မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၂၃-၄-၂၀၂၃)

Tue, 04/25/2023 - 04:09 -- DotBorderdep

          ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကိုTradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြု ပေးလျက်ရှိသည်။ (၂၃-၄-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၄၀)စောင် (၁.၉၈၀)ယွမ်သန်းတန်ဖိုးရှိသည့် စက်နှင့် စက်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လိမ္မော်သီး၊ ပန်းသီးတို့ကိုခွင့်ပြုထုတ်ပေးခဲ့ပြီး၂၀၂၃ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၂၃)ရက်နေ့ထိ ပို့ကုန် လိုင်စင်(-)စောင်နှင့် သွင်းကုန်လိုင်စင် (၈၅၈)စောင်ခွင့်ပြုထုတ်ပေးခဲ့ပါသည်။ (၂၃-၄-၂၀၂၃) ရက်နေ့ တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာဝါဂွမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ငါးရှဉ့်၊ ကဏန်း၊ ပဲတီစိမ်း၊ ပဲယင်း၊ သီဟိုဠ်စေ့၊ ရေခဲငါးတို့ဖြစ်ပြီးအများဆုံးသွင်းကုန်ပစ္စည်းများမှာယာဉ်နှင့် ယာဉ်ယန္တရားများ၊ မီးစက်၊ ဆိုလာပြား၊ စတီးပိုက်၊ သွပ်လိပ်၊ ဘတ္ထရီ၊ လိမ္မော်သီး၊ ပန်းသီး၊ ကလေးကစားအရုပ်၊ ကြွေပန်း ကန်လုံး/ ကြွေပန်းကန်ပြားတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသောပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကိုတင်ပို့သူမှတောင်းခံလာပါကစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီစိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။(၂၃-၄-၂၀၂၃)ရက်နေ့တွင် Form Eထုတ်ပေး မှုမှာ(၁၆)စောင်ဖြစ်ပြီးကဏန်း (၈)စောင်၊ ပုစွန်ဖွဲ (၃)စောင်၊ ငါးရှဉ့်(၄)စောင်၊ ရေခဲငါး (၁)စောင်တို့အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ Form E (၄၀၁)စောင် ထုတ်ပေးခဲ့သည်။

          (၂၃-၄-၂၀၂၃)ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၁၀၇)စီး၊ သွင်းကုန်ယာဉ်စီးရေ (၁၁၉)စီး၊ စုစုပေါင်း (၂၂၆)စီးကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီးယခုရက်ပိုင်းတွင် ဝါဂွမ်း၊ မြေပဲ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်၊ ငါးရှဉ့်၊ ကဏန်း၊ ပဲတီစိမ်း၊ ပဲယင်း၊ သီဟိုဠ်စေ့၊ ရေခဲငါးအစရှိသည့် ပို့ကုန်ပစ္စည်းများတင်ပို့ လျက်ရှိပါသည်။(၁-၄-၂၀၂၃မှ၂၃-၄-၂၀၂၃)ရက်နေ့အထိပို့ကုန်ယာဉ်စီးရေ(၂၆၀၇)စီး၊ သွင်းကုန်ယာဉ်စီးရေ (၂၆၄၁)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့သည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေ ကြေးများဖြင့်ဆောင်ရွက်လျက်ရှိပါသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါဆောင်ရွက်ခွင့်ပြုပြီးဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကိုယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁ )တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀ )ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုး အတိုင်းတစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၏ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ် ပါကြောင်းအသိပေးအပ်သည်။

Border Trade News

Pages