လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Wed, 07/05/2023 - 04:29 -- DotBorderdep

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်ဇွန် ၂၆ မှ ၂၇ ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ပဲတီစိမ်းတန်ချိန် (၆၆.၀၀)တန်၊ တန်ဖိုး (၀.၀၄၃)၊ နိုင်လွန်ပဲတန်ချိန် (၃၃.၀၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်းနှင့် ပြောင်းတန်ချိန် (၂၂.၀၀)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်းတို့ အများဆုံး တင်ပို့နိုင်ခဲ့သည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ပဲတီစိမ်းတစ်တန်လျှင် (၆၅၅)ဒေါ်လာ၊ နိုင်လွန်ပဲတစ်တန်လျှင် (၇၀၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၇၂)ကျပ်ရှိကြောင်းသိရှိရသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းအနေဖြင့်ပိတ်လိပ်တန်ချိန် (၉၇.၅၀)တန်၊ တန်ဖိုး (၀.၀၅၇)ဒေါ်လာသန်း၊ကုန်စုံတန်ချိန် (၇၂.၂၀)တန်၊ (၁၂၀၈)U၊  တန်ဖိုး (၀.၀၃၈) ဒေါ်လာသန်း၊ ကော်စေ့ တန်ချိန် (၃၀.၀၀)တန်၊တန်ဖိုး (၀.၀၃၀)ဒေါ်လာသန်း၊ ပီနံအိတ်တန်ချိန် (၂၇.၀၀)တန်၊ တန်ဖိုး(၀.၀၂၁) ဒေါ်လာသန်း၊ဓါတ်မြေဩဇာတန်ချိန် (၃၂.၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ပလပ်စ တစ်လိပ် တန်ချိန်(၁၆.၀၀)တန်၊တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ဂျပ်စက္ကူတန်ချိန်(၈.၀၀)တန်၊တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်း အရေအတွက် (၆)U၊တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်းတို့ အများဆုံး တင်သွင်းနိုင်ခဲ့သည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ပိတ်လိပ်တစ်တန်လျှင်(၅၉၇)ဒေါ်လာ၊ကော်စေ့ တစ်တန်လျှင် (၁၀၀၀)ဒေါ်လာ၊ပီနံအိတ်တစ်တန်လျှင်(၇၉၇)ဒေါ်လာ၊ ဓါတ်မြေဩဇာတစ်တန်လျှင် (၃၅၀)ဒေါ်လာ၊ ပလပ်စတစ်လိပ်တစ်တန်လျှင်(၇၀၀)ဒေါ်လာ၊ ဂျပ်စက္ကူတစ်တန်လျှင်(၃၅၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၈၀၀၀၀၀)ကျပ်၊ ကုန်ပွ(၅၀၀၀၀၀) ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၆၅၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော် ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) -စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း အတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေနဲ့ ၁-၆-၂၀၂၃ရက်နေ့မှာ (၁)ယွမ်လျှင် (၄၁၃) ကျပ်ဖြစ်ခဲ့ပြီး ၂၇-၆-၂၀၂၃ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၂၄)ကျပ်ထိမြန်မာကျပ် ငွေဈေးအနည်းငယ် ကျဆင်းခဲ့ကြောင်း သိရှိရသည်။

Border Trade News

Pages