ြမဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Fri, 05/26/2023 - 06:47 -- DotBorderdep

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၂၁-၅-၂၀၂၃) ရက်နေ့မှ (၂၂-၅-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

          လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုမှာ ပီလောပီနံ၊ ငရုတ်၊ ကြက်သွန်နီ၊ ပြောင်း၊ ကွမ်းသီးနှင့် မန်ကျည်းသီးတို့ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ပုဇွန်၊ ငါးမွှေတိုး၊ ငါးခွေးလျှာနှင့် ငါးဓားလွယ် တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ်များ တင်ပို့လျက်ရှိသည်။  

          အများဆုံးပို့ကုန်ပစ္စည်းများ တင်ပို့မှုအနေဖြင့် ပြောင်း၊ ခဲသတ္တု၊ ကြက်သွန်နီ၊ ငရုတ်၊ CMP ၊ ပီလောပီနံ၊ ရေထွက်ကုန်ပစ္စည်း၊ ကွမ်းသီး၊ မန်ကျည်းသီးနှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံမှခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာဆောင်ရွက်လာခြင်း နှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ချက်ကြောင့် ဝယ်လိုအားမြှင့်တက်နေ၍ ယခင်နှစ်ထက် ပိုမို တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ် အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာ၊ ငါးဖမ်းကိရိယာ၊ စားသောက်ကုန်၊ ဖိနပ်နှင့်ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ LPG(ဓာတ်ငွေ့ ရည်)၊ စက်ဆီ/ ချောဆီ၊ ဆေးနှင့်ဆေးပစ္စည်း၊ Packing Material၊ အိမ်သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်း ပစ္စည်း၊ အားကစားပစ္စည်း၊ ယန္တရားအပိုပစ္စည်းနှင့် အလှကုန် ပစ္စည်းတို့ တင်သွင်းလျက်ရှိသည်။  

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ Garment ၊ စက်ဆီ/ချောဆီ၊ ဆေးနှင့်ဆေးပစ္စည်း၊ ယန္တရားအပို ပစ္စည်း၊ ဓာတ်မြေဩဇာ၊ သစ်သီး၊ LPG(ဓာတ်ငွေ့ရည်)၊ စား‌သောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းနှင့် အခြားပစ္စည်းတို့ဖြစ်သည်။

          (၂၅-၃-၂၀၂၃)ရက်နေ့ နံနက်ပိုင်း လက်နက်ကိုင်သောင်းကျန်းသူများမှ မြဝတီကုန်သွယ်ရေးဇုန်အား ဝင်ရောက်စီးနင်းမီးရှို့မှု ဖြစ်ပွားခဲ့ပြီးနောက် (၂၆-၃-၂၀၂၃)ရက်နေ့မှစ၍ ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဖြစ် ပေါ်ရေး ပြန်လည်ဆောင်ရွက်လျက်ရှိသည်။

          ငွေစျေးနှုန်းအနေဖြင့် ယခင်သီတင်းပတ်က တစ်ဘတ်လျှင်(၈၄.၇၄)ကျပ်ရှိပြီး ယခုသီတင်းပတ်တွင် လည်း (၈၄.၇၄) ကျပ်သာရှိ၍ ဘတ်စျေးပြောင်းလဲမှု မရှိသော်လည်း နယ်မြေတည်ငြိမ်မှုမရှိသည့်ကာလနှင့် သင်္ကြန်ရုံးပိတ် ရက်ရှည်ကာလတို့တွင် တင်သွင်းနိုင်မှုမရှိသည့် ကုန်ပစ္စည်းများကို ယခုအခါ ပိုမိုတင်သွင်း လျက်ရှိကြောင်း သိရှိရသည်။

Border Trade News

Pages