ြမဝတီကုန်သွယ်ရေးဇုန် ၏ ကုန်သွယ်မှုအခြေအနေ

Thu, 04/20/2023 - 06:01 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၁-၄-၂၀၂၃)ရက်နေ့မှ(၁၅-၄-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ နှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ပီလောပီနံ၊ ငရုတ်နှင့် ပြောင်းတို့ဖြစ်ပါသည်။ သင်္ကြန် ကာလဖြစ်သဖြင့် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမရှိပါကြောင်းနှင့် CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။  

          အများပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ CMP ၊ ငရုတ်၊ ပီလောပီနံနှင့် အခြား ပစ္စည်းတို့ဖြစ်ပါသည်။ ယခုအခါထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက် ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက် ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေး ဇုန်မှ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ Packing Material ၊ လူသုံးကုန်ပစ္စည်း၊ စားသောက်ကုန်၊ ကုန်ကြမ်းပစ္စည်း၊ စာ​ရေးကိရိယာ၊ ငါးဖမ်းကိရိယာ၊ အသုံးပြုပြီးစက်လှေကား၊ အားကစားပစ္စည်း၊ ယန္တရား အပိုပစ္စည်း၊ ဆေးနှင့်ဆေးပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းကိရိယာများနှင့် အခြားပစ္စည်းများ တင်သွင်းလျက် ရှိသည်။  

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ Garment ၊ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ သစ်သီး၊ စားသောက်ကုန်၊ အသုံးပြုပြီးစက်လှေကား၊ ကားအပိုပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ် ပေါ်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်သီတင်းပတ်က တစ်ဘတ်လျှင်(၈၂.၆၄)ကျပ်ထိရှိခဲ့ပြီး ယခုသီတင်းပတ် တွင်လည်း (၈၂.၆၄) ကျပ်ခန့်အထိသာရှိ၍ ဘတ်စျေးပြောင်းလဲမှုမရှိသော်လည်း နှစ်သစ်ကူးသင်္ကြန်ကာလ ဖြစ်သဖြင့် ပြည်မမှ အတက်ကားစျေးနှုန်း ကြီးမြင့်လာခြင်းနှင့် ကားငှားရန် အခက်အခဲရှိလာသဖြင့် သွင်းကုန်တင်သွင်းမှု လည်း အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages