တရုတ်နိုင်ငံတွင် အွန်လိုင်းမှ ကျန်းမာရေးဝန်ဆောင်မှုဈေးကွက် ကျယ်ပြန့်လာ

Tue, 11/17/2015 - 13:32 -- admin_ygn

တရုတ်နိုင်ငံတွင် အွန်လိုင်းမှ  ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာဈေးကွက်သည် တစ်နှစ် ထက်တစ်နှစ်ပိုမိုတိုးတက်ကျယ် ပြန့်လျက်ရှိကြောင်း ဆင်ဟွာ သ တင်းဌာနက ရေးသားဖော်ပြထားသည်။အွန်လိုင်းအခြေပြု ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ ဈေးကွက်သည် ပြီးခဲ့သည့်နှစ်ကယွမ် ၁၀ ဒသမ ၉ ဘီလီယံသာရှိခဲ့သော်လည်း ယခုနှစ် တွင်မူ ၁၇ ဘီလီယံအထိ တိုးတက် လာခဲ့ကြောင်း၊ အဆိုပါပမာဏသည် တရုတ်နိုင်ငံတွင်အွန်လိုင်း ဈေးကွက်ကျယ်ပြန့်လာသည်ကို ပြသခြင်းပင်ဖြစ်ကြောင်း iResearch ၏ လေ့ လာ ဆန်းစစ်ချက်အရ သိရသည်။တရုတ်နိုင်ငံ၏မြို့ကြီးများဖြစ်သည့်  ပေကျင်း၊ ရှန်ဟိုင်းနှင့်Guangzhou မြို့တို့တွင် အတွေ့အကြုံရှိပြီး နာမည်ကျော်ကြား သည့်ဆရာဝန်များထံတွင် လူနာများ တန်းစီတိုးနေရသဖြင့်တရုတ် နိုင်ငံသားများသည် အွန်လိုင်းမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများကို ပိုမိုအားကိုးအားထား ပြုလာကြခြင်းဖြစ်သည်ဟု ဆိုသည်။တရုတ်နိုင်ငံ တွင် ကျန်းမာရေးဝန်ဆောင်မှုပေးရာတွင် နာမည်ကြီးကုမ္ပဏီ  များဖြစ်သည့် Spring Rain နှငKingdee  ကုမ္ပဏီတို့သညM-Health ဟု  ခေါင်းစဉ်တပ်ကာ  အွန်လိုင်း ပေါ်မှနေ၍ ကျန်းမာရေး ဆိုင်ရာဝန်ဆောင်မှုများကို လုပ်ဆောင် လျက်ရှိ သည်ဟု ဆိုသည်။''ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ တစ်နှစ်အတွင်းမှာ လူနာ ပေါင်း သန်း ၁၀၀ ကျော်လောက်ကို အွန်လိုင်းကနေ ဝန်ဆောင် မှုပေးပြီးပါပြီ။ နောက်ထပ်လက်ခံထားတဲ့သူပေါင်း ၁ ဒသမ ၃သန်း လောက်ရှိနေပါသေးတယ်။ ဒါ့အပြင်အစားထိုး လူနာဈေး ကွက်မှာလည်း လူနာပေါင်း ၂ ဒသမ ၅ သန်းကျော် လောက် ရှိ နေပါတယ်''ဟုKingdee Healthcare and Medical Software Technology Co., Ltd မှ အထွေထွေမန်နေဂျာ ချန်ဒါကင်က ပြောကြားခဲ့သည်။ထို့ပြင် အွန်လိုင်း မှ ကျန်းမာရေးဆိုင် ရာပြုစုစောင့်ရှောက်မှု လုပ်ငန်းများသည် ဝန်ဆောင်မှုကောင်းခြင်း၊ ပိုမို အဆင်ပြေခြင်း တို့ကြောင့် ဈေးကွက်တွင်ကျယ်လာပြီး ထင်ရှားကျော်ကြားသည့် လုပ်ငန်းတစ်ခုဖြစ်လာကြောင်း Spring Rain  ၏ အမှုဆောင်အရာ ရှိချုပ်ဖြစ်သူ ဇန်ရူးက ပြောကြားခဲ့သည်။          

မယ်သီတာ

International Trade News

Pages