အိန္ဒိယနိုင်ငံတွင် ပဲနီလေးနှင့်ကုလားပဲတို့နှင့်ပတ်သက်၍ပြည်ပမှတင်သွင်းသည့်မူဝါဒပြောင်းလဲနိုင်

Tue, 12/13/2022 - 06:16 -- DotBorderdep

၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ၁၃ရက်

 

အိန္ဒိယနိုင်ငံတွင် ပဲနီလေးနှင့် ကုလားပဲတို့နှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းသည့်မူဝါဒ ပြောင်းလဲနိုင် ကြောင်းကို ပြည်ပမှ ပဲနီလေးနှင့်ကုလားပဲ တင်သွင်းသူများအသင်းမှပြောကြားကြောင်းသိရသည်။ အဘယ်ကြောင့်ဆိုသော်ပဲနီလေးနှင့်ကုလားပဲတို့စိုက်ပျိုးရာသီမှာစတင်တော့မည်ဖြစ်ပြီး၊လာမည့်စိုက်ပျိုးရာသီတွင်ပဲနီလေးကို တန်ချိန်၁.၅သန်းထွက်ရှိရန် ခန့်မှန်းထားသော်လည်း ရာသီဥတုအခြေအနေမှာ လည်းကောင်းမွန်ခြင်းမရှိသေးသဖြင့်ခန့်မှန်းထားသည့်အတိုင်းထွက်ရှိရန်မှာမသေချာကြောင်း၊သို့ဖြစ်၍စျေးကွက်လိုအပ်မှုများမှာအခြေအနေပေါ်မူတည်၍ပြောင်းလဲသွားနိုင်သဖြင့်ပြည်ပမှတင်သွင်းသည့်မူဝါဒပြောင်းလဲနိုင်ဖွယ်ရှိပါကြောင်းနှင့်၂၀၂၃ခုနှစ်တွင်မတ်လအထိပဲနီလေးနှင့်ကုလားပဲတို့ကိုပြည်ပမှဝယ်ယူတင်သွင်းမှုများများပြားလာနိုင်ကြောင်းပြည်ပမှ တင်သွင်းသူများအသင်းမှ ထပ်လောင်းပြောကြား ကြောင်းသိရပါသည်။

Border Trade News

Pages