ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့လျက်ရှိသော မြန်မာ့ကွမ်းသီး

Thu, 12/15/2022 - 03:47 -- mocadmin

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်

  မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ဒေသအလိုက် အဓိက စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိရာ ကွမ်းသီးစိုက်ပျိုးမှုမှာ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက်ရှိသည်။

  မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်ဈေးကွက်သို့ လယ်ယာထွက်ကုန်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်းများ တင်ပို့လျက်ရှိရာတွင် လယ်ယာထွက်ကုန်ပစ္စည်း တစ်မျိုးဖြစ်သည့် ကွမ်းသီးများအား ပြည်ပပို့ကုန်အဖြစ် မောင်တောကုန်သွယ်ရေးစခန်းမှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့သည်။

  ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) (၆) လတာ ကာလအတွင်း ကွမ်းသီးတန်ချိန် (၈၉၀.၃၄၅) တန် တင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) (၆) လ တာ ကာလအတွင်း ကွမ်းသီးတင်ပို့မှုတန်ချိန် (၁၀၆၉.၅၀၀)တန် တင်ပို့နိုင်ခဲ့သဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ကာလထက် ပိုမိုတင်ပို့ခဲ့ကြောင်း သိရှိရသည်။

  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင် (၂၇၇၈)ကျပ်၊ (၁) ဒေါ်လာလျှင် (၁၁၂) တာကာ၊ (၁) တာကာလျှင် (၂၄.၈၀) ကျပ် ဖြစ်ပေါ်လျက်ရှိ ကြောင်းသတင်းရရှိသည်။

Border Trade News

Pages