မြန်မာနိုင်ငံ၊ စစ်တွေမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် အမယ်သစ် ပို့ကုန် Polyester Staple Fiberတင်ပို့နိုင်ခဲ့

Mon, 10/03/2022 - 04:05 -- DotBorderdep

၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

 

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နယ်စပ်ဒေသများကို ဖွံ့ဖြိုးတိုးတက်မှုကို ကုန်သွယ်မှုဖြင့် အထောက်အကူပြုရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရခိုင်ပြည်နယ်တွင် စစ်တွေ ကုန်သွယ်ရေးစခန်း၊ မောင်တောကုန်သွယ်ရေးစခန်းများဖွင့်လှစ်ပေး၍ နယ်စပ်မှတစ်ဆင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုလုပ်ငန်များ လွယ်ကူချောမွေ့စေရေး ၊ ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးရေးနှင့် တရားမဝင် ကုန်သွယ်မှုများ ထိန်းချုပ်ပပျောက်စေရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

ပုံမှန်အားဖြင့် စစ်တွေနှင့် မောင်တော မှတစ်ဆင့် တစ်ဘက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ရေထွက်၊ လယ်ယာ ထွက်၊  သစ်တောထွက်နှင့်စက်မှုကုန်ချော (တန်ဖိုးမြှင့်)ထုတ်ကုန်များ တင်ပို့လျက်ရှိပြီး ဘင်္ဂလားဒေ့ရှ်မှ

လူသုံးကုန်ပစ္စည်းများနှင့်လုပ်ငန်းသုံးပစ္စည်းများ တင်သွင်းလျက်ရှိပါသည်။ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ် သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ တင်ပို့ရာတွင် ပုံမှန်အားဖြင့် ဇီးယိုထုပ်၊ တံမျက်စည်း(အကြမ်း)၊ ဆန်ကြာဇံ၊ လူကြီးစီးဖိနပ်၊ ချည်လုံချည်၊ ကော်ဖီမစ်၊ ကွေကာအုပ်၊ သကြားလုံး၊ နေကြာစေ့၊ သနပ်ခါးခဲ ၊ ထွန်းရွှေဝါ စသည်တို့ကိုသာတင်ပို့နိုင်ခဲ့ရာမှ ယခုနှစ် စက်တင်ဘာလအတွင်း အမယ်သစ် စက်မှုကုန်ချောပစ္စည်းတစ်ခုဖြစ်သည့် Polyester Staple Fiberကို  (၆၀၀) ကီလို တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ (၃၀၀) ဖြစ်ကြောင်းသိရသည်။

Border Trade News

Pages