ရခိုင်ပြည်နယ်မှဘင်္ဂလားဒေ့ရှ်သို့ စစ်တုံဥ(ဆင်နားရွက်ပိန်းဥ)တင်ပို့မှု ဆက်တိုက်မြင့်မားလျက်ရှိ

Wed, 11/16/2022 - 08:22 -- DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့

          မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရှိသည်။

          ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းတစ်မျိုးဖြစ် သည့် စစ်တုံဥကို အောက်တိုဘာလတွင် တန်ချိန်(၃၂၁)တန် တင်ပို့နိုင်ခဲ့ပြီး၊ ယခင်လ စက်တင်ဘာ လနှင့်နှိုင်းယှဉ်ပါက တန်ချိန်(၉၀)ကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်။

          ယခုနိုဝင်ဘာလပထမအပတ် (၂၉-၁၀-၂၀၂၂)မှ (၄-၁၁-၂၀၂၂)အတွင်း တွင်လည်း စစ်တုံဥ တန်ချိန် (၁၈၀)တင်ပို့နိုင်ခဲ့ပြီး၊ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ(၁၈၉၀၀)ဝန်းကျင် (တစ်တန်လျှင် မြန်မာကျပ်ငွေ (၂၂၀၀၀၀) ခန့်ရရှိခဲ့သည်ဟု သိရပါသည်။ ယခုနိုဝင်ဘာလ ပထမအပတ်အတွင်း တင်ပို့နိုင်ခဲ့သည့် တန်ချိန်သည်ပြီးခဲ့သည့် အောက်တိုဘာလ တစ်လလုံးတင်သွင်းခဲ့သည့် တန်ချိန် ၏တစ်ဝက် ကျော်ခန့် ရှိကြောင်းသိရသည်။

Border Trade News

Pages