စီးပွားရေးလုပ်ကိုင်ရာတွင် ကိုရီးယားနိုင်ငံက အလွယ်ကူဆုံးနိုင်ငံများအနက် အဆင့်(၄)တွင်ရှိ

Mon, 11/09/2015 - 12:29 -- admin_ygn

ကမ္ဘာ့ဘဏ်က  ထုတ်ပြန်သည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံအနက် စီးပွား ရေးလုပ်ငန်းများ စတင်လုပ်ကိုင်နိုင်မှု လွယ်ကူခြင်းအဆင့်   (To     do business list)  သတ်မှတ်ရာတွင် ကိုရီးယား သမ္မတ နိုင်ငံသည် အဆင့် (၄) တွင် ရပ်တည်နေ သည်။ ယင်းသို့အဆင့် သတ်မှတ်ချက်ကို ကမ္ဘာ့ဘဏ်က နှစ်စဉ် ထုတ်ပြန်သည့်‘Doing Business Report’ တွင် ဖော်ပြ ထားရှိရာ ကိုရီးယားသမ္မတနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့်  ဂျပန် နိုင်ငံတို့ကို    မကျော်နိုင်သော်လည်း ဟောင်ကောင်ကိုမူ နောက်ချန် ထားခဲ့နိုင် သည်။‘Doing Business Report’ တွင် ၂၀၁၅ ခုနှစ်အတွက် အဆင့် (၁) ရရှိ သည့်နိုင်ငံသည်  စင်ကာပူနိုင်ငံဖြစ်ပြီး၊ ယင်းနောက်တွင် နယူးဇီလန်နှင့် ဒိန်းမတ် နိုင်ငံတို့ရှိနေသည်။ကိုရီးယားသမ္မတနိုင်ငံ အား ကမ္ဘာ့ ဘဏ်၏ အစီရင်ခံစာတွင် အဆင့် (၄) ပေးထားခြင်းနှင့် ပတ်သက်၍ ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့်  နားမလည်နိုင်စရာဖြစ်ခဲ့ပါသည်။ ၎င်းင်းတို့ အဆိုအရ ကိုရီးယား သည် ကမ ္ဘာပေါ် တွင် စီးပွားရေးလုပ်ရန် အလွယ်ကူဆုံး အဆင့် (၄) ရသည့် နိုင်ငံ ဖြစ်နေပါလျှျ် နိုင်ငံ စုံကုမ္ပဏီကြီးများ   (Multinational corporations)  ဘာကြောင့် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု    မရှိပါသနည်းဆိုသည့် မေးခွန်းကြီးတစ်ခု   မေးစရာပေါ်လာနေ ပါသည်။    ကမ္ဘာ့ဘဏ်၏ ‘Doing Business Report’  ၂၀၁၅ ခုနှစ် အတွက် စာရင်းသတ်မှတ်ချက် မထုတ်ပြန် မီ ကForbes magazine  က ဖော်ပြခဲ့သည့် ကမ္ဘာပေါ်တွင်    စီးပွားရေးလုပ်ရန် အကောင်းဆုံးနိုင်ငံများ    စာရင်းအား အစဉ်လိုက်ဖော်ပြရာတွင်ကိုရီးယား သမ္မတနိုင်ငံသည် အဆင့် (၃၂) တွင် ရပ် တည်နေခဲ့ကြောင်းသိရသည်။ကမ္ဘာ့ဘဏ်က ကောက်ယူခဲ့သော  ‘Doing Business Report’  နှင့် ကမ္ဘာ့ စီးပွားရေးမဂ္ဂဇင်းဖြစ်သည့် ၤ Forbes magazine တို့က ကောက် ယူ ခဲ့ သည့် အဆင့်တို့ကွာဟလျက်ရှိနေသည်ကို တွေ့ရသည်။ကမ္ဘာ့ဘဏ်၏   Doing    business annual report  ကို  ၂၀၀၃   ခုနှစ် ကတည်းကစတင် စစ်တမ်းကောက်ယူ လာခဲ့ရာ ကိုရီး ယားသမ္မတနိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် အဆင့် (၁၆) သာရှိခဲ့ရာမှ နှစ်စဉ် အဆင့်တက်လာခဲ့ပြီး ယခုနှစ် တွင် အဆင့် (၄) ရရှိခဲ့သည်။ ကမ္ဘာ့ဘဏ် က အဆင့်သတ်မှတ်ရာတွင် စီးပွားေ ရး လုပ်ငန်းများကို လွယ်ကူလျင်မြန်စေသည့် အခြေခံအဆောက်အဦပိုင်းကိုများစွာ အကဲဖြတ်သုံးသပ်ပါသည်။ အ‌ခြေခံ အဆောက်အဦပိုင်းတွင် ဆန်းစစ်ချက် ၁၀ရပ်အနက် ‘Constructio -n permit, getting electricity, registering property and enforcing contracts’  တို့ပါဝင်နေပြီး ယင်းနယ်ပယ်များတွင် ကိုရီးယားသည် အခိုင်မာဆုံး အဆင့် ရှိနေ၍ အမှတ်များ ရေ နခြင်းဖြစ်သည်။ ကမ္ဘာ့ဘဏ်သုံးသပ်ချက်တွင် ကိုရီးယား ကော်ပိုရေးရှင်းများ တစ်စတစ်စပြိုလဲနေ ခြင်းကို ထည့်သွင်းတိုင်းတာခြင်းမပြုသလို ကော်ပိုရေးရှင်းများနှင့် လုပ်သား/ လုပ်အား တို့ ၏ ဆက်နွယ်မှုကိုလည်း သုံးသပ်အကဲဖြတ်ထားခြင်းမရှိချေ။ၤForbs   က နိုင်ငံပေါင်း ၁၂၀ ၏ ငွေဖောင်းပွမှု၊ အလုပ်လက်မဲ့ပြဿနာ၊ အခွန်အခများ၊ ကော်ပိုရိတ်များ လိုက်နာနိုင် မည့်လွယ် ကူရှင်းလင်းသည့် မူဝါဒများ၊ စီးပွားရေးအခြေအနေကို တိုင်းတာသည့် ညွှန်ကိန်းများ၊ ကျွမ်းကျင် သူများ၏ သဘောထား မှတ်ချက်များကို အထူးပြုဆန်းစစ်ပြီး၊     နိုင်ငံအလိုက် အဆင့် သတ်မှတ်ပေးခြင်း ဖြစ်သည်။ အဆိုပါညွှန်ကိန်းများသည် ကမ္ဘာ့ဘဏ် ၏ ဆန်းစစ်ချက်များတွင် ပါဝင်ခြင်းမရှိ ချေ။ ကမ္ဘာသိ အဖွဲ့အစည်း ကြီးများ၏ နိုင်ငံတွင်း စီးပွားရေးလုပ်ရန် လွယ်ကူမှု စစ်တမ်းများကို   လေ့လာကြည့်ပါက ကိုရီးယားသမ္မတနိုင်ငံသည် အဆင့်နိမ့် နေဆဲ (ူသတ ါမေိန) ဖြစ်သည်ကို တွေ့ရှိရ ပေသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဆိုးလ်မြို့

 

International Trade News

Pages