ဖွံ့ဖြိုးရေး စက်မှုလုပ်ငန်းသစ်များကို စင်ကာပူနိုင်ငံ ဖော်ထုတ်မည်

Fri, 01/08/2016 - 07:44 -- admin_ygn

စင်ကာပူနိုင်ငံက စီးပွားရေးလုပ်ငန်းကို ပြန်လည်ပြင် ဆင်တည်ဆောက်နေချိန်မှာ ဖွံ့ဖြိုးရေးစက် မှုလုပ်ငန်းသစ် များ ဖော်ထုတ်ရေးလုပ်ငန်းကို ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက် လျက်ရှိပြီး  အဆိုပါလုပ်ငန်းများတွင် အာကာသ  သို့မဟုတ် ဂြိုဟ်တုထုတ်လုပ်ရေးလုပ်ငန်းလည်း ပါဝင်ကြောင်း စီအင်န်အေသတင်းမှာ ဖော်ပြပါတယ်။အဆိုပါ လုပ်ငန်းမှာ ခန့်ထားတဲ့ ကျွမ်းကျင်ပညာရှင် စုစုပေါင်းမှာ ၁၀၀၀ရှိပြီး လာမယ့်ငါးနှစ်ကျော်အတွင်း နောက် ထပ်ကျွမ်းကျင်ပညာရှင် ၃၀၀ ကို ခန့်ထားဖို့ ရည်မှန်းထားကြောင်း စင်ကာပူစီးပွားရေးဖွံ့ဖြိုးမှုဘုတ် အဖွဲ့က  ပြောပါ တယ်။စင်ကာပူနိုင်ငံမှ  ထုတ်လုပ်တဲ့ ဂြိုဟ်တုခြောက်လုံးကို အာကာသအတွင်းသို့ မကြာသေးမီက အိန္ဒိယနိုင်ငံမှ လွှတ် တင်ခဲ့ပါတယ်။ လွှတ်တင်ခဲ့တဲ့ ဂြိုဟ်တုများ အနက် တစ်လုံး မှာ နန်ယန်နည်းပညာတက္ကသိုလ်က တည်ဆောက်ပေးတဲ့ VELOX-11 ဂြိုလ်တုဖြစ်ပါတယ်။ စင်ကာပူလုပ်ငန်းတစ်ခု ဖြစ်တဲ့ Addvalue ရဲ့ ဒေတာ အချက် အလက်ထပ် ဆင့်ထုတ် လွှင့်ရေး တာမင်နယ်ကိုသုံးပြီး ထုတ်လွှင့်ခြင်းဖြစ်ပါတယ်။ယခုနည်းပညာ ကို Addvalue က နှစ်နှစ်အချိန်ယူပြီး ဖန်တီးခဲ့ရခြင်းဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်း ရှိ  ဂြိုဟ်တုများနဲ့အော်ပရေတာများကို တစ်ပြိုင်နက်တည်းဆက် သွယ်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။  ဒါကြောင့် ဆက်သွယ်ချိန်ကိုလည်း တစ်နာရီခွဲလောက် လျှော့ချပေး ထားပါတယ်။ Addvalue ကို  ၁၉၉၄  ခုနှစ်မှာကြိုးမဲ့ဖုန်းနှင့် ဘလူးတုဟန်းဆက်များ ထုတ်လုပ်ရေးလုပ်ငန်းအဖြစ် စတင် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒေသတွင်းမှာ တန်ဖိုးနည်း ပစ္စည်းထုတ်လုပ်တဲ့ပြိုင်ဘက်တွေပေါ်လာပြီး နောက်ပိုင်း ၂၀၀၆ခုနှစ်မှာ ဂြိုဟ်တုဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီအဖြစ် Addvalue ကို ပြန်လည်ဆန်းစစ်ပြောင်းလဲခဲ့ပါတယ်။
ကမ္ဘာ တစ် ဝန်း မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုများနဲ့ ရင် ဆိုင်တွေ့ကြုံနေရချိန်မှာ ပြန်လည်ဆန်းသစ်ပြောင်းလဲတဲ့  စိတ်ဓာတ်နဲ့ ဆန္ဒပြင်းပြမှုက အရေးပါတဲ့လိုအပ်ချက်ဖြစ်ပါတယ်လို့ စီးပွားရေး ပညာရှင်တစ်ဦးက ပြောပါတယ်။စင်ကာပူစီးပွားရေးမူဝါဒများ ပြန်လည်လေ့လာဆန်းစစ် ရေးနဲ့ အနာဂတ် စီးပွားရေးမဟာဗျူဟာများ ချမှတ်နိုင်ရေး အတွက် အသစ် ဖွဲ့စည်း လိုက်တဲ့ အနာဂတ်စီးပွားရေးဆိုင်ရာ ကော်မတီကို တာဝန်ပေးထားပါတယ်။အာကာသလုပ်ငန်းအပြင် စီးပွားရေးဖွံ့ဖြိုးမှု ဘုတ်အဖွဲ့ က ရေးဆွဲချမှတ်ထားတဲ့ ဖွံ့ဖြိုးရေးနယ်ပယ် သစ် များမှာ မော် တော်ကား၊ သဘာဝသယံဇာတ၊ လူနေမှုဘဝထုတ်ကုန်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ လည်း ပါဝင်ပါတယ်။

 

International Trade News

Pages