ြမိတ်ဒေသမှ ငါးမှုန့် ၊ ငါးအသားလွှာ ၊ ရော်ဘာနှင့် ခဲသတ္တုများ တင်ပို့လျက်ရှိ

Tue, 12/20/2022 - 06:14 -- DotBorderdep

ဒီဇင်ဘာလ ၁၉

         မြိတ်ဒေသမှ တစ်ဖက်ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ်အတွင်း အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုး ခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းမှ ပရာကျွတ်ကရီခမ်သို့ ငါးအသားလွှာ (၇.၂)တန်၊ ရေကြောင်းလမ်းမှ ရနောင်းမြို့သို့ ငါးမှုန့် (၉၄၅)တန် တင်ပို့နိုင်ခဲ့ကြောင်း သိရှိ ရသည်။ ထို့အပြင် မြိတ်ဒေသထွက် ရော်ဘာ(၆၀၄.၈၀) တန်ကိုလည်း မလေးရှားနိုင်ငံမှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ခဲသတ္တု(၁၆.၈)တန် မလေးရှားနိုင်ငံသို့ တင်ပို့နိုင် ခဲ့သည်။

Border Trade News

Pages