မြိတ်ဒေသလိုအပ်ချက်များကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်းလျက်ရှိ

Wed, 11/16/2022 - 08:35 -- DotBorderdep

        မြိတ်ဒေသသည် ထိုင်းနိုင်ငံနှင့် နယ်နမိတ်ချင်း ထိစပ်သောနယ်စပ်မြို့ မဟုတ်သော်လည်း ရှေးယခင်ကတည်းကပင် ထိုင်းနိုင်ငံနှင့် ကုန်းလမ်း၊ ရေလမ်းဖြင့် ဆက်သွယ်ကုန်သွယ်မှုပြုနိုင်သည့် မြို့ဖြစ်သည်။ မြိတ်ဒေသအတွက်လိုအပ်သော သွင်းကုန်ပစ္စည်းများကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်း လျက်ရှိရာ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလ ဒုတိယအပတ်အတွင်း ရေလုပ်ငန်းသုံး ပစ္စည်းများ ငါးဖမ်းပိုက် ကွန် (၂)တန်၊ Diesel Generator (၆)လုံး၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများဖြစ်သည့် သံချောင်း၊ သံပြား (၇)တန် နှင့် စက်သုံးဆီ (ဒီဇယ်+ဓာတ်ဆီ) (၁၃၅၀) တန် တင်သွင်းနိုင်ခဲ့သည်။ စက်သုံးဆီ ဒေသပေါက်ဈေး အနေဖြင့် ဓာတ်ဆီ တစ်လီတာ (၂၃၀၀) ကျပ်နှင့် ဒီဇယ်တစ်လီတာ ( ၂၉၀၀ ) ကျပ် ရှိကြောင်း၊ ဒေသငွေလဲနှုန်း ပေါက်ဈေး အနေဖြင့် (၁) ဘတ်လျှင် (၈၁) ကျပ်ဖြင့်ဆောင်ရွက်နေ ကြောင်း သိရှိရသည်။

Border Trade News

Pages