၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲအလွန်ကာလမြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခြေအနေ ဆွေးနွေးပွဲကျင်းပ

Tue, 10/13/2015 - 15:03 -- admin_ygn

         စင်ကာပူနိုင်ငံ၌အောက်တိုဘာ  ၁ ရက်နေ့တွင်  (၈) ကြိမ်မြောက် အာဆီယံ -အာရှဖိုရမ်ဆွေးနွေးပွဲကို နိုင်ငံတကာ ရေးရာစင်ကာပူသိပ္ပံဌာန (SIIA) မှစီစဉ် ကျင်းပခဲ့ရာ Gearing up to Myanmar’s 2015 General Elect -ions – What next? ဟူသောခေါင်းစဉ်ဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန်ကာလ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခြေအနေနှင့်ပတ်သက်သည့် သဘာပတိ အဖွဲ့ဆွေးနွေးပွဲ တစ်ရပ်ပါဝင်ခဲ့ပါသည်။ အ ဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် နိုင်ငံ တော်သမ္မတ၏ စီးပွားရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက် တက်ရောက်၍   အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အနော က်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကို ကာလကြာရှည်စွာကြုံတွေ့ခဲ့ရသော်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် အဆင့်ဆင့်ဆောင်ရွက်၍ ပြည်တွင်းပြည်ပမှ ရင်နှီးမြှုပ်နှံမှုများကို ခွင့်ပြုလုပ်ကိုင်စေလျက်ရှိကြောင်း၊မြန်မာနို င်ငံသို့  ပြည်ပအရင်း အနှီးများစီးဝင်မှုမှာ ယခင်ဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည် ထက်ပိုမို၍ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံကျော် ရောက်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း ကဏ္ဍပေါင်းစုံတွင် တိုးချဲ့ ဆောင်ရွက် လျက်ရှိရာ GDP တိုးတက် နှုန်းမှာ၈ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ အထူးသဖြင့် တယ်လီဖုန်းဆက်သွယ်မှု ကဏ္ဍမှာလျင်မြန်စွာ တိုးတက်လျက်ရှိပြီး နှစ်နှစ်တာကာလ အတွင်းမိုဘိုင်းဖုန်း အသုံးပြုနိုင်မှုသိပ်သည်းဆမှာ ၅၀ ရာ ခိုင် နှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရာတွင် လုပ်ကိုင်နိုင် စွမ်းရည်နိမ့်ကျမှုမှာ အဓိကစိန်ခေါ်နေ သည့် အချက်ဖြစ်ကြောင်း၊ ပြည်ပ လုပ်ငန်းရှင်များအနေဖြင့် ရေနံနှင့် သဘာဝဓါတ်ငွေ့၊ လျှပ်စစ်စွမ်းအား၊ အခြေခံတည်ဆောက်ရေးနှင့်ကုန်ထုတ် လုပ်ငန်းကဏ္ဍများ၌ အလေးပေးရင်းနှီး မြှုပ်နှံမှုများပြားကြောင်း၊ စွမ်းဆောင် ရည်မြင့်မားစေမည့် ပညာရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရန်လိုအပ် လျက် ရှိကြောင်း၊ အလားတူမြန် မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက်ကိုလည်း ယခုနှစ်ကုန်တွင် ထူထောင်မည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်နိုင်ကြောင်း၊ နိုဝင်ဘာလတွင်ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်/ တိုင်းဒေသကြီးလွှတ်တော်များ၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးရေ ၆၀ဝ၀ ကျော်ရှိပါကြောင်း၊ ရွေးကောက်ပွဲမှ မည်သည့်ရလာဒ်ထွက်ပေါ်လာသည်ဖြစ်စေ၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များမှာ ဆက်လက်ေ ဆာင်ရွက်သွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နောက်ကြောင်း ပြန်လှည့်မည့် အခြေအနေမရှိကြောင်း၊ မိမိတို့၏ဆန္ဒမှာ ကမ္ဘာ့စီးပွားရေးပတ်ဝန်းကျင်နှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်ရန် လိုလားခြင်း ဖြစ်ကြောင်း၊ ရွေးေ ကာက်ပွဲအလွန်ကာလ၌ တည်ငြိမ်မှု ရှိသောအစိုးရတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရပါကြောင်း၊  မြန်မာနိုင်ငံအနေ ဖြင့် ၂၀၃၀ ပြည့်နှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများ စာရင်းမှ လွန်မြောက် ရန်ရည်မှ န်းပြီး အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းကို ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိကာလတွင် စီးပွားရေးနှင့် အလုပ် အကိုင် အခွင့်အလမ်းများများစွာ ဖြစ်ထွန်းစေမည့် အထူးစီးပွားရေး ဇုန် သုံးခုကိုလည်း တည်ထောင်လုပ်ကိုင်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံဒေသအတွင်း တရုတ်နှင့် အိန္ဒိယနိုင်ငံတို့အကြား တည်ရှိသည့် အားလျော်စွာ ဈေးကွက်အတိုင်း အဆပမာဏမှာပြည် တွင်းရှိလူဦးရေ သန်း၅၀ ေ ကျာ် သာမကအဆိုပါဒေသများရှိစားသုံးသူဈေးကွက်သို့ပါ တိုးချဲ့နိုင်သည်အထိကြီးမား ကျယ် ပြန့်မှုရှိကြောင်း၊ သို့ပါ၍ ပြည်ပလုပ်ငန်း ရှင်များအနေဖြင့် မြန်မာနိုင်ငံရှိစီးပွားရေး လုပ်ငန်းများ၌ ဝင်ရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြ ရန် တိုက်တွန်းလိုပါ ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။
         အဆိုပါဆွေးနွေးပွဲ၌ နိုင်ငံတကာရေးရာ စင်ကာပူသိပ္ပံဌာန၏ ဥက္ကဋ္ဌ Mr. Simon Tay မှ သဘာပတိအဖြစ် ဆောင်ရွက်လျက်ဒေါက်တာ အောင်ထွန်းသက်၊ စင်ကာပူနိုင်ငံရှိ OCBC Bank ၏ နိုင်ငံတကာကူးသန်းရောင်းဝ ယ်ရေး ဘဏ်လုပ်ငန်းဌာန အကြီးအကဲ Mr. Linus Goh ၊ စင်ကာပူအခြေစိုက် RVi Institute မှ အမှုဆောင် အရာရှိချုပ် Mr. Argus Ang နှင့် ရိုးမ ဦးပိုင်လီမိတက်မှ အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun တို့က မြန်မာနိုင်ငံ၌ စီး ပွားရေးလုပ်ငန်းများလုပ်ကိုင်မှုနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းအလားအလာများကို ပါဝင်ဆွေးနွေးကြပါသည်။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အာဆီယံနိုင်ငံများနှ င့် ဂျပန်၊ တရုတ် စသည့်နိုင်ငံများ၏ ကူညီထောက်ပံ့မှုများ မှာများစွာအရေးပါကြောင်း၊ ပြောင်းလဲမှု ဖြစ်စဉ်များမှာ စီးပွားရေးလုပ်ငန်းပိုင်း အပြင် သတင်းမီဒီယာရေးသားထုတ်ဖော် ပြောဆိုခွင့်တို့ပါဝင်သည့် အမှန်ပြောင်းလဲမှုများဖြ စ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများဆောင်ရွက်ရာတွင် အခြေခံတည်ဆောက်ရေးကဏ္ဍ၌ ရေတိုရေရှည်လုပ်ငန်းလိုလားချက်များရှိနေကြောင်း၊ ပြည်ပလုပ်ငန်းရှင်များဘက်မှ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အခြေခံလိုအပ်ချက် များပြည့်စုံလုံလောက်မှုရှိရန် လိုလားနေချိန်တွင် ပြည်တွင်းလုပ်ငန်းရှင်များကလည်းအရင်းအနှီးနှင့်နည်းပညာပိုင်း၌ ယှဉ်ပြိုင်နိုင်စွမ်း နည်းပါးမှုအပေါ် စိုးရိမ်ကြောင့်ကြမှုများရှိနေကြောင်း စသည်ဖြင့် ရိုးမဦးပိုင်လီမိတက်မှ Mr. Mel - vyn Pun က ပြောဆိုပါသည်။ OCBC ဘဏ်မှ Mr. Linus Goh ကမူလက်ရှိကာလမြန်မာနိုင်ငံ၌ ပြည်ပဘဏ်လုပ်ငန်းများအနေဖြင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကိုသာ ရန်ပုံငွေကြေးပံ့ပိုးမှု လုပ်ဆောင်နိုင်ပြီး အခြားသောေ ငွကြေးဝန်ဆောင်မှုများ လုပ်ကိုင် နိုင်ရန် မျှော်လင့်လျက်ရှိနေကြကြောင်း၊ သို့ရာတွင် ကုမ္ပဏီများနှင့် သက်ဆိုင်သည့် ဥပဒေနှင့်လုပ်ထုံးလုပ် နည်းများစွာကို ထုတ်ပြန်နိုင်ရေးမှာရွေးကောက်ပွဲပြီးဆုံးသည့် ကာလတိုင်အောင် စောင့် ဆိုင်းရ ဖွယ် ရှိကြောင်းပြောကြားပါ သည်။
       RVi Institute မှ Mr. Argus Ang က ယခုကျင်းပမည့် အထွေထွေရွေး ကောက်ပွဲမှာပါတီကြီး နှစ်ခုကသာအဓိကယှဉ်ပြိုင်ရမည့် အနေအထားဖြစ်ပြီးလွတ်လပ်၍ မျှတမှုရှိရန် မျှော်လင့်ရကြောင်းပြောဆိုပါသည်။ အဆိုပါလုပ် ငန်းရှင်သုံးဦး က၂၀၁၅ခုနှစ် ရွေး ကောက်ပွဲ အလွန်ကာလ မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့သစ်မှ ပြည်တွင်းလုပ်ငန်းရှင်များအား အကာအကွယ်ပေးမှုကို ဦးစားပေးသည့် မူဝါဒများချမှတ်နိုင်ခြေရှိမရှိ ဆွေးနွေးကြပါသည်။ နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက် က မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ကုမ္ပဏီများမှတ်ပုံတင်မှု ရင်း နှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ပြုမှုတို့နှင့် ဆက်စပ်သည့် လုပ်ငန်းများကို ယခင်ကထက်ပိုမိုလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ပြည်တွင်းနှင့် ပြည်ပလုပ်ငန်း ရှင်များမှ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် အမြင်ကွဲပြားမှုမရှိစေရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံသား များ ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ ကို ပေါင်းစည်းလျက် ရင်းနှီးမြှုပ်နှံမှုဥပဒေ တစ်ရပ်တည်းကိုသာ ပြင်ဆင်ထုတ်ပြန်နိုင်ရေး မူကြမ်းရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ လက်ရှိကာလတွင် လွှတ်တော် အတည်ပြုချက် ရရှိနိုင်ရေးဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အလွန်ကာလ၌ ပြဋ္ဌာန်းနိုင်မည်ဟု မျှော်မှန်းရကြောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်မှု ရှေးရှုဆောင်ရွက်မှုရှိမည် မဟုတ်ဘဲ ၎င်းအစား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်မှုမှာ ပိုမိုအရေးပါလာမည်ြ ဖစ်ကြောင်း၊ ထို့ အပြင် ကော်ပိုရေးရှင်းများ၏ လူမှုပတ်ဝန်းကျင်ရေးရာ တာဝန်ယူဆောင်ရွက်မှု (Corporate Social Responsibility) လုပ်ငန်းစဉ်များအား ပြည်တွင်းပြည်ပလုပ်ငန်းရှင်များအားလုံးက လိုက်နာဆောင်ရွက် လာစေ ရန်မှာ အရေးကြီး ကြောင်း၊ ယခုအခါ မြန်မာနိုင်ငံအတွင်းကုမ္ပဏီလုပ်ငန်းပေါင်း ၂၀ဝ ကျော်မှ အဆိုပါ CSR လုပ်ငန်းဆောင်ရွက်မှုများကိုလုပ်ဆောင်နေပြီ ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ စင်ကာပူနိုင်ငံရှိ Singapore Institute of International Affairs (SIIA) သည် ASEAN & Asia Forum ကို ၂၀ဝ၇ ခုနှစ်မှစတင်၍ တစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ရာတွင် ဒေသတွင်းနိုင်ငံများ မှအစိုးရအရာရှိများ၊  စီးပွားရေးပညာ ရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များအားဖိတ် ကြားလျက် အာဆီယံနှင့်အာရှဒေသ အတွင်းနိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အလားအလာများကို သုံးသပ်ဆွေးနွေး လျက်ရှိပါသည်။ ယခုနှစ် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲအလွန် စီးပွားရေး အခြေအနေအပါအဝင် အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေး အခြေအနေ၊အာဆီယံ စီးပွားရေးအသိုက်အဝန်း ၂၀၁၅ နှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၌ အမေရိကန်၊တရုတ်နှင့် ဂျပန်နိုင်ငံတို့၏ အရေးပါမှုကဏ္ဍများကို ေ ဆွးနွေးခဲ့ရာ စင်ကာပူ နိုင်ငံရှိ စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းများ၊ ကုန်သွယ်ရေးရုံးများနှင့်နိုင်ငံခြားသံရုံးများမှ ပုဂ္ဂိုလ်စုစု ပေါင်း  ၃၀ဝ ကျော် တက်ရောက်ခဲ့ကြပါ သည်။

 

နေအေးလွင်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

International Trade News

Pages