လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/13/2024 - 09:08 -- bordertrade

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် (၁၀-၃-၂၀၂၄)မှ (၁၁-၃-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၃၂.၅၀၀)တန်၊ တန်ဖိုး(၀.၀၂၀)ဒေါ်လာသန်း၊ ဆန်ကွဲ (၂၀၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၈၆)ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၄) ဒေါ်လာ သန်း၊ သခွားမွှေး (၁၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း၊  ထောပတ်ပဲ (၆၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၉)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၂၈.၀၀၀) တန်၊ တန်ဖိုး (၀.၈၇၇)ဒေါ်လာသန်း၊ ဖရဲသီး (၁၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ကြံ (၁၀၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၂၉၁၂.၀၀၀)တန်၊ တန်ဖိုး (၁.၀၅၂) ဒေါ်လာသန်း၊ ပဲယင်း (၉၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၁၃၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၆)ဒေါ်လာသန်း၊ ဆီးခွဲခြမ်း(၂၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ဖရုံသီး(၁၂၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်း၊ ပဲကြီး (၃၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၃)ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာ ရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှ လွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၁၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ဂျပ်ဖာ (၃၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ကုန်စုံ(၄၉၅.၅၇)တန်၊ (၉၅၂၆၈)U၊ (၂၉၆၀၀)PAIR ၊ တန်ဖိုး (၀.၅၃၅)ဒေါ်လာသန်း၊ ထွန်စက်(၂)U၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ ဆေးပစ္စည်း (၁၇၈၆၅၀)U၊ တန်ဖိုး (၀.၀၁၆)ဒေါ်လာသန်း၊ ကော်ဇောအခင်း (၇၅၀၀)PAIR ၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း တင်သွင်း နိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၅၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၂၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၁၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် အကောက်ခွန်ရန်ကုန်  ID ဖြင့် Prime Mover Head (Only) လုပ်ငန်းသုံးယာဉ်(၁၀)စီး၊ အဖွဲ့စုံဖြင့် စစ်ဆေးပြီးတင်သွင်းခဲ့ပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း အတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Border Trade News

Pages