၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နယ်စပ်မှတစ်ဆင့် မြန်မာ့ဆန်ဝယ်လိုအားရှိလာသည့် ဘင်္ဂလား ဒေ့ရှ်

Mon, 10/03/2022 - 04:00 -- DotBorderdep

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ  ၃ ရက်နေ့

 

မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိပါသည်။ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ် သို့ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကွမ်းသီး၊အုန်းသီးခြောက်၊ ဂျင်း(အစို)၊ ဇီးဖတ်၊ မကျည်းဖတ်၊

မန်ကျည်းစေ့၊ နနွင်းတက်၊ စစ်တုံဥ၊ ငရုတ်သီးခြောက်၊ ကြက်သွန်နီ၊ ဇီးသီးခြောက်၊ ဒညှင်းသီး စသည်တို့ကို နယ်စပ်မှတစ်ဆင့် တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါသည်။

၎င်းကုန်ပစ္စည်းများအပြင် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာ့အဓိက ပို့ကုန်ဖြစ်သည့် ဧည့်မထဆန်ဖြူ (၅% ဆန်ကွဲ)ကို  ဘင်္ဂလားဒေ့ရှ်ဘက်မှ ဝယ်လိုအားရှိလာခဲ့ပြီး တန်ချိန်စုစုပေါင်း (၉၅၀) ကို တစ်တန်လျှင် (၃၉၅) ဒေါ်လာဖြင့် စစ်တွေ၊ရွှေမင်းဂံဆိပ်ကမ်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတင်သွင်းသွားမည်ဖြစ်ကြောင်း သတင်းသိရှိရပါသည်။

Border Trade News

Pages