မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Fri, 04/05/2024 - 03:17 -- bordertrade

      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂၉-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ငရုတ်ခြောက်၊ ငရုတ်စို၊ ငါးပိ၊ ပီလောပီနံခြောက်၊ မကျည်းသီးအစေ့ပါတို့တင်ပို့ခဲ့ပါသည်။

       ၂၉-၃-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ငရုတ်ခြောက်၊ ငရုတ်စို၊ ငါးပိ၊ ပီလောပီနံခြောက်၊ မကျည်းသီးအစေ့ပါတို့ဖြစ်ပါသည်။

      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

      ၂၉-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင် (၄၉၀.၇၁၃)ဒေါ်လာဖြင့် (၂၈၉.၃၇၅)တန်၊ (၀.၁၄၂)ဒေါ်လာသန်း၊ငရုတ်ခြောက်(၁)တန်လျှင် (၁၅၄၉.၃၁၄)ဒေါ်လာဖြင့် (၃၀.၃၃၆)တန်၊ (၀.၀၄၇)ဒေါ်လာသန်း၊ ငရုတ်စို (၁)တန်လျှင် (၃၂၉.၈၆၁)ဒေါ်လာဖြင့်(၅၇.၆၀၀)တန်၊(၀.၀၁၉)ဒေါ်လာသန်း၊ငါးပိ(၁)တန်လျှင် (၁၇၀၃.၇၇၉)ဒေါ်လာဖြင့် (၅၉.၂၈၀)တန်၊ (၀.၁၀၁)ဒေါ်လာသန်း၊ ပီလောပီနံခြောက်(၁)တန်လျှင်(၁၄၆.၄၉၇)ဒေါ်လာဖြင့်၊ (၆၂၈.၀၀၀)တန်၊ (၀.၀၉၂)ဒေါ်လာသန်း၊မကျည်းသီးအစေ့ပါ (၁)တန်လျှင် (၂၅၀.၀၀၀)ဒေါ်လာဖြင့် (၃၂.၀၀၀)တန်၊ (၀.၀၀၈)ဒေါ်လာသန်း၊ တို့ဖြစ်ပါသည်။

      ၂၉ - ၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၂၂၄)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်း (၀.၂၀၂)ဒေါ်လာသန်း၊ သွားတိုက်ဆေး (၀.၁၁၈)ဒေါ်လာသန်း၊ သံနှင့်သံမဏိ(၀.၀၃၁)ဒေါ်လာသန်း၊အခြားစက္ကူများ(၀.၀၃၀)ဒေါ်လာသန်း၊သုတ်ဆေး၊ ပေါလစ်များ(၀.၀၂၂)ဒေါ်လာသန်း၊ ဖိနပ်များ (၀.၀၂၁)ဒေါ်လာသန်း၊ ဇာနှင့် ဇာထိုးထားသော အထည်အလိပ်များ (၀.၀၂၀)ဒေါ်လာသန်း၊သွပ်ပြား (၀.၀၂၀)ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၁၂)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

      ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၅) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၂၉ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၃၁၉.၀၉၂) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၈၂၄.၄၆၈) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၁၃၅.၁၃၃) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages