ြမဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 12/27/2022 - 03:39 -- DotBorderdep

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု အနေဖြင့် (၁၉-၁၂-၂၀၂၂)မှ (၂၄-၁၂-၂၀၂၂)ထိ CMP ၊ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ တင်ပို့မှုများရှိပြီး လယ်ယာထွက်ကုန်ပစ္စည်းများမှ ငရုတ်၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ ဂေါ်ဖီထုပ်၊ ဆန်ကွဲ၊ မတ်ပဲ၊ ကြာဝတ်ဆံခြောက်၊ ပန်းဂေါ်ဖီ၊ ကြောင်လျှာစေ့ခြောက်၊ မြေပဲ၊ ဖရဲစေ့၊ ရော်ဘာ၊ နှမ်းတို့ကို တင်ပို့လျက်ရှိပါသည်။ ရေထွက်ကုန်ပစ္စည်း များမှ ငါးပါးနီ၊ ကျောက်ငါး၊ ငါးသလောက်၊ ငါးခွေးလျှာ၊ ငါးဓားလွယ်၊ ငါးကွင်းရှပ်၊ ကဏန်း၊ ငါးစီလုံး၊ ငါးပြေမ၊ ငါးမွှေထိုး၊ ပုစွန်၊ ကတ်ကူရံတို့ တင်ပို့ လျက်ရှိပါသည်။ CMP တင်ပို့မှုတွင် အမျိုးသားဝတ် ဘောင်းဘီတို၊ အမျိုးသမီးဝတ် ကုတ်အင်္ကျီ၊ ဂျာကင်အင်္ကျီ၊ အမျိုးသမီးဝတ် ဘောင်းဘီရှည်၊ Temperature Sensor ၊ Recovered Paper ၊ Transformer Main ၊ Green bottle Cullet၊ Foot wear shoe တို့ တင်ပို့ခဲ့ပါသည်။ အများဆုံး ပို့ကုန်ပစ္စည်း ကတော့ CMP ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ ငရုတ်၊ မြေပဲ၊ ရေထွက်၊ ရော်ဘာ၊ Aluminium Scrap ၊ ငါးပိတို့ဖြစ်သည်။

          ကိုဗစ်အလွန်ကာလတွင် ထိုင်းနိုင်ငံသို့ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ အသုံးပြုလာခြင်း၊ ဟင်းလျာများ တွင် ထည့်သွင်း ချက်ပြုတ်စားသောက်ခြင်း၊ စားသောက်ကုန်လုပ်ငန်း စားသောက်ဆိုင်များတွင် အသုံးပြုရန် လိုအပ်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ပို့ကုန်ပစ္စည်းများ ဖြစ်သည့် ကြက်သွန်နီ၊ ဆန်မှုန့်၊ ငရုတ်တို့ကို ထိုင်းနိုင်ငံမှ ဝယ်လိုအား မြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ Aluminium Scrap အား အရည်ကျို၍ ကုန်ချောများ ပြန်လည်ထုတ်လုပ်ရန်အတွက် ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

          ရေထွက်ပစ္စည်း တင်ပို့မှုသည် မဲဆောက်မှတဆင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ အချိန်မီတင်ပို့လျက်ရှိကြောင်းသိရှိရသည်။ ရေထွက်ကုန်ပစ္စည်းများအား ကုန်သွယ်မှုလမ်းကြောင်း တလျှောက်၊ ကုန်သွယ်ရေးဇုန်၊ BCF တံတား-၂ တို့မှတဆင့် တစ်ဖက်နိုင်ငံသို့ အမြန်ရောက်ရှိရေး အတွက် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိသည်။ ထိုနည်းတူ ကုန်စိမ်း ပို့ကုန်များဖြစ်ကြသည့် ကြက်သွန်နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှ အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

          ယခုရက်အတွင်း ပို့ကုန်ကားစီးရေ နေ့စဉ်ပျမ်းမျှ (၄၄-၄၅)စီးခန့် တင်ပို့လျက်ရှိသည်။ ဂျူတီယာဉ်များ၏ ကုန်ပစ္စည်း ကြေညာလွှာပါပစ္စည်း၊ ယာဉ်ပေါ်ပါပစ္စည်းနှင့် တန်ဖိုးများကိုက်ညီမှု ရှိ/မရှိကို သက်ဆိုင်ရာဌာနအနေဖြင့် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

          သွင်းကုန်တင်သွင်းမှုအနေဖြင့် ချည်ပိတ်လိပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊ ဆေးဝါးများ၊ ဆိုင်ကယ်အပိုပစ္စည်းများ ဖိနပ်များ၊ အသင့်ချုပ်ပြီး အဝတ်အထည်များ၊ သစ်သီး၊ စားသောက်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်း၊ ဖိနပ်အပိုပစ္စည်းများ၊ Gas ၊ Lubricant ၊ အိမ်သုံး ပစ္စည်းများ၊ တိရိစ္ဆာန်အစာများ ၊ စက်ဘီးများ၊ စာရေးကိရိယာများ၊ ကားအပိုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများတင်သွင်းလျက်ရှိသည်။ Garment ၊ ကြွေပြား၊ စားသောက် ကုန်ပစ္စည်း၊ အိမ်သုံးပစ္စည်း၊ တိရစ္ဆာန်အစာ၊ Paint ၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ အလှကုန်ပစ္စည်း အများဆုံး တင်သွင်းခဲ့သည်။

ယခုရက်အတွင်း သွင်းကုန်ကားစီးရေ နေ့စဉ်ပျမ်းမျှ (၁၃၆-၁၃၇)စီးခန့် တင်သွင်းလျက်ရှိ သည်။ သွင်းကုန်တင်သွင်းသည့် ကုန်သည်များအနေဖြင့် ယခုလဆန်းပိုင်းတွင် ဘတ်ဈေးသည် တစ်ဘတ်လျှင် (၇၉.၃၆)ကျပ်ထိရှိခဲ့ပြီး ယခုလကုန်ပိုင်းတွင် တစ်ဘတ်လျှင် (၈၀.၃၂) ကျပ်ခန့်အထိ ဘတ်ဈေး အနည်းငယ်ပြန်တက်လာသောကြောင့် ဘတ်ဈေး အတက်အကျ မတည်ငြိမ်သဖြင့် သွင်းကုန်ပစ္စည်းများကို ချိန်ဆတင်သွင်းနေကြောင်း သိရှိရသည်။

 

 

Border Trade News

Pages