တောင်ကိုရီးယား သံမဏိကုမ္ပဏီကြီးPOSCO အ‌နေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ရုန်းကန်နေရ

Mon, 01/18/2016 - 08:32 -- admin_ygn

တောင်ကိုရီးယား  နိုင်ငံ၏  သံမဏိထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သည်POSCO  ကုမ္ပဏီ နှင့် ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့်Daweoo Internationa တို့သည် ဆော်ဒီအာရေး ဗီးယား၊ အီရန် နှင့်အခြားအရှေ့အလယ် ပိုင်း နိုင်ငံဒေသများတွင် စီးပွားရေး အခြေအနေ ဆိုးရွားလာမှုကြောင့် ၎င်းင်းတို့၏  စီးပွားရေးလုပ်ငန်းများကအဆိုပါ နိုင်ငံများတွင်  ဆက်လက်ရှင် သန် ရပ်တည်ရန်  ကြိုးစားရုန်းကန် နေရ သည်။  ရေနံဈေးများကျဆင်းသည့်အပြင် ဆော်ဒီအာရေးဗီးယားနှင့် အီရန်တို့ အကြား ဆက်ဆံရေး  ပိုမိုတင်းမာလာ မှုသည်  ကမ္ဘာ့စတုတ္ထအကြီး ဆုံး သံမဏိ ကုမ္ပဏီများအတွက်  အခြေအနေပိုမို ဆိုးရွားစေခဲ့ပြီး  အဆိုပါ  သံမဏိကုမ္ပဏီ များကို အခြေအနေ  ပိုမိုကောင်းမွန် သောနိုင်ငံများသို့ ရွေးချယ်ပြောင်းရွှေ့ ရန်အတွက် ပိုမိုတွန်း အားပေးခဲ့သည်။POSCO ကုမ္ပဏီသည်  လက်ရှိ အခြေအနေတွင်  ၎င်း၏  FINEX  ဟုခေါ်သည့်  သံမဏိပြုလုပ်သည့် နည်း ပညာကိုသုံးပြီး အီရန်တွင်  ရင်းနှီးမြှုပ်နှံ ရန်ကြိုးစားလျက် ရှိ သည်။ Daewoo International ကုမ္ပဏီအနေဖြင့်   ဆော်ဒီအာရေးဗီးယားနိုင်ငံ အစိုးရနှင့် ပူးပေါင်း၍ ဖက်စပ်မော်တော်ကားစက်ရုံ  ထူထောင်ရန် ကြိုးစားလျက်ရှိသည်။ POSCO  အင် ဂျင်နီယာနှင့်  ဆောက်လုပ် ရေးလုပ်ငန်းသည်လည်း ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့်ပူးပေါင်းကာ  ဆောက်လုပ်ရေးလုပ်ငန်းစုကို တည် ထောင်ရန် စီစဉ်လျက်ရှိသည်။  သို့ သော် လည်း ယင်းစီမံကိန်းသည်ဆော်ဒီ အာရေးဗီးယားနိုင်ငံ၏ ဆိုးရွားသော စီးပွားရေး  အခြေအနေကြောင့်  စိတ် ပျက်အားလျော့လျက်ရှိသည်။ဆော်ဒီအာရေး ဗီးယား    နိုင်ငံ အစိုးရ၏ ရင်းနှီးမြှုပ်နှံ မှုရန်ပုံငွေအဖွဲ့သည် ယမန်နှစ်က    POSCOအင်ဂျင် နီယာနှင့် ဆောက်လုပ်ရေးလုပ်ငန်းမှ အစု ထည့်ဝင်ငွေ၃၈ ရာခိုင်နှုန်းဖြစ် သည့် အမေရိကန်ဒေါ်လာ တစ်ဘီလီ ယံ တန်ဖိုး ဝယ် ယူခဲ့ပြီးနောက် POSCO သည်  ၎င်းင်းအတွက်   စီးပွားရေးအခွင့် အလမ်းများကို ပိုမိုရှာဖွေလာခဲ့သည်ဟု ကိုရီးယားအဓိက  စီးပွားရေးအသင်းအဖွဲ့တစ်ခုမှ သုံးသပ်သူ တစ်ဦး က  ‌ပြော ကြားခဲ့ သည်။ သို့သော်လည်း ရေနံဈေး ကျဆင်းမှုနှင့်ပထဝီဝင်နိုင်ငံရေးဆိုင်ရာဆက်ဆံရေးတင်းမာမှုများ ပိုမို ပြင်းထန်လာသည်နှင့်အမျှ  ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာလုပ်ငန်း များ ချောေ မွ့ လိမ့်မည် မဟုတ်ဟုလည်း ဆိုသည်။ဆော်ဒီအာရေးဗီးယားသည် ရေနံစိမ်းဈေးများ ကျဆင်းမှု၏ ရိုက်ခတ် မှုအဖြစ် ဘဏ္ဍာရေးလိုငွေပြမှုကို အကြီး အကျယ်ခံစားနေရသည်။  အီရန် အနေ ဖြင်၎င်းတို့အပေါ်  အမေရိကန်နှင့် အခြားသောအနောက်နိုင်ငံများမှ နှစ်ပေါင်းများစွာချမှတ်ထားသော စီးပွား ရေးပိတ်ဆို့မှုများ    ရှိသော်ငြားလည်း မျှော်လင့်သည်ထက် တဖြည်းြ ဖည်းမြင့် တက်လာသည်။ဆော်ဒီအာရေးဗီးယားနှင့် အီရန်တို့အကြား ပြင်းထန်သည့် သဘော ထား  ကွဲလွဲမှုများကြောင့် ဖြစ်ပေါ်သည့် မတည်ငြိမ်မှုများသည် တောင်ကိုရီး ယားနိုင်ငံ POSCO  စတီးကုမ္ပဏီအတွက် စီးပွားရေးအခွင့်အလမ်းသစ်များ ရှာဖွေ ရာတွင်  များစွာ အခက်တွေ့စေခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသရှိ   လုပ်ငန်း ဆောင်ရွက်သူများ၏    အခက်အခဲများ  သက်ရောက်မှုအဖြစ်  ကမ္ဘာ့စီးပွားရေး ပတ်ဝန်းကျင်သည်လည်း ၂၀၁၆ ခုနှစ် တွင် အခြေအနေ ဆိုးရွားလာနိုင်ကြောင်းနှင့်  ၎င်းတို့  အနေဖြင့် အခြေအနေကို ဆက်လက်စောင့်ကြည့်ရ မည်ဖြစ် ကြောင်း  POSCO  ဥက္ကဋ္ဌက   ပြောကြားခဲ့သည်။ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၎င်းတို့၏   သံမဏိထုတ်လုပ်သည့် နည်းပညာအား  အီရန်တွင် ရင်းနှီးမြှုပ်နှံ မှု ပြုလုပ်မည်၊   မလုပ်မည်ကို   လက်ရှိ အခြေအနေတွင်     မဆုံးဖြတ်ရသေး ကြောင်း ပြောကြားခဲ့သည်။နှစ်စဉ်သံမဏိ တန်ချိန် တန် သန်း ၂၀၀ ခန့်ထုတ်လုပ် နိုင်မည FINEX  သံမဏိစက်ရုံ   တည်ဆောက်ရေးတွင် ကူညီဆောင်ရွက်ပေးရန်  အီရန်အစိုးရ နှင့် ဆွေးနွေးလျက်ရှိသည်။ သို့သော် လည်း ယင်း စီမံကိန်းမှာ  ကနဦး အဆင့်တွင်ပင် ရှိနေပြီး  အီရန်အပေါ်  အနောက်နိုင်ငံ များ၏   စီးပွားရေးပိတ်ဆို့မှုများလည်း အပြီးအပြတ် မဖယ်ရှားရသေးကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။FINEX  နည်းပညာ သည်  ဈေး သက်သာသည့်  သံသတ္တုရိုင်းများနှင့် ကိုကင်းမပါဝင်သည့်  ကျောက်မီးသွေး တို့ကို  ကုန်ကြမ်းများအဖြစ်  တိုက်ရိုက် အသုံးပြုနိုင်မည်ဖြစ်ပြီး  ရလဒ်များအဖြစ် လုပ်ငန်းဆောင် ရွက်မှုကုန်ကျစရိတ် သိသိသာသာ   လျော့နည်းသက်သာ စေမည့်အပြင်  လျှပ်စစ်သံရည်ကျိုသည့် လုပ်ငန်းထက်  လေထုထဲသို့ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏ  လျော့နည်း သက် သာစေမည်ဖြစ်သည်။  လက်ရှိတွင် POSCO  နှင့်  ဆော်ဒီအာရေးဗီးယား နိုင်ငံ၏   အစိုးရရင်းနှီးမြှုပ်နှံမှု   ရန်ပုံ ငွေအဖွဲ့တို့၏    ဖက်စပ်လုပ်ငန်းဆောင် ရွက်မှုမှာ   ရှေ့ဆက်လက်မတိုးသည့် အနေအထားတွင်ရှိသည်။ Daewoo International  အနေဖြင့်လည်း  မော်တော်ကားဆက်စပ်ပစ္စည်းတင်သွင်းသူများရှာဖွေရာတွင်  အခက် အခဲကြုံမှုနှင့် ဆော်ဒီအာရေးဗီး ယားနိုင်ငံနှင့်  မော် တော်ကားစက်ရုံ   ဖက်စပ်စနစ်ဆောင်ရွက်ခြင်းလုပ်ငန်းတွင်လည်း  အခက်ကြုံ လျက်ရှိသည်။
Daewoo International  က ၎င်းတို့အနေဖြင့်     ဆော်ဒီအာရေးဗီး ယားနိုင်ငံနှင့်     စာချုပ်သက်တမ်းကို အစမ်းကာလအဖြစ်   ဆောင်ရွက်လျက် ရှိပြီး  စီမံကိန်း  စတင်နိုင်ရန်  မကြာမီ လက်မှတ်ရေးထိုးနိုင်လိမ့်မည်ဟု  ပြော ကြားသည်။ သို့သော်လည်း  သုံးသပ်သူ အချို့ကမူ   စက်ရုံတည်ဆောက်မှုစီမံ ကိန်းနှင့်  မော်တော်ယာဉ်များထုတ်လုပ် နိုင်ရန်မှာမူ  အချိန်များစွာကြာဦးမည် ဖြစ်ကြောင်း  သုံးသပ်ပြောကြားကြသည်။
                      
ခင်မျိုးသော်၊ စီးပွားရေးသံမှူး
    မြန်မာသံရုံး၊ ဆိုးလ်မြို့

International Trade News

Pages