“ထိုင်းဈေးကွက်တွင်ဝယ်လိုအားမြင့်မားနေသည့် မြန်မာ့ မိုးမျှော်ငရုတ်သီးများ”

Wed, 11/16/2022 - 08:41 -- DotBorderdep

          ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့

         မြန်မာနိုင်ငံမှထွက်ရှိသည့် ငရုတ်အမျိုးမျိုးအား အိမ်နီးချင်းနိုင်ငံများသို့ ခေတ်အဆက်ဆက်တွင် အများအပြားတင်ပို့ခဲ့ကြရာ ငရုတ်သီးအမျိုးမျိုးအနက် တနင်္သာရီတိုင်း မောတောင်ဒေသထွက် မိုးမျှော်ငရုတ်သီး (Hot Chilli) အမျိုးအစားငရုတ်မှာလဲ နာမည်ကျော်ကြားပြီး လူကြိုက်များသည့် အမယ်တစ်ခုဖြစ်ပါ သည်။ မောတောင်ဒေသသည် ပင်လယ်နှစ်ခုအကြားတွင် တည်ရှိသည့်အတွက် မိုးများပြီး ပူနွေးစိုစွတ် သည့်ရာသီဥတုဖြစ်သဖြင့် ငရုတ်စိုက်ပျိုးရန် အကောင်းဆုံးဒေသတွင် တစ်ခုပါဝင်ပါသည်။ ထိုင်းလူမျိုးများ ၏ ရိုးရာအစားအစာအများစုသည် အစပ်ပါဝင်သည့် အစားအစာများဖြစ်ပြီး ရိုးရာပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲ များတွင် ရိုးရာအစားအစာများကို အများဆုံးစားသုံးကြသဖြင့် ငရုတ်သီးမှာ မပါမဖြစ်အမယ်တစ်ခုဖြစ်လာ ပါသည်။

         ထိုင်းရိုးရာအစားအစာအမျိုးမျိုးကို ပြည်တွင်းစားသုံးသူများသာမက လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသားများပါ နှစ်သက်စွာစားသုံးကြသဖြင့် ငရုတ်သီး၏ ဈေးကွက်လိုအပ်ချက်မှာ မြင့်မားနေကြောင်း တွေ့ရှိရပါသည်။

        လက်ရှိ မြန်မာ့မိုးမျှော်ငရုတ်သီး၏ ပေါက်ဈေးအနေဖြင့် 1 Kg လျှင် (၂၈) ဘတ် ရရှိပြီး မောတောင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် တစ်ဖက်နိုင်ငံသို့ တစ်နေ့လျှင် Kg (800) မှ Kg (1200) ထိ တင်ပို့နေရ ကြောင်းတွေ့ရှိရပါသည်။ တနင်္သာရီဒေသကြီး မောတောင်ဒေသထွက် ငရုတ်သီးများအား တစ်ဖက်နိုင်ငံမှ (၁၂) လရာသီ တစ်နှစ်ပတ်လုံး ဝယ်ယူလျက်ရှိနေသဖြင့် ငရုတ်စိုက်တောင်သူများအနေဖြင့် ငရုတ်စိုက်ခင်း များအား တိုးချဲ့စိုက်ပျိုးတိုးမြှင့်တင်ပို့သင့်ပါကြောင်း တွေ့ရှိရပါသည်။

Border Trade News

Pages