မလေးရှားနိုင်ငံရဲ့ ချေးငွေအဆင့်ကိုMoody's ကလျှော့ချသတ်မှတ်

Wed, 01/20/2016 - 06:39 -- admin_ygn

ကမ္ဘာ့ကုန်သွယ်မှုနဲ့ ဈေးကွက် အခြေအနေတွေဆိုးရွားလာတဲ့အတွကMoody's  ချေးငွေအဆင့်သတ်မှတ်ရေး အဖွဲ့ကမလေးရှားနိုင်ငံရဲ့ချေးငွေအဆင့်သတ်မှတ်ချက်ကိုPositive မှStable အဆင့်သို့လျှော့ချသတ်မှတ် လိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော် ပြထားပါတယ်။မလေးရှားအစိုးရရဲ့ငွေပး ငွေယူလက်ကျန်ရှင်းတမ်းအရ နိုင်ငံရဲ့ စီးပွားရေးအခြေခံတွေ ကို မြှင့် တင်ေ ပး နိုင်မယ့်အလားအလာတွေကို တွေ့မြင် ရတဲ့အတွက် Moody's က မလေးရှား နိုင်ငံရဲ့ကြွေးမြီအဆင့်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလကA3 အဆင့်ဖြစ်တဲ့Positive အဆင့်မှာ သတ်မှတ်ေ ပးခဲ့ပါ တယ်။   ဒါပေမဲ့  အရှေ့တောင် အာရှ ဒေသမှာတတိယအကြီးမားဆုံး စီးပွား ရေးနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက သဘာဝဓာတ်ငွေ့နဲ့ ကုန်စည်တွေ တင် ပို့နေတဲ့နိုင်ငံြ ဖစ်တဲ့အတွ က် ရေနံစိမ်း ဈေးနှုန်းကျဆင်းမှုနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေး  ကျဆင်းမှုဒဏ်ကို ခံခဲ့ရပါတယ်။မလေးရှားနိုင်ငံရဲ့ပို့ကုန်က နိုဝင်ဘာမှာ မူလခန့်မှန်းထားတဲ့နှုန်းရဲ့ ထက်ဝက်ခန့်သာြ မင့်တက်ခဲ့ပြီး စက်မှု လုပ်ငန်းမှကုန်ထုတ်လုပ်မှုကလည်း ၁၆ လအတွင်းတိုးတက်မှုအနှေးကွေးဆုံး ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ပြင်ပမှာ ဖြစ်ပျက်နေတဲ့ ပြောင်းလဲမှုတွေက လွန်ခဲ့တဲ့နှ စ်အတွင်း အစိုးရရဲ့ဝင်ငွေကို လျော့ကျစေခဲ့ပါတယ်။နိုင်ငံအတွင်းမှ မတည်ရင်းနှီးငွေ စီးထွက်မှုမြင့်မားခြင်း၊ ငွေပေးငွေယူ ရှင်းတမ်းပိုငွေပြမှုကျဆင်းလာခြင်း၊နိုင်ငံခြားဖလှယ်နှုန်းတစ်ဟုန် ထိုးကျ ဆင်းခြင်းနဲ့နိုင်ငံရဲ့အရန်ငွေကြေး ကျဆင်းခြင်းတို့ကြောင့်မလေးရှားနိုင်ငံ ရဲ့ ချေးငွေအဆင့်ကျဆင်းရခြင်းဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။မလေးရှားနိုင်ငံ ရဲ့ပြည် ပငွေပေး ငွေယူရှင်းတမ်းပိုငွေပြမှုက ၂၀၁၅ခုနှစ် ဇူလိုင်-စက်တင်ဘာ    သုံးလပတ်မှာ လွန်ခဲ့သောနှစ်နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ပါတယ်။ကြွေးမြီပြန်လည်ပြင်ဆင် မှုေ တွကို  ဆောင်ရွက်ရာမှာ တိုးတက်မှုတွေရှိနေ ပေမယ့် မလေးရှားနိုင်ငံရဲ့  အစိုးရ ေ<ကးမြီဝန် ထုပ်ဝန်ပိုးနဲ့ ေ<ကးမြီပေးဆပ်နိုင်မှုအခြေအနေတွေရဲ့တိုးတက်မှုက အကန့် အသတ် ရှိနေပါတယ်။

International Trade News

Pages