မြိတ်ဒေသတွင်ကုန်သွယ်မှုအခြေအနေ

Fri, 06/23/2023 - 09:13 -- DotBorderdep

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ဇွန်လ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့အတွင်း ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့်  (၇.၂၀) တန်၊ တန်ဖိုး (၁၃၁၀၄.၀၀၀) ဒေါ်လာ ၊ နှင့် မုတ်ခွံ တစ်တန်လျှင် (၁၆၆.၄၈) ဒေါ်လာ နှုန်းဖြင့်  (၃၁.၀၀) တန်၊ တန်ဖိုး (၅၁၆၆၀.၈၄၀) ဒေါ်လာ၊ စုစုပေါင်းကုန်သွယ်မှုပမာဏ တန်ဖိုး (၆၄၇၆၄.၈၄) ဒေါ်လာ အား အကောက်ခွန်သက်သာ ခွင့်ဆိုင်ရာ ပင်းရင်းနိုင်ငံ သက်သေခံ လက်မှတ် Form D အကျိုး ခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင် သို့တင်ပို့လျက်ရှိပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း သုံးစွဲရန်လိုအပ်သည့် စက်သုံးဆီများအားထိုင်း နိုင်ငံမှတင်သွင်းလျက်ရှိရာဇွန်လ (၁၄) ရက်နေ့မှ (၁၉) ရက်နေ့အတွင်း ဒီဇယ်ဆီ တစ်တန်လျှင် (၇၅၉.၃၀၀) ဒေါ်လာနှုန်းဖြင့်  (၁၀၀) တန်၊ တန်ဖိုး (၇၅၉၃၀.၀၀၀) ဒေါ်လာ နှင့် ပုစွန်စာ တစ်တန်လျှင် (၁၂၀၆.၃၃၄) ဒေါ်လာနှုန်းဖြင့် (၆၀.၀၀)တန် ၊ တန်ဖိုး (၇၂၃၈၀.၀၃၀) ဒေါ်လာ ဖြင့်  စုစုပေါင်းတန်ဖိုး (၁၄၈၃၁၀.၀၃) ဒေါ်လာ တင်သွင်းနိုင်ခဲ့ ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၂၇၀) ကျပ်နှင့်ဒီဇယ်တစ်လီတာ (၂၂၇၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၈၅.၀၀) ကျပ် ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Border Trade News

Pages