လူကြိုက်များသောမြန်မာ့အိုးစုပ်ခရု

Wed, 11/02/2022 - 09:50 -- DotBorderdep

        တနင်္သာရီတိုင်းဒေသကြီး မြိတ်ဒေသမှ ထွက်ရှိသည့် အိုးစုပ်ခရုများသည် ရေထွက် ပစ္စည်းများ ထဲတွင် လူကြိုက်များသည့် အမယ်တစ်ခုဖြစ်ပါသည်။ အိုးစုပ်ခရုများကို အမျိုးမျိုးချက်ပြုတ် စားသောက် ကြပြီး တစ်ခါတရံတွင် အုန်းနို့ဖြင့် ချက်ပြုတ်၍လည်း စားသုံးကြသည်။ ထိုင်းလူမျိုးအများစုသည် ရိုးရာပွဲများ၊ ပွဲလမ်းသဘင်များတွင် ပိုမိုစားသောက်ကြပြီး ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများ၊ ကမ်းခြေတွင်လာရောက်အပန်းဖြေသည့် ပြည်သူများ၊ နိုင်ငံခြားသားများမှ လည်း နှစ်ခြိုက်စွာစားသုံးကြပါသည်။ ထို့ကြောင့် လူကြိုက်များသည့် မြန်မာနိုင်ငံမှ အိုးစုပ်ခရုအရှင်များ သည် ထိုင်းနိုင်ငံ၏ ဈေးကွက်လိုအပ်ချက်မြင့်မားလာသည့် ရေထွက်အမယ်တစ်ခု ဖြစ်လာသည်။

          မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ရှိတင်ပို့နေသည့် အိုးစုပ်ခရု၏ပေါက်ဈေးမှာ 1 kg လျှင် (၂.၅) ဘတ် ဝန်းကျင်ဈေးရရှိပြီး နေ့စဉ် အိုးစုပ်ခရု (၃၀၀) Kg မှ (၅၀၀) Kg ထိ တင်ဆောင်ထားသည့် မော်တော်ယာဉ်ငယ်များဖြင့် (၃) စီးမှ (၅) စီးအကြား တင်ပို့ နေရကြောင်း သိရှိရသည်။

Border Trade News

Pages