မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Fri, 04/05/2024 - 03:28 -- bordertrade

      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၃၁-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ပီလောပီနံခြောက်၊ ငရုတ်ခြောက်၊ မကျည်းသီးအစေ့ပါ၊ ငါးမျိုးစုံ၊ ငရုတ်စိုတို့တင်ပို့ခဲ့ပါသည်။

       ၃၁-၃-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ပီလောပီနံခြောက်၊ ငရုတ်ခြောက်၊ မကျည်းသီးအစေ့ပါ၊ ငါးမျိုးစုံ၊ ငရုတ်စိုတို့ဖြစ်ပါသည်။

      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

      ၃၁-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၃၉၇.၉၆)ဒေါ်လာဖြင့် (၅၆၇.၉၀၀)တန်၊ (၀.၂၂၆)ဒေါ်လာသန်း၊ပီလောပီနံခြောက်(၁)တန်လျှင် (၁၄၉)ဒေါ်လာဖြင့် (၁၀၀၀.၀၀၀)တန်၊ (၀.၁၄၉)ဒေါ်လာသန်း၊ ငရုတ်ခြောက် (၁)တန်လျှင် (၁၅၁၄.၆၇)ဒေါ်လာဖြင့်(၆၃.၃၈၀)တန်၊(၀.၀၉၆)ဒေါ်လာသန်း၊မန်ကျည်းသီးအစေ့ပါ (၁)တန်လျှင် (၂၅၀)ဒေါ်လာဖြင့်(၃၂.၀၀၀)တန်၊ (၀.၀၀၈)ဒေါ်လာသန်း၊ငါးမျိုးစုံ (၁)တန်လျှင်(၁၆၅၂.၈၉)ဒေါ်လာဖြင့်၊(၃.၀၂၅)တန်၊ (၀.၀၀၅)ဒေါ်လာသန်း၊ငရုတ်စို (၁)တန်လျှင် (၂၇၇.၇၈)ဒေါ်လာဖြင့် (၇.၂၀၀)တန်၊ (၀.၀၀၂)ဒေါ်လာသန်း တို့ဖြစ်ပါသည်။

      ၃၁ - ၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာလျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့်တပ်ဆင်ရေးပစ္စည်းများ (၀.၀၉၈)ဒေါ်လာသန်း၊ ချည်ထည်များ (၀.၀၆၀)ဒေါ်လာသန်း၊ဆောက်လုပ်ရေးသုံးပစ္စည်းများ (၀.၀၈၂)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း(၀.၀၅၀)ဒေါ်လာသန်း၊အခြားစက္ကူ(၀.၀၃၅)ဒေါ်လာသန်း၊သွပ်ပြား (၀.၀၃၅)ဒေါ်လာသန်း၊ သွားတိုက်ဆေး (၀.၀၂၉)ဒေါ်လာသန်း၊ စားသောက်ကုန် (၀.၀၂၈)ဒေါ်လာသန်း၊ဆေးဝါး (၀.၀၂၆)ဒေါ်လာသန်း နှင့် သံနှင့်သံမဏိပစ္စည်း (၀.၀၂၁)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

      ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၃)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၅) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၃၂၀.၀၄၀) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၈၂၆.၄၀၃) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁၃၅.၁၃၃) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages