မကြာသေးမီကပြုလုပ်ခဲ့သည့် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ခြင်းဆိုင်ရာ ညှိနှိုင်းမှုများသည် အရေးကြီးသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပူးတွဲညှိနှိုင်းသူများ မှတ်သားခဲ့ကြ

Thu, 03/28/2024 - 04:57 -- wtodep

မတ်လ ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ်၏ ဒုတိယအကြိမ် အီလက်ထရောနစ် ကူး သန်းရောင်းဝယ်ခြင်းဆိုင်ရာ ညှိနှိုင်းမှုများတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ (၁၃) ကြိမ်မြောက် ဝန်ကြီး အဆင့်ညီလာခံမတိုင်မီ ဖြန့်ဝေခဲ့သော သဘောတူညီချက် (မူကြမ်း) ကို e-commerce ပူးတွဲ ညှိနှိုင်းသူ များဖြစ်သည့် ဩစတြေးလျ ၊ ဂျပန်နှင့်စင်ကာပူနိုင်ငံများက ပြန်လည်သုံးသပ်ခဲ့ပြီး အဆိုပါမူကြမ်းသည် ရှုထောင့်စုံပါဝင်ပြီး ယခုနွေဦးရာသီတွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ သြစတြေးလျ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Jeremy Green က အီလက်ထရောနစ် ငွေပေးချေမှုဆိုင်ရာ ပုဒ်မများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများ၊ လျှို့ဝှက်အမှတ် အသားအသုံးပြုသည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ကုန်စည်များ အားလုံး ကို ယခုမူကြမ်းတွင် ပထမဆုံးအကြိမ် ထည့်သွင်းထားကြောင်း၊ အဆိုပါ စာသားများ ပြဋ္ဌာန်းပုဒ်မများ တွင် ပါဝင်လာနိုင်ရေး တူညီဆန္ဒရရှိရန် ပိုမိုနီးစပ်လာပြီဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

စေ့စပ်ညှိနှိုင်းမှု သီတင်းပတ်နောက်ဆုံးနေ့တွင် ပူးတွဲညှိနှိုင်းသူများက ဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည့် အမြဲတမ်းကိုယ်စားလှယ်များအား ညှိနှိုင်းမှုများ၏ တိုးတက်မှုအခြေအနေများ၊ အနာဂတ်အစီအစဉ်များကို တင်ပြခဲ့ပါသည်။ ဂျပန်သံအမတ်ကြီး Atsuyuki Oike က စာသားများအပေါ် ဘာသာရပ်ဆိုင်ရာ ညှိနှိုင်းမှုများကို ဧပြီလတွင် နောက်ဆုံးညှိနှိုင်းကာ ရရှိလာသော မူကြမ်းကို အဖွဲ့ဝင်များ၏ ပြည်တွင်းဥပဒေများ နှင့်ကိုက်ညှိရေး၊ အကြီးအကဲနှင့် မူဝါဒချမှတ်သူများအား တင်ပြဆွေးနွေးနိုင်ရေး၊ လိုအပ်ပါက သဘောတူညီချက် အပြီးသတ်ရေးတို့အတွက် ပေးပို့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများသည် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ အပြီးသတ်နှင့် အဖွဲ့အစည်းဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ နယ်ပယ်နှင့်ကင်းလွတ်ခွင့်များ (scope and horizontal carve out) ၊ အကောက်ခွန်နှုန်းများ၊ လျှို့ဝှက်အမှတ်အသား အသုံးပြုသည့် အချက်အလက်များ ၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် အီလက်ထရောနစ် ငွေပေးချေမှုများကို ညှိနှိုင်းခဲ့ကြပါသည်။ ထို့ပြင် ဥပဒေကြောင်းအရ မွမ်းမံမှုအပိုင်းအပေါ် အမြင်များကို ဖလှယ်ခဲ့ပြီး ရပ်တန့်နေသော ဥပဒေပိုင်း ပြင်ဆင်မှုများကိုရှေ့ဆက်ရေး ဆွေးနွေးခဲ့ပါသည်။

စင်ကာပူသံအမတ်ကြီး Hung Seng Tan က နိုင်ငံစုံကုန်သွယ်မှုစနစ် ပြန်လည်အသက်ဝင်လာစေရေး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြောင်းလွယ်ပြင်လွယ်မှုကို ကျင့်သုံးရန်နှင့် အပေးအယူများကို လက်ခံရန် E-commerce ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ ပိုမို ကျယ်ပြန့်သော ရည်ရွယ်ချက်များက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့်ဆက်စပ်မှုရှိကြောင်းပြသရန် ကူညီဆောင်ရွက်ပေးရမည်ဟု ပြောကြား ခဲ့သည်။

Source: www.wto.org

International Trade News

Pages