“ဈေးကွက်လိုအပ်ချက်မြှင့်မားလာသည့် ကင်းပုစွန်”

Tue, 10/18/2022 - 06:09 -- DotBorderdep

ထိုင်းနိုင်ငံတစ်နိုင်ငံလုံးနီးပါးသည် ပင်လယ်စာကို နှစ်ခြိုက်စွာ စားသုံးကြသည့်အလျှောက် မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ကင်းပုစွန်များကိုလည်း များစွာစားသုံးကြသည်။ ထိုင်းနိုင်ငံသားများသည် ညစာ စားပွဲများ၊ ဧည်ခံပွဲများတွင် ကင်းပုစွန်များကို စားသုံးသည့်အပြင် ၊ ထိုင်းနိုင်ငံသို့ လာရောက်လည် ပတ်ကြသည့် နိုင်ငံခြားသားအများစုမှာလည်း ကင်းပုစွန်များအား နှစ်ခြိုက်စွာစားသုံးကြသဖြင့် ဈေးကွက်လိုအပ်ချက်မြှင့်မား လျက်ရှိကြောင်း သိရှိရပါသည်။

          မောတောင်နယ်စပ်ကုန်သွယ်ရေးမှတဆင့် တနင်္သာရီဒေသထွက် ကင်းပုစွန်များ တဖက်နိုင်ငံသို့ နေ့စဉ်တင်ပို့နေရပြီး လက်ရှိပေါက်စျေးအနေဖြင့် ကင်းပုစွန် 1 Kg လျှင် (၁၁၂၁.၈၅) ဘတ်ဈေးရရှိသည်။ နေ့စဉ်ကင်းပုဇွန် (၅၀၀) Kg မှ (၁၀၀၀) Kg ထိ တင်ဆောင်ထားသည့် (၄) ဘီးကားများ (၈) စီးမှ (၁၂) စီးအကြား တင်ပို့ နေရကြောင်းသိရှိရှိရသည်။

Border Trade News

Pages