မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့ မှ ဖေဖော်ဝါရီလ (၃)ရက်နေ့ အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့် (၁၀၀၀) တန် ၊ တန်ဖိုး (၀.၉၀၉) ဒေါ်လာသန်း အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း ၊ ငါးကြိတ်သား (၁) တန် လျှင် (၁၈၃၅) ဒေါ်လာနှုန်းဖြင့် (၉) တန် ၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းတို့အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထား ရယူ၍ မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့်ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်း ကြောင်းဖြင့် လည်းကောင်း တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၉၂၆) ဒေါ်လာသန်း တင်ပို့ခဲ့ပါ သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၃) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၄.၆) ဒေါ်လာနှုန်းဖြင့်(၁၅၀၀) တန် ၊ တန်ဖိုး (၁.၂၅၂) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၃၆၇.၄၀၉)တန်၊ (၃၁၂၆.၇၂) M2၊ (၃၀၄၅.၉၇) U၊ တန်ဖိုး (၀.၂၄၄) ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၆၅.၂၇၅)တန်၊ (၁၄၀၀) M2၊ (၁၈၉၈၀) U၊ တန်ဖိုး (၀.၅၈၉) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၀၈၅) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ် ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉.၅) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

       တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၇-၁-၂၀၂၄ မှ ၂-၂-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၈၄၅.၅) တန်၊ တန်ဖိုး (၀.၄၄၃) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၉၈) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၇) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၁၅)တန်၊ (၀.၀၅၂)ဒေါ်လာသန်း၊ ထောပတ်သီး (၅၃၅) တန်၊ တန်ဖိုး (၀.၂၉၇)ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၆၈) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၅၆) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၈၇၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၉၄) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

      တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၇-၁-၂၀၂၄ မှ ၂-၂-၂၀၂၄) တွင် ဓာတ်ဆီ (2၉၉၀) BBL ၊ တန်ဖိုး (၀.၃၀၁) ဒေါ်လာသန်း၊ ဒီဇယ် (၂၀၉၆) BBL ၊ တန်ဖိုး (၀.၂၃၆) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၉၂) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၄၃) ဒေါ်လာသန်း၊ လယ်ထွန် စက်များ (၀.၀၁၇)ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၀၀၂)ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၈၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၀၄၅) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၂၆) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း များ (၀.၀၇၈) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၁၁) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၁၇) ဒေါ်လာသန်း ၊ ဆပ်ပြာ (၀.၀၃၇) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၃၂၀) အပါအဝင် သွင်းကုန် တန်ဖိုး (၁.၉၂၇) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂-၂-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ(အခွံပါ)၊ပြောင်း၊ ငရုတ် (အစို)တင်ပို့ခဲ့ပါသည်။

            ၂-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊မြေပဲ(အခွံပါ)၊ပြောင်း၊ ငရုတ် (အစို)ဖြစ်ပါသည်။

            ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

            ၂-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ (၀.၂၀၆) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၁၂၅)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းများ(၀.၀၈၇)ဒေါ်လာသန်း၊ ဆေးဝါး (၀.၀၇၀)ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၆၀) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၅၁)ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း၊ ဘတ္ထရီ (၀.၀၃၈)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၃၄)နှင့် စက်မှုကုန်ကြမ်း (၀.၀၂၇)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၅၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၉.၅၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

            ၂-၂-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ (၁) တန်လျှင် (၄၇၆.၅၀၆)ဒေါ်လာဖြင့် ( ၆၁၀.၆၉၅) တန်၊ ( ၀.၂၉၁) ဒေါ်လာသန်း၊မြေပဲ(အခွံပါ) (၁) တန်လျှင် (၉၄၉.၆၄၉) ဒေါ်လာဖြင့် (၅၁.၅၉၈) တန်၊ (၀.၀၄၉) ဒေါ်လာသန်းနှင့်ပြောင်း(၁) တန်လျှင် (၂၅၀.၀၀၀) ‌ဒေါ်လာဖြင့် (၃၂) တန်၊ (၀.၀၀၈) ဒေါ်လာသန်း၊ ငရုတ် (အစို) (၁)တန်လျှင် (၃၇၀.၃၇၀)ဒေါ်လာဖြင့် (၈.၁၀၀)တန်၊ (၀.၀၀၃)ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၉၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၁၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂.၉၁၅) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် (၃၀-၁-၂၀၂၄) မှ (၃-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၉၂၉.၆၅၀) တန်၊ တန်ဖိုး (၀.၄၆၅) ဒေါ်လာသန်း၊ ဆန်ကွဲ (၅၃၄.၅၀) တန်၊ တန်ဖိုး (၀.၂၃၃) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၁၃.၅၀)တန်၊ တန်ဖိုး (၀.၀၄၆) စွန်တာနီ(၄.၅၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ခဲစက္ကူ(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း၊ ထောပတ်ပဲ(၃၁.၅၀)တန်၊ တန်ဖိုး(၀.၀၃၅)ဒေါ်လာသန်း၊ ပဲယင်းနီ(၆၆.၀၀)တန်၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာ သန်း၊ဖရဲသီး(၂၂၄.၀၀) တန်၊ တန်ဖိုး (၀.၀၃၂) ဒေါ်လာသန်း ၊ သီဟိုဠ်စေ့(၃၁.၈၀) တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်း၊ ကြံ(၁၂၄၅.၀၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၆၀၀.၀၀)တန်၊ တန်ဖိုး (၁.၃၇၇)ဒေါ်လာသန်း၊ သခွားမွှေး(၁၆.၀၀)တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ မြေထောက်ပဲ (၇.၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း ၊ ကော်ဖီမစ်(၉.၅၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း ၊ နှမ်း(ညို) (၁၂.၀၀) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ မြေပဲဆံ (၃၂.၀၀) တန်၊ တန်ဖိုး(၀.၀၃၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

            ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူ ပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

            ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၇၃.၄၀၀)တန်၊ တန်ဖိုး(၀.၂၀၂)ဒေါ်လာသန်း၊ ဂျပ်ဖာ(၂၁၃.၅၀)တန်၊ တန်ဖိုး(၀.၀၉၂)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး(၂၈.၁၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ တစ်ရှူး(၂၀.၁၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကုန်စုံ (၆၃၁.၆၄) တန်၊ (၂၁၉၅၇၃)U၊ (၇၀၀)PAIR၊ တန်ဖိုး (၀.၇၇၈) ဒေါ်လာသန်း၊ စက္ကူ(၃၇.၉၀)တန်၊ တန်ဖိုး(၀.၀၁၆) ဒေါ်လာသန်း၊ စတီးပစ္စည်း(၁၆.၈၀)တန်၊ (၁၀၀)U၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ ထွန်စက်(၄)U၊ တန်ဖိုး (၀.၀၃၆)ဒေါ်လာသန်း၊ စက္ကူလိပ်(၆.၅၀)တန်၊တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ PVC ပိုက်(၁၁.၈၀)တန်၊ (၀.၀၀၉)ဒေါ်လာသန်း၊ ပီနံအိတ်ခွံ(၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ကော်ဇော်လိပ်(၇.၅၀)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ ဆေး(၁၆.၀၀)တန်၊ (၅၄၃၅၂၅)U၊ တန်ဖိုး (၀.၂၂၇)ဒေါ်လာသန်း၊ ဖော့(၁.၀၀)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ ပလပ်စတစ်(၄၅.၀၀)တန်၊ တန်ဖိုး(၀.၀၂၈)ဒေါ်လာသန်း၊ မြက်ခင်းတု(၈.၀၀) တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ ကြက်အူချောင်း(၁၁.၂၂)တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ် (၁)စီးလျှင် ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

         ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၃) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၄.၂၆၇) ဒေါ်လာသန်း၊ သွင်းကုန် (၀.၅၀၅)ဒေါ်လာသန်း၊ စုစုပေါင်း(၄.၇၇၂)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၂၃.၂၇၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဖေဖော်ဝါရီလ (၃)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည် များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၃၀)ရက်မှ ဖေဖော်ဝါရီလ(၃) ရက်နေ့ အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၆)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၄၉၅၀) တန်၊ တန်ဖိုး (၅.၁၇၅) ဒေါ်လာသန်း၊ ဧည့်မထဆန် တင်ပို့မှုအနေဖြင့်တန်ချိန် (၆၂၀) တန်၊ တန်ဖိုး(၀.၃၅၀)ဒေါ်လာသန်း၊ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၁၀၀) တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှု အနေဖြင့် တန်ချိန် (၄၀၈) တန်၊ တန်ဖိုး (၀.၂၃၃)ဒေါ်လာသန်း၊ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၄၇၇) တန်၊ တန်ဖိုး (၀.၂၂၄)ဒေါ်လာသန်း နှင့်ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၅၁၄)တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

        အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊Artificial Grass ၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၉၄) တန်၊ တန်ဖိုး (၀.၁၈၃) ဒေါ်လာသန်း ၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၅၀) တန်၊ တန်ဖိုး (၀.၃၂၇) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၂၅၆) တန်၊ တန်ဖိုး (၀.၁၆၁) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

             ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Pages