မြိတ်ဒေသထွက်ရေထွက်ကုန်ပစ္စည်းများ ထိုင်းနိုင်ငံသို့ တင်ပို့မှု အားကောင်းလျက်ရှိ

Wed, 11/16/2022 - 08:34 -- DotBorderdep

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့

     မြိတ်ဒေသမှ တစ်ဖက်ထိုင်းနိုင်ငံသို့  ငါးအသားလွှာ၊ ငါးမှုန့်များနှင့် မုတ်ကောင်အခွံများ  ပုံမှန် တင်ပို့လျက်ရှိပြီးနိုဝင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း အကောက်ခွန်သက်သာခွင့် ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D  အကျိုးခံစားခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းမှ ပရာကျွတ်ကရီခမ်သို့ ငါးအသားလွှာ (၃၆)တန်၊ မုတ်ခွံ (၂၅.၇၆)တန်ကိုလည်းကောင်း ၊ ရေလမ်း ကြောင်းမှ ရနောင်းမြို့သို့ ငါးမှုန့် (၉၉၀)တန်ကိုလည်းကောင်း တင်ပို့နိုင် ခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် မြိတ်ဒေသထွက် ရော်ဘာ (၆၀၄.၈) တန်ကိုလည်း မလေးရှားနိုင်ငံမှတစ်ဆင့်ဝယ်လိုအား ကောင်းသည့် တရုတ်နိုင်ငံသို့တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Border Trade News

Pages