အိန္ဒိယ-မြန်မာနယ်စပ်တွင် အင်အားရစ်ချ်တာစကေး ၆ ဒသမ ၇ အဆင့်ရှိသည့် အင်အားပြင်းငလျင်လှုပ်ခတ်

Wed, 01/13/2016 - 08:38 -- admin_ygn

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မဏိပူရပြည်နယ်၊အင်ဖာမြို့တွင် အင် အား ရစ်ချ်တာစကေး ၆ ဒသမ ၇အဆင့်ရှိ သည့်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး  ခုနစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူဦးရေမှာ   ထပ်မံတိုးလာနိုင်ဖွယ်ရှိ ကြောင်း NDTVသတင်းတွင် ဖော်ပြထားသည်။ငလျင်လှုပ်ခတ်မှုကြောင့် အင်ဖာ မြို့ပေါ် တွင် အပျက်အစီးများ စုပုံနေပြီး  ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း  လုပ်ဆောင်နေကြောင်း၊ ငလျင်လှုပ်ရှားမှု၏ ဗဟိုချက်သည် မြေအောက် ၅၅ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ရာ အင်ဖာမြို့မှ ပြည်သူများသည် လမ်းမများ ပေါ်သို့ ထွက်ပြေးခဲ့ကြကြောင်းဒါကာထရီဗျူး သတင်းတွင် ဖော်ပြထားသည်။ထို့ပြင် အင်ဖာဈေး အတွင်းရှိ အဆောက် အအုံများလည်း ပျက်စီးခဲ့ရပြီး စာသင်ကျောင်း များလည်း ပျက်စီးခဲ့ရကြောင်း၊ လူနေအိမ် အများ အပြားလည်းပျက်စီးခဲ့ရကြောင်းမဏိပူရ်ပြည်နယ်မှတာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။မဏိပူရမြို့၏ အကြီးဆုံးသော ဈေးကြီးဖြစ် သည့် အင်ဖာဈေးတွင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ သော်လည်း ငလျင်လှုပ်ခတ်ပြီး နောက်တစ်ရက် တွင် ဈေးကိုပုံမှန် အတိုင်းပြန်လည်ဖွင့်လှစ်ကာ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်းမဏိပူရ ပြည်နယ်အာဏာပိုင်များက ပြောကြားသည်။ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင် လျက်ရှိပြီး အိုးအိမ်များပျက်စီး  ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား ကယ်ဆယ်ရေးစခန်းများဖွင့်လှစ် ကာ ထားရှိပေးထားကြောင်းမဏိပူရပြည်နယ် ကယ်ဆယ်ရေးစခန်းတာာဝန်ခံကပြောကြားခဲ့ သည်။
''ငလျင်လှုပ်ပြီးတဲ့နောက်မှာ အပျက်အစီး တွေကြားထဲက သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေ ကို ကယ်ဆယ်ခဲ့ပါတယ်။ ပြိုကျနေတဲ့အဆောက် အအုံတွေကိုဖယ်ရှားပေးရင်းနဲ့ဒဏ်ရာရရှိ သူတွေကို ကူညီလျက်ရှိပါတယ်။ နေအိမ်ပျက်စီးသွား တဲ့သူတွေကိုလည်း ကယ်ဆယ်ရေးစခန်းမှာ ထား ရှိပါတယ်''ဟု ကယ်ဆယ်ရေးတာဝန်ခံရဲအရာ ရှိ အေကေဂျာလာဂျစ်က ပြောကြား ခဲ့သည်။
မယ်သီတာ

International Trade News

Pages