NESDB မှ ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို မြှင့်တင်ခန့်မှန်း

Mon, 11/30/2015 - 12:57 -- admin_ygn

ထိုင်းနိုင်ငံ၌ မကြာသေးခင်က ချမှတ်ဆောင်ရွက်ခဲ့သည့် အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်များသည် နိုင်ငံ၏စီးပွားရေးအသက်သွေးကြောကို ဆက်ပေးခဲ့ရာ ယခုနှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်း ခန့်မှန်းချက်သည်လည်း ၂ ဒသမ ၉ ရာခိုင်နှုန်းသို့ မြင့်တက် ခဲ့ကြပါသညအမျိုးသားစီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးမှု အဖွဲ့ (NESDB) သည် နိုဝင်ဘာ ၁၆ ရက်နေ့၌ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၂ ဒသမ ၉ရာခိုင်နှုန်းရှိမည် ဟု တိုးမြှင့်ပြင်ဆင် ခန့်မှန်းလိုက်ကြောင်း၊ သြဂုတ်လ၌ ၎င်း၏စီးပွားရေးတိုးတက်မှု နှုန်းခန့်မှန်းချက်သည် ၂ ဒသမ ၇ ရာခိုင် နှုန်းမှ ၃ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ခဲ့ ကြောင်းသိရှိရပါသည်။ မျှော်လင့်ထား သည်ထက် မြင့်မားခဲ့သော ခရီးသွား  ဧည့် သည် ဝင်ရောက်မှု၊ အစိုးရ၏စီးပွားရေး လှုံ့ဆော်မှု အစီ အစဉ်များ သည် ပြည်ပ တင်ပို့မှု ကျဆင်းခြင်းနှင့်လယ်ယာစိုက်ပျိုး ရေးဆိုင်ရာ ထုတ်လုပ်မှုကျဆင်းခြင်း စသည်တို့၏ အနုတ်သဘောဆောင် သော အကျိုးသက်ရောက်မှုများကို ကာမိ စေ မည်ဟု ယူဆထားကြပါသည်။ယခုနှစ်တွင် ပြည်ပတင်ပို့မှုသည် ငါးရာခိုင်နှုန်းကျဆင်းနိုင်ပြီး ပုဂ္ဂလိကသုံး စွဲမှုနှင့်စုစုပေါင်းရင်းနှီးမြှုပ်နံှမှုသည် နှစ်ရာခိုင်နှုန်းနှင့်၄ ဒသမ ၆ရာခိုင်နှုန်း အသီး သီးမြင့်တက်နိုင်ကြောင်း (NESDB)  မှ ခန့်မှန်းထားပါသည်။လာမည့်နှစ်တွင်အစိုးရသုံးစွဲမှုနှင့် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့်တက်ခြင်း၊ စီးပွားရေးစေ့ဆော်မှု အစီအစဉ်များ၏ အပြု သဘောေ ဆာင်ေ သာ အကျိုးသက် ရောက်မှုများ၊ ကမ္ဘာ့စီးပွားရေး တဖြည်း ဖြည်းနာလန်ထူလာခြင်းစသည်တို့ ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းမြင့် တက် နိုင် သည်ဟုလည်း(NESDB) မှခန့်မှန်း ထားပါသည်။ဘတ်ငွေတန်ဖိုးကျဆင်းခြင်းသည် ပြည်ပတင်ပို့မှုတန်ဖိုး(ဘတ်ငွေကြေး ဖြင့်) မြင့်တက်ရန် အထောက်အကူဖြစ်စေနိုင် ပြီး ပြည်ပတင်ပို့ သူများအတွက် ငွေဖြစ် လွယ်မှုနှင့် ဝင်ငွေကို မြင့်တက်စေနိုင် ကြောင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ထူလာ ခြင်းနှင့်အတူလယ်ယာထွက်ကုန်ဈေး နှုန်းများ ပြန်လည်ကောင်းမွန်လာနိုင် ကြောင်း သုံးသပ်ကြပါသည်။တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက် မှု နှေးကွေးနေခြင်း၊ ယွမ်ငွေတန်ဖိုး ကျ ဆင်းနေခြင်း၊ ထိုင်းနိုင်ငံ၏ အခြားသော အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့်ပြိုင် ဘက်နိုင်ငံ များ၏ငွေကြေးတန်ဖိုးများကျ ဆင်းနေခြင်း၊ မိုးခေါင်ခြောက်သွေ့မှုှု၏ အကျိုးသက်ရောက်မှုစသည်တို့သည် စီးပွားရေး ပြန်လည် နာလန်ထူလာမှု အတွက် အဟန့်အတားများ၊ စွန့်စားရမှု များအဖြစ် ဆက်လက်တည်ရှိ နေဆဲ ဖြစ်ပါသည်။ ယခုနှစ် တတိယသုံးလပတ် တွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု တန်ဖိုး (GDP) သည် ပြီးခဲ့သည့်နှစ် အလားတူ ကာလကထက် ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရ ပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊
မြန်မာသံရုံး၊ ဗန်ကောက်မြို့

 

International Trade News

Pages