မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Tue, 04/23/2024 - 04:43 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့မှ (၂၀)ရက်နေ့အတွင်း ပို့ကုန် တင်ပို့နိုင်ခြင်း မရှိပါ။ မြိတ် ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၆) ရက်နေ့မှ (၂၀)ရက်နေ့အတွင်း သွင်းကုန် လူသုံးကုန်ပစ္စည်း (၆၁) တန်၊  တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိ ကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် ( ၁၀၃.၅ ) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages