ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Fri, 04/26/2024 - 02:56 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ ဧပြီလကုန်သွယ်မှုလျာထားချက်မှာပို့ကုန်(27.420) ဒေါ်လာသန်းနှင့် သွင်းကုန်(၂.15၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (29.570) ဒေါ်လာသန်းဖြစ်ပါသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၂၂) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၃၂.၃၈၇) ဒေါ်လာသန်း၊ သွင်းကုန်(၄.၃၅၉)ဒေါ်လာသန်း၊စုစုပေါင်း(၃၆.၇၄၆)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၂၄.၂၆၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဧပြီလ(၂၂)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ပဲယင်း၊ပဲကြီး၊ ပဲနီကြား၊ မြေထောက်ပဲ၊ နိုင်လွန်ပဲ၊ထောပတ်ပဲ၊ မတ်ပဲ၊စွန်တာနီပဲ၊ ပဲလွန်း၊ပဲတီစိမ်း(အနီ)သီဟိုဌ်စေ့၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ ငရုတ်ခြောက်၊ မကျည်းသီး(အစေ့ပါ)၊ကြက်သွန်နီ၊အင်ကြင်းကျောက်၊ စကျင်ကျောက်ဆင်းတုနှင့်လောင်စာတောင့်ိိတို့တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် CMP ပစ္စည်းများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဧပြီလ(၂၁)ရက်မှ ဧပြီလ(၂၂) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၃၂၃) တန်၊ တန်ဖိုး(၁.၄၉၉) ဒေါ်လာသန်း၊သစ်သီးဝလံတင်ပို့မှုအနေဖြင့်ဖရဲသီးတန်ချိန် (၄၀၀)တန်၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊ငရုတ်သီးတန်ချိန် (၃၄) တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ငရုတ်ခြောက် တန်ချိန် (၂၄၇.၈၀၀)တန်၊ တန်ဖိုး (၀.၃၆၇) ဒေါ်လာသန်းနှင့် ကြက်သွန်နီတန်ချိန် (၃၅၄) တန်၊ တန်ဖိုး (၀.၁၃၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၁၇.၁၀၀) တန်၊ တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၆၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်းတန်ချိန် (၁၂၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်းနှင့် CMP အထည်ချုပ်ပစ္စည်းတန်ချိန် (၄၈.၉၅၈) တန်၊ တန်ဖိုး (၀.၂၄၄) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages