တရုတ်နိုင်ငံသို့ ဗီယက်နမ်လယ်ယာထွက်ကုန် တင်ပို့မှုတိုးမြင့်လာနိုင်သည်ဟု ခန့်မှန်း

Thu, 02/29/2024 - 04:06 -- wtodep

ဗီယက်နမ်ကြက်သားများကို တရားဝင်တင်ပို့ခွင့်ပြုသည့် စည်းမျဉ်းများအား ပြန်လည်စိစစ်ပေးရန် ယခုနှစ်အစောပိုင်းက တရုတ်၏ သဘောတူချက်အရ တရုတ်နိုင်ငံသို့ဗီယက်နမ် လယ်ယာပို့ကုန်တင်ပို့မှုသည် တိုးမြင့်လာနိုင်ကြောင်း ဗီယက်နမ်၊ စက်မှုနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုအေဂျင်စီမှ သိရှိရပါသည်။

ဗီယက်နမ်အကောက်ခွန်ဦးစီးဌာန၊ စာရင်းအင်းများအရ ပြီးခဲ့သည့်နှစ်က ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ အသားနှင့်အသားထုတ်ကုန် ပစ္စည်း တန်ချိန် ၂၂၄၅၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၁၀. ၃၅ သန်း တင်ပို့ခဲ့ပြီး ၂၀၂၂ ခုနှစ်ထက်ပမာဏ ၁၉ % နှင့် တန်ဖိုးတွင် ၃၀ .၄ % တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်မှ အများဆုံးတင်ပို့ခဲ့သည့် ၂၈ နိုင်ငံအနက် ဟောင်ကောင်၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ ပါပူဝါ နယူးဂီနီ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ပြင်သစ်နှင့်အမေရိကန်တို့သည် ထိပ်တန်းတင်သွင်းသူများ ဖြစ်ကြောင်း၊ ဗီယက်နမ်သည် ကြက်သားနှင့် စားသုံးနိုင်သော ထုတ်ကုန်များ တန်ချိန် ၄၇၇၀၊ တန် ဖိုး အမေရိကန်ဒေါ်လာ ၁၂.၀၄ သန်းကို ပြီးခဲ့သည့်နှစ်ကထက် ပမာဏအားဖြင့် ၁၃၆.၁%၊ တန်ဖိုး အားဖြင့် ၂၁၄ % တိုးမြင့်ရောင်းချခဲ့ကြောင်း၊ အဓိကဝယ်ယူသူများမှာ တရုတ်၊ ပါပူဝါနယူးဂီနီ၊ မလေးရှား၊ တောင်ကိုရီးယားနှင့်ဟောင်ကောင်တို့ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားပါသည်။

နှစ်နိုင်ငံကြား ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုးထားသည့် ငှက်သိုက်တင်ပို့မှုသဘောတူညီချက် နှင့် ၂၀၁၉ ခုနှစ်တွင် လက်မှတ်ရေးထိုး ထားသော နို့ထွက်ပစ္စည်းတင်ပို့မှု သဘောတူညီချက်တို့အရ လက်ရှိတွင်ဗီယက်နမ်နိုင်ငံသည် ငှက်သိုက်နှင့်နို့အပါအဝင် မွေးမြူရေး လုပ်ငန်းမှ ထုတ်ကုန်နှစ်ခု၏ကို   တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နေပါသည်။

Source : VnExpress International

International Trade News

Pages