လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/13/2024 - 08:32 -- bordertrade

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၅-၃-၂၀၂၄) မှ (၉-၃-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၆၈.၅၀၀)တန်၊ တန်ဖိုး (၀.၀၂၉)ဒေါ်လာသန်း၊ ဆန်ကွဲ (၁၃၆.၅၀၀)တန်၊ တန်ဖိုး (၀.၀၅၉ )ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊ သခွားမွှေး (၇၅၇.၀၀၀)တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်း၊  ဆီးခွဲခြမ်း(၃၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ထောပတ်ပဲ(၃၃.၅၀၀) တန်၊ တန်ဖိုး (၀.၀၄၁)ဒေါ်လာသန်း၊ ဂျင်းခြောက် (၄.၆၅၀) တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ ပဲနီကြား (၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၆)ဒေါ်လာသန်း၊

မြေပဲဆံ (၈၉.၀၀၀) တန်၊ တန်ဖိုး (၀.၀၉၈)ဒေါ်လာသန်း၊ မြေထောက်ပဲ (၁၅၁၂.၂၀၀) တန်၊ တန်ဖိုး (၂.၀၁၃) ဒေါ်လာသန်း၊ဖရဲသီး (၂၀၆၅.၅၀၀) တန်၊တန်ဖိုး (၀.၂၉၆) ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၁၅.၂၀၀) တန်၊ တန်ဖိုး(၀.၀၇၅) ဒေါ်လာသန်း၊ ကြံ (၂၂၅.၀၀၀) တန်၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၄၄၀၀.၀၀၀)တန်၊ တန်ဖိုး (၁.၅၉၀) ဒေါ်လာသန်း၊ ပဲယင်း (၁၆၅.၀၀၀)တန်၊ တန်ဖိုး (၀.၁၀၈) ဒေါ်လာ သန်း၊ ကော်ဖီစေ့ (၃၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ ပဲလွန်းဖြူ (၂၇.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်း၊ ချဉ်ပေါင်ဖာလာ (၂၃.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၆)ဒေါ်လာသန်း၊ ဆီးဆံ (၁၁.၈၅၀) တန်၊ တန်ဖိုး (၀.၀၀၂)ဒေါ်လာသန်း၊ ဖရုံသီး(၂၉၃.၅၀၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ပဲကြီး (၆၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၆၆)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် ဆန်တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲတစ်တန် လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင်(၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင်(၄၀)ဒေါ်လာ၊ မြေထောက်ပဲ တစ်တန် လျှင် (၁၂၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင် သံ(၁၄.၆၉၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်း၊ ဂျပ်ဖာ (၃၃၄.၆၀၀) တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၂၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ကုန်စုံ(၃၁၆၅.၀၅၀)တန်၊ (၂၀၈၆၆၁)U၊(၂၀၂၆၀)PAIR၊ တန်ဖိုး (၀.၉၈၈)ဒေါ်လာသန်း၊ ချည် (၁၂.၆၀၀) တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ထွန်စက် (၂)U၊ တန်ဖိုး(၀.၀၁၈)ဒေါ်လာသန်း၊ဆန်စက် (၃)U၊ တန်ဖိုး(၀.၀၁၄)ဒေါ်လာသန်း၊ ဆေးပစ္စည်း(၁၅၆၆၆၃၀)U၊ တန်ဖိုး(၀.၂၀၆)ဒေါ်လာသန်း၊ ကော်ဇော အခင်း(၁၄.၀၀၀)တန်၊(၁၁၆၀၇)PAIR၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် အကောက်ခွန်ရန်ကုန် ID ဖြင့် Prime Mover Head (Only)လုပ်ငန်းသုံးယာဉ်(၁၀)စီး၊ အဖွဲ့စုံဖြင့် စစ်ဆေးပြီးတင်သွင်းခဲ့ပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း အတိုင်းတင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော် လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Border Trade News

Pages