရမ်၊၁.၃၇၀ ဒေါ်လာ၊ ကြိမ်မွေ့ဒေါင်း(800 gm down) ၊ ၁ ကီလိုဂရမ် ၊၁.၁၃၀ ဒေါ်လာ၊ ကဗျက် (100 – 150 gm)၊၁ ကီလိုဂရမ်၊၀.၉၀၆ ဒေါ်လာတို့ဖြစ်ပါသည်။

        သွင်းကုန်ပိုင်းအနေဖြင့်       ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင် (၃၅၈၅၃၀.၆၄၀) M2၊ (၃) U၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၃၆၄) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၇၅၀) U၊ (၆၃၃.၂၀၇) တန်၊ (၁၁၉၀) BBL၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၁၈) သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင် (၁၄၄၀၀၀) (2U)၊ (၇၂၁.၀၈၅) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၀.၁၉၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မှ (၂၄)ရက်နေ့ အတွင်း ပို့ကုန် ငါးမှုန့်(၁) တန်လျှင် (၉၁၄) ဒေါ်လာနှုန်းဖြင့် (၁၀၀၅) တန် ၊ တန်ဖိုး (၀.၉၁၉) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်လျှောက် ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ငါးကြိတ်သား (၁) တန်လျှင် (၁၈၄၀) ဒေါ်လာနှုန်းဖြင့် (၆၃) တန် ၊ တန်ဖိုး (၀.၁၁၆) ဒေါ်လာသန်းတို့အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ (၁)တန် လျှင် (၁၃၉၀) ဒေါ်လာနှုန်းဖြင့် (၅၀၄) တန် ၊ တန်ဖိုး (၀.၇၀၁) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထား ရယူ၍ မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၁.၇၃၆) ဒေါ်လာ သန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေ ဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ သွင်းကုန်တင်သွင်းနိုင်မှုအခြေအနေ

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ မှ (၂၄)ရက်နေ့အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၁) ဒေါ်လာနှုန်းဖြင့်(၂၅၇၀) တန် ၊ တန်ဖိုး (၂.၁၃၆) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၁၈)ဒေါ်လာနှုန်းဖြင့်(၁၁၂၅) တန် ၊ တန်ဖိုး (၁.၀၃၃) ဒေါ်လာ သန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၂၀.၁၄၆)တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း စုစုပေါင်း သွင်းကုန်တန်ဖိုး (၃.၃၂၈) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ် နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၇-၂-၂၀၂၄ မှ ၂၃-၂-၂၀၂၄) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၇,၃၄၀.၀၄၃) တန်၊ တန်ဖိုး (၁.၆၉၂) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ (၃၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၆၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၁၉.၅၀၀) တန်၊ တန်ဖိုး (၀.၁၀၉) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ထောပတ်သီး (၃၀၈.၀၀၀) တန်၊ တန်ဖိုး (၀.၁၇၀)ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၁၆.၈၀၀)တန်၊ တန်ဖိုး (၀.၀၀၉) ဒေါ်လာသန်း၊ ဆိတ်(အရှင်) (၄၀၀)ကောင်၊ တန်ဖိုး (၀.၀၁၅) ဒေါ်လာသန်း၊ တံမြက်စည်း (၁၁၃.၇၀၀)တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၈၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်းနှင့်  ပလတ်စတစ်ဖြတ်စ (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၄) အပါအဝင် ပို့ကုန်တန်ဖိုး (၂.၂၂၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်း လျှင် (၉၉၇.၁၄၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

       တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၇-၂-၂၀၂၄ မှ ၂၃-၂-၂၀၂၄) တွင် ဓာတ်ဆီ (၄၁၈၆) BBL ၊ တန်ဖိုး (၀.၄၄၂) ဒေါ်လာသန်း၊ ဒီဇယ် (၇၈၆) BBL ၊ တန်ဖိုး (၀.၀၈၉) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၉၈) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၁၄၈) ဒေါ်လာသန်း၊ လယ်ထွန်စက် (၀.၀၀၉) ဒေါ်လာသန်း၊ ဆောက်လုပ်ရေး ပစ္စည်းများ (၀.၄၂၃) ဒေါ်လာသန်း၊ MIXED LPG GAS (၀.၀၁၀) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၂၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၂၈) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၀၈) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၀၈) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၀၈) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၆၅) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၅၄၈) အပါအဝင် သွင်းကုန် တန်ဖိုး (၂.၀၀၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Pages