တရုတ်နိုင်ငံရဲ့ ဇန်နဝါရီကုန်ထုတ်လုပ်မှုက ၂၀၁၂ ခုနှစ် နောက်ပိုင်းအနိမ့်ဆုံးနှုန်းဖြင့် တိုးတက်

Wed, 02/10/2016 - 04:51 -- admin_ygn

ဇန်နဝါရီလအတွင်းမှာတရုတ် နိုင်ငံရဲ့ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်နှုန်းကနှစ်နှစ်ခွဲကာလအတွင်း အလျင်မြန်ဆုံးနှုန်းနဲ့ကျဆင်းခဲ့ကြောင်း၊ ယခုလိုကျဆင်းမှုကဈေးကွက်ရဲ့ ကြိုတင်ခန့်မှန်းချက်နဲ့ ကိုက်ညီမှုမရှိသေးကြောင်း ဖေဖော်ဝါရီ ၁ ရက်က တရား ဝင်ထုတ်ပြန်တဲ့  စစ်တမ်းအရ သိရပါတယ်။တရားဝင်ထုတ်ပြန်တဲ့ ဝယ်ယူသူ မန်နေဂျာများ အညွှန်းကိန်း  (Purc- hasing Manager's Index-PMI) က ဇန်နဝါရီမှာ ၄၉ ဒသမ ၄ ရာခိုင်နှုန်း ရှိခဲ့တဲ့ အတွက် ယခင်လက ရှိခဲ့တဲ့ ၄၉ ဒသမ ၇ ရာခိုင်နှုန်းနဲ့နှိုင်းယှဉ်ရင်နိမ့်ကျနေတဲ့အပြင် တိုးတက်နှုန်းနဲ့ကျဆင်းမှုကိုသတ်မှတ်ထားတဲ့ ၅၀ ရာခိုင်နှုန်းအောက်ကိုကျဆင်းနေတာကိုတွေ့ရပြီး ၂၀၁၂ခုနှစ်သြဂုတ်လနောက် ပိုင်း အနိမ့် ဆုံးဖွံ့ဖြိုးမှုနှုန်းဖြစ်ခဲ့ကြောင်း ရိုက်တာသတင်းမှာဖော်ပြပါတယ်။PMI  အရစက်ရုံများရဲ့ ကုန် ထုတ်လုပ်လုပ်ငန်းကျဆင်းမှုကခြောက်လ မြောက်ဆက်တိုက်ကျဆင်းလာတာကို တွေ့ရပါတယ်။ သံမဏိနဲ့ စွမ်းအင်အပါ အဝင်အဓိ က ကျတဲ့ ကဏ္ဍတွေမှာ အလျှံပယ်ထုတ်လုပ်နေမှုနဲ့ ဈေးနှုန်းများကျဆင်းမှုဒဏ်ကိုပြင်းထန်စွာခံနေ ရတဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းရဲ့နှစ် အစတာထွက်မှာအားနည်းတဲ့လက္ခဏာတွေ ဖြစ်ပေါ်လျက်ရှိတာတွေ့ရပါတယ်။''ဇန်နဝါရီလ မှာ လျှပ်စစ်ကဏ္ဍ ထုတ်လုပ်မှုကကျဆင်းနေဆဲဖြစ်ပြီး သံမဏိထုတ်လုပ်မှုကလည်းဆက်လက် ကျဆင်းနေပါတယ်။  ဒါတွေကိုကြည့်ရင်စက်မှုကဏ္ဍတွေမှာထုတ်လုပ်မှု စွမ်းအားတွေကျဆင်းနေတာကို ပြသ လျက်ရှိနေတာကို တွေ့ရ ပါတယ်''လို့ Commerzbank  ရဲ့ စီးပွားရေးပညာရှင် ချူဟောင်က ပြောပါတယ်။

International Trade News

Pages