ထိုင်းငွေကြေးဈေးကွက်တွင် ဘတ်ငွေတန်ဖိုး တည်ငြိမ်လာသော်လည်း စိုးရိမ်ဖွယ်ရှိနေ

Mon, 11/16/2015 - 12:38 -- admin_ygn

တရုတ်နှင့်အီးယူ၏ ငွေကြေးမူဝါဒများ ပြောင်းလဲစဉ်တွင် ဘတ်ငွေ တန်ဖိုးသည် စံချိန်တင် တည်ငြိမ်နေခဲ့ကြောင်း၊ သို့ရာတွင် ငွေကြေးဈေးကွက် အနေဖြင့် ဖွံ့ဖြိုးစနိုင်ငံများ၏ စီးပွားရေး တိုးတက်မှုနှင့်ပတ်သက်၍ စိုးရိမ် နေဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ်မှ ပြောကြားခဲ့ပါသည်။ယူရိုတန်ဖိုးသည် အောက်တိုဘာ လ  ၂၆ ရက်နေ့က တစ်ယူရိုလျှင် အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၁၃၅ ဒေါ်လာမှ ၁ ဒသမ ၁၀ ဒေါ်လာသို့ ကျဆင်း ခဲ့ပါသည်။ ငွေကြေးဈေးကွက်များသည် အောက်တိုဘာလ နှောင်းပိုင်းတွင် ကျင်းပခဲ့သော ဥရောပ ဗဟိုဘဏ(ECB)  ၏ အစည်းအဝေးကိုများစွာ စိတ်ဝင်စားခဲ့ကြပါသည်။ဥရောပဗဟိုဘဏ်မှ ၎င်းင်း၏မူဝါဒ အတိုးနှုန်းကို သုည ဒသမ ၀၅ ရာခိုင်နှုန်း မှာပင်ဆက်လက်ထားရှိပြီး လစဉ် ယူရို ၆၀ဘီလီယံ (ဘတ် ၂ ဒသမ ၃၅ ထရီလီယံခန့်) တန်ဖိုးရှိသော Asset ဝယ်ယူမှု (Asset purchase programme) ကို လာမည့် စက်တင်ဘာလအထိ သို့မဟုတ် ရည်မှန်းထား သည့် ငွေကြေး ဖောင်းပွ မှုနှု န်း နှစ်ရာခိုင်နှုန်းရောက်သည်အထိ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သို့ရာတွင်  ECBအနေဖြင့် လာမည့် ဒီဇင် ဘာလ အစည်းအဝေးတွင် ငွေကြေး မူဝါဒ၏ အကျိုးသက်ရောက်မှု ကိုအကဲ ဖြတ်သုံးသပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။တရုတ်နိုင်ငံဗဟိုဘဏ်သည် အောက်တိုဘာလ ၂၃ ရက်နေ့၌ ကျင်းပ ခဲ့သော အစည်းအဝေး၌ ထုတ်ချေးငွေနှင့်စုဆောင်းငွေ အ တွက် အတိုးနှုန်းကို သုည ဒသမ ၂၅ ရာခိုင်နှုန်းစီ လျှော့ချရန် ဆုံးဖြတ်ခဲ့ပါသည်။မကြာသေးခင်က တရုတ်၊ အိန္ဒိယ အပါအဝင် နိုင်ငံအနည်း ငယ်သာ လျှင် ၎င်းတို့၏ အတိုးနှုန်း များကို လျှော့ချခဲ့ကြောင်း၊ ထိုင်းဘတ်ငွေလဲနှုန်းသည် စီးပွားရေးနာလန်ထူလာမှုအတွက် အထောက်အကူဖြစ်နေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဗဟိုဘဏ်၏ ငွေကြေးမူဝါဒ ကော်မတီ အတွင်းရေးမှူးMr.Jaturong   က ပြောကြားခဲ့ပါသည်။အမေရိကန်ဗဟိုဘဏ်မှ ယခုနှစ် အတွင်း အတိုးနှုန်းမြင့်တက်ဖွယ် ရှိသည် ဟု ယူဆထားကြကြောင်း၊ အမေရိကန် ဗဟိုဘဏ်၏ အတိုးနှုန်း အတက်အကျ အပေါ်ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မသေချာမှုသည် ကမ္ဘာ့ ငွေကြေးဈေးကွက် မတည်ငြိမ်မှုကို ဖြစ်ပေါ်စေသောအချက် (အကြောင်း ရင်း) တစ်ခုဖြစ်ကြောင်း သိရှိ ရပါသည်။
ရီရီမွန် ၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဗန်ကောက်မြို့

 

International Trade News

Pages