လိမ္မော်သီးတင်ပို့မှုအခြေအနေ

Tue, 12/20/2022 - 06:11 -- DotBorderdep

         တာချီလိတ်ဒေသမှ ထွက်ရှိသော လိမ္မော်သီးများကို ထိုင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ တင်ပို့လျက်ရှိပြီး လိမ္မော်သီးများ တင်ပို့ရာတွင် အကောက်ခွန်သက်သာခွင့်ဆိုင်ရာ Form D ဖြင့် တင်ပို့ဆောင်ရွက်လျက်ရှိသည်။ လိမ္မော်သီး (၁)ကီလိုလျှင် (၅.၁၄၄)ဘတ်ခန့်ဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင် ဘာလ (၁၈)ရက်နေ့အထိ လိမ္မော်သီး (၂၆၄) တန်၊ တန်ဖိုး (၀.၀၂၁)ဒေါ်လာသန်းခန့် တင်ပို့နိုင်ခဲ့ပြီး ကုန်သွယ်မှုလမ်းကြောင်းမှာလည်း တည်ငြိမ်ကောင်းမွန်မှုရှိသည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြင်ပငွေလဲနှုန်းမှာ မြန်မာကျပ်ငွေ (၁)သိန်းလျှင် (၁၂၃၅) ဘတ်၊ (၁)ဘတ်လျှင် မြန်မာငွေ (၈၁) ကျပ်ဝန်းကျင်ခန့် ပေါက်စျေးဖြစ်ပေါ်လျက်ရှိသည်။

Border Trade News

Pages