မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Tue, 12/06/2022 - 07:28 -- mocadmin

   မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၂၉-၁၁-၂၀၂၂)မှ (၃-၁၂-၂၀၂၂) ထိ CMP၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်း တင်ပို့မှုများရှိပြီး အများဆုံးပို့ကုန်ပစ္စည်းများအနေဖြင့် CMP ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ငရုတ်၊ ကော်ဖီစေ့၊ မြေပဲ၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ဆန်မှုန့်၊ အလူမီနီယံဖြတ်စတို့ဖြစ်ပါသည်။ ရေထွက်ပစ္စည်း တင်ပို့မှု သည် မဲဆောက်မှတစ်ဆင့် ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိပြီး ရေထွက်ကုန်ပစ္စည်းများ အား ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂တို့မှတဆင့် တစ်ဖက် နိုင်ငံသို့ အမြန်ရောက်ရှိရေးအတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။

   သွင်းကုန်တင်သွင်းမှုအနေဖြင့် ချည်ပိတ်လိပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ ဆိုင်ကယ်အပိုပစ္စည်းများ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ်အထည်များ၊ သစ်သီး၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ ဖိနပ်အပိုပစ္စည်းများ၊ Gas ၊ Lubricant များ၊ အိမ်သုံးပစ္စည်းများ၊ တိရိစ္ဆာန်အစာများ ၊ စက်ဘီးများ၊ စာရေးကိရိယာများ၊ ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ တင်သွင်းလျက်ရှိသည်။ Garment၊ ကြွေပြား၊ စားသောက် ကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ကြက်၊ ဝက်၊ ဘဲအရှင်များ၊ စက်မှုကုန်ကြမ်းပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ အလှကုန်ပစ္စည်းများ အများဆုံးတင်သွင်းခဲ့သည်။

   သွင်းကုန်တင်သွင်း ကုန်သည်များအနေဖြင့် နိုဝင်ဘာလဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ် ဘတ်လျှင် (၆၇)ကျပ် ထိရှိခဲ့ပြီး ယခုလဆန်းပိုင်းတွင် တစ်ဘတ်လျှင် (၈၀)ကျပ်ခန့်အထိ ဘတ်ဈေး ပြန်တက်လာသောကြောင့် ဘတ်ဈေးအတက်အကျ မတည်ငြိမ်သဖြင့် သွင်းကုန်ပစ္စည်းများကို ချိန်ဆ တင်သွင်းနေကြောင်း သတင်းရရှိသည်။

Border Trade News

Pages