ဗီယက်နမ်လုပ်သားများရဲ့ ယှဉ်ပြိုင်မှုစွမ်းရည် တိုးတက်မှုအတွက် အိုင်တီကအရေးပါ

Fri, 01/15/2016 - 06:32 -- admin_ygn

ဗီယက်နမ်လုပ်သားများရဲ့ ကုန်ထုတ်လုပ်နိုင်စွမ်းအားနဲ့ယှဉ်ပြိုင်နိုင်မှုစွမ်းအားကိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်မယ်ဆိုရင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများက သတင်းအချက်အလက်နဲ့ နည်းပညာ (Information and Technology-IT)ကို အသုံးချသင့်ကြောင်း ဗီယက်နမ် သိပ္ပံနဲ့ နည်းပညာအကယ်ဒမီ (Vietnamese Academy of Science and Technology) လက်အောက်ရှိ သတင်းအချက်အလက်နဲ့ နည်းပညာသိပ္ပံ ညွှန်ကြားရေးမှူး ငုယင်ထရောင်သန်း ကပြောပါတယ်။ဗီယက်နမ်နိုင်ငံရဲ့အိုင်တီအခြေခံအဆောက်အအုံကသုံးစွဲရာမှာဈေးသက်သာပြီးယှဉ်ပြိုင်နိုင်မှုစွမ်းရည်ရှိကြောင်းနဲ့စီးပွားရေးလုပ်ငန်းများ ကို လုပ်ငန်းလွယ်ကူချောမွေ့အောင်  အထောက် အကူ ပေးမှာဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက်က ဟနွိုင်းမြို့မှာ ကျင်းပတဲ့ အစည်းအဝေးမှာ သန်းကပြောပါ တယ်။အမျိုးသားအိုင်တီ အခြေခံအဆောက်အအုံက ထုတ်လွှင့်မှုလိုင်းများ  တည်ငြိမ်သလို ဈေးနှုန်းလည်း တည်ငြိမ် မှုရှိကြောင်း သူကပြောပါတယ်။အိုင်တီအပလီကေးရှင်းများက လုပ်ငန်းလုပ်ဆောင်ရာမှာ လွယ်ကူမှု ရှိစေတဲ့အပြင် ဒေသတွင်း ပေါင်းစည်းရေးလုပ်ငန်းရဲ့ ဝန်ဆောင်မှုတွေကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့ အတွက် အိုင်တီအပလီ ကေးရှင်းများကို စီးပွားရေးလုပ်ငန်းတွေ တိုးမြှင့်သုံးစွဲဖို့လိုကြောင်း ဗီယက်နမ်ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းများအသင်းမှ စီးပွားရေး လုပ်ငန်းများဆိုင်ရာ သတင်းအချက်အလက်နဲ့ နည်းပညာသိပ္ပံ ညွှန်ကြားရေး မှူး လီဗန်လွိုင်က ပြောပါတယ်။ဒုတိယအချက်က  အိုင်တီကို စီးပွားရေးလုပ်ငန်းမှာ  အသုံးမပြုရင် လုပ်ငန်းထိရောက်မှု နည်းနိုင်ကြောင်း သူကပြောပါတယ်။တတိယအချက် က ဖေ့စ်ဘုတ် သို့မဟုတ် တွစ်တာမှာ ၤညေ ဏေါန တွေ ဖွင့်ထားရင် ဖောက်သည်တွေ စိတ်ကြိုက်ဖြစ်အောင် ဆောင်ရွက်ရာမှာ အိုင်တီက အထောက်အကူပေးလိမ့်မယ်လို့ သူကပြောပါတယ်။ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုက စီးပွားရေးလုပ်ငန်းလုပ်ဆောင် ရာမှာ အရေးပါကြောင်း၊ ဖောက်သည်တွေ ထောင်သောင်းချီရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ဖောက်သည်တွေနဲ့ အဆက်အသွယ် မပြတ်အောင် အိုင်တီကသာ ကူညီနိုင်မှာဖြစ်ကြောင်း သူကပြောပါတယ်။

 

International Trade News

Pages