၂၀၁၆ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်နှင့်သွင်းကုန်တန်ဖိုး တိုးတက်လာမည်ဟု ခန့်မှန်း

Mon, 01/25/2016 - 06:16 -- admin_ygn

တောင်ကိုရီးယားနိုင်ငံအစိုးရ နှင့် အရေးပါသော စီးပွားရေးဆိုင်ရာအထူး အဖွဲ့များအနေဖြင့် ယခုနှစ်အတွက ပို့ကုန်တန်ဖိုးတွင် နှစ်ရာခိုင်နှုန်းနှင့်လေး ရာခိုင်နှုန်း ကြား တိုးလာနိုင်သည်ဟု ခန့်မှန်းကြသည်။ ယခင်နှစ်များက ပို့ကုန်ကျဆင်းမှုရလဒ်အဖြစ် ဆက် လက်ကျဆင်းနေဆဲဖြစ်သည့် လောင်စာ ဆီဈေးနှုန်းသည်လည်း အချိန်မရွေး ပြောင်းလဲနိုင်သည်ဟု ခန့်မှန်းကြသည်။ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွက် ပို့ကုန်တန်ဖိုးသည်အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၈၂ဘီလီယံသို့ ရောက်ရှိနိုင် မည်ဖြစ်ကြောင်း ယမန်နှစ် တန်ဖိုး ထက် ၂ ဒသမ ၁ရာခိုင်နှုန်း တိုးတက်လာကာ သွင်းကုန်တန်ဖိုးသည် ၂ ဒသမ ၆ ရာခိုင် နှုန်းတိုးတက်ကာ ၄၄ ဒသမ ၈၂ ဘီလီယံ ဒေါ်လာအထိရောက်ရှိနိုင်ကြောင်းပြော ကြား ခဲ့ပြီး ကုန်သွယ်မှုပိုငွေအဖြစ် အမေရိကန်ဒေါ်လာဘီလီယံ၉၀  ရှိနိုင် သည်ဟုပြောကြားခဲ့သည်။ကိုရီးယားစက်မှုစီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့ကလည်း အလား တူခန့်မှန်းချက်များ ထုတ်ပြန် ခဲ့သည်။ ပြည်နယ်စီးပွားရေးဆိုင်ရာ အထူးအဖွဲ့ ကလည်း ယခုနှစ်တွင် ပို့ကုန်တန်ဖိုး ၂ ဒသမ ၁ရာခိုင်နှုန်း၊ သွင်းကုန်တန်ဖိုးသုံးရာခိုင်နှုန်း တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းေြ ပာ ကြား ခဲ့သည်။ ကုန်သွယ်မှု ပိုငွေအဖြစ် အမေရိကန်ဒေါ်လာ ၈၆ ဒသမ ၁ ဘီလီယံရှိနိုင်သည်ဟုလည်း ပြောကြားခဲ့သည်။ ကိုရီးယားအပြည် ပြည်ဆိုင်ရာ ကုန်သွယ်ရေးအသင်း အေ နဖြင့် ပို့ကုန်တန်ဖိုးသည် ယခုနှစ် တွင် ၂ ဒသမ ၃ ရာခိုင်နှုန်း တိုးလာနိုင်ပြီး၊ သွင်းကုန်တန်ဖိုးသည် ၄ ဒသမ ၈ ရာခိုင်နှုန်းတိုးလာနိုင်၍ ကုန်သွယ်မှု ပိုငွေအနေဖြင့် အမေရိကန်ဒေါ် လာ ၈၃ဘီလီယံအထိရောက် ရှိနိုင်သည်ဟုခန့် မှန်းကြသည်။

ခင်မျိုးသော်၊ စီးပွားရေးသံမှူး
    မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages