ြမဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Thu, 04/27/2023 - 09:57 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၃-၄-၂၀၂၃)ရက်နေ့မှ(၂၄-၄-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ပီလောပီနံ၊ ကြက်သွန်နီ၊ ငရုတ်၊ ကွမ်းသီးခြောက်နှင့် ပြောင်းတို့ ဖြစ်ပါသည်။ ရေထွက်ကုန် ပစ္စည်းများမှာ ဂုံး၊ ခရု၊ ငါးတီး၊ ပုစွန်၊ ငါးသလောက်၊ ကုလားကုတ်၊ ငါးခွေးလျှာ၊ ငါးဓားလွယ်နှင့် ငါးမြစ်ချင်းစီဖောင်းခြောက်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည် အလိပ်များ တင်ပို့လျက်ရှိသည်။  

          အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ရေထွက်ကုန်ပစ္စည်းများ၊ ပီလောပီနံ၊ ကြက်သွန်နီ၊ ပြောင်း နှင့် အခြားပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါ ထိုင်းနိုင်ငံမှခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန် လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ် များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊  စက်ဘီး၊ စာ​ရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ် အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ငါးဖမ်းကိရိယာ၊ စား သောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ အိမ်သုတ် ဆေး၊ စက်နှင့်စက်ပစ္စည်းကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းလျက်ရှိသည်။  

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ Garment ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက်ကိရိယာများ၊ အိမ်သုတ်ဆေး၊ သစ်သီး၊ လယ်ယာသုံးစက်ကိရိယာနှင့် အခြားပစ္စည်းတို့ ဖြစ် သည်။

          (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ် ပေါ်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၂.၈၅)ကျပ်သာရှိခဲ့ပြီး ယခုအပတ်တွင်(၈၂.၉၈) ကျပ်အထိ အနည်းငယ်မြင့်တက်လာသော်လည်း ပို့ကုန်နှင့်သွင်းကုန်များ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages